ကျန်းမာရေးဆိုးရွားနေချိန်မှ လွတ်ငြိမ်းခွင့်ရခဲ့တဲ့ NLD အစိုးရ လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်ဟာ မနေ့ (အောက်တိုဘာ ၈ရက်) ညပိုင်းမှာပဲ ကွယ်လွန်သွားကြောင်း သိရပါတယ်။
မန္တလေးဆေးရုံကြီး၊ အထူးကြပ်မတ်ကုသဆောင်(ICU) မှာ ဆေးကုသမှုခံယူနေရတဲ့ ဦးဝင်းခိုင်ကို စစ်ကောင်စီက အောက်တိုဘာ ၂၉ရက်နေ့မှာ လွတ်ငြိမ်းခွင့်ပေးခဲ့ပြီး ၁၁ရက်အကြာမှာပဲ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
အခုလိုမျိုး ကျန်းမာရေးအလွန်ဆိုးရွားပြီးအသက်ရှင်ဖို့ ရာခိုင်နူန်းနည်းတဲ့အခြေအနေမျိုးတွေမှာ လွတ်ငြိမ်းခွင့်ပေးခြင်းဟာ ထောင်တွင်းဆေးဝါး အလုံအလောက်မပေးခြင်းကို ဖုံးကွယ်ဖို့ကြိုးစားနေတာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) ကပြောပါတယ်။
လွန်ခဲ့တဲ့ အောက်တိုဘာလ ၇ရက်နေ့က ကွယ်လွန်ခဲ့တဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာလည်း အလားတူ ကျန်းမာရေးအတော်လေးဆိုးရွားနေချိန်မှ စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒီလိုမျိုးနိုင်ငံရေးအကျဥ်းကျနေသူတွေကို ဆေးဝါးစောင့်ရှောက်မှု အလုံလောက်မပေးပဲ ကျန်းမာရေးဆိုးဝါးပြီး အသက်ရှင်ဖို့ခက်ခဲတဲ့ အခြေအနေမျိုးတွေမှ လွတ်ငြိမ်းခွင့်ပေးခြင်းဟာ စစ်မှန်တဲ့ သနားကရုဏာ မဟုတ်ဘူးလို့လည်းစစ်ကောင်စီကို နိုင်ငံတကာအသိုင်းဝိုင်းက ပြစ်တင်ထောက်ပြကြပါတယ်။
NLD အစိုးရလက်ထက် လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တာဝန်ယူခဲ့တဲ့ ဦးဝင်းခိုင်ဟာ အခြားသောခေါင်းဆောင်တွေနည်းတူ စစ်တပ်အာဏာသိမ်းချိန်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
ဦးဝင်းခိုင်ကို အကြမ်းဖက်စစ်ကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅နဲ့ ထောင်ဒဏ် ၂၈နှစ် မတရားချမှတ်ပြီး မန္တလေးအိုးဘိုထောင်မှာ အကျဥ်းချထားခဲ့တာလည်း ဖြစ်ပါတယ်။
ဦးဝင်းခိုင်ရဲ့ ကြွင်းကျန်ရစ်တဲ့ရုပ်အလောင်းကို ဒီနေ့မနက် ၁၁နာရီမှာ မန္တလေးဆေးရုံကြီးကတဆင့် ကြာနီကန်သုဿာန်ဆီ ပို့ဆောင် သဂြိုလ်ခဲ့တယ်လို့လည်း သိရပါတယ်၊၊
0 Shares:
You May Also Like
Read More

စစ်ကောင်စီ ယာယီအပစ်ရပ်သည့်ကာလအတိုင်း ရက် ၂၀ ကြာ အပစ်အခတ်ရပ်ဆိုင်းမည်ဟု KIO ကြေညာ၊ စစ်တပ်အနေနဲ့ ကိုယ်ကြေညာထားသည့်အတိုင်း လိုက်နာဖို့ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် သတိပေး

အကြမ်းဖက်စစ်ကောင်စီက မနေ့က ညပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ ယာယီအပစ်ရပ်ကာလ သတ်မှတ်ကြေညာချက်အတိုင်း ကချင်လွတ်လပ်ရေးအဖွဲ့ - KIO က ရက် ၂၀ ကြာ အပစ်အခတ်ရပ်ဆိုင်းထားမယ်လို့ မနေ့က ညပိုင်းမှာ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

ရွှေဘိုမြို့နယ် ပကဖ မှ သီတင်းကျွတ်လပြည့်နေ့မှာ ကျဆုံးရဲဘော် ၁၂၃ ဦးကို ရည်စူးပြီး ကောင်းမှုကုသိုလ် ပြုလုပ်ပေးခဲ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ နွေဦးတော်လှန်ရေးကာလအတွင်း စစ်အာဏာရှင်ကို ရွပ်ရွပ်ချွန်ချွန် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရတဲ့ ပကဖ ရဲဘော်တွေကို ရည်စူးပြီး ကောင်းမှုကုသိုလ် ပြုလုပ်ပေးခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဖြူး ခလရ ၅ မှ တပ်သားတစ်ဦး တော်လှန်ရေးတပ်ဖွဲ့ထံ လက်နက်နဲ့တကွ အလင်းဝင်ရောက်လာ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာ ဘေးမှာရှိတဲ့ ခြေလျင်တပ်ရင်း ၅ (ခလရ ၅) မှ တပ်သားတဦးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ၊ အမှတ် (၂) စစ်ဒေသ တောင်ပိုင်းတိုင်း၊ ၃၅၀၃ တပ်ရင်းထံမှ သိရပါတယ်။ အလင်းဝင်ရောက်လာသူမှာ အသက် ၃၃ နှစ်အရွယ်ဖြစ်ပြီး မန္တလေးတိုင်းထဲကနေ ပြည်သူ့စစ်မှုထမ်းတပ်အဖြစ် စစ်တပ်ထဲကို ရောက်လာသူ ဖြစ်တယ်လို့ သိရပါတယ်။
Read More

ဂန့်ဂေါတွင် ရပ်ကျေးပအဖ တာဝန်ခံ ၁ ဦး စစ်ကောင်စီနှင့် ပူးပေါင်းသွားပြီး အရပ်သားနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ ဖမ်းဆီးခံရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ တော်လှန်ရေးရန်ပုံငွေတွေကို အလွဲသုံးစားလုပ်ပြီး အကြမ်းဖက် စစ်ကောင်စီနဲ့ ပူးပေါင်းသွားတဲ့ ရပ်ကျေးပအဖ တာဝန်ခံကြောင့် အရပ်သားနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ ဖမ်းဆီးခံထားရကြောင်း ယောအလင်းတန်းအဖွဲ့ဝင် နွေဦးအလင်းရောင်က မောင်းကို ပြောပါတယ်။
Read More

NUG အလုပ်သမားဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာန ၂ ခု၏ ဒုဝန်ကြီး မြေပြင်ကွင်းဆင်း တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အလုပ်သမားဝန်ကြီးဌာနနဲ့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနတို့ရဲ့ ဒုဝန်ကြီးအဖြစ် ပူးတွဲတာဝန်ယူထားတဲ့ ဦးကျော်နီ မြေပြင်ကွင်းဆင်းပြီး အစိုးရအဖွဲ့ဝင်တွေ၊ တိုင်းရင်းသား တော်လှန်ရေးခေါင်းဆောင်တွေနဲ့ ပြည်သူတွေကို တွေ့ဆုံခဲ့တယ်လို့ NUG ရဲ့ သတင်းပြန်ကြားရေးမီဒီယာက ဩဂုတ် ၄ ရက် မနေ့က သတင်းဖော်ပြထားပါတယ်။
Read More

မင်းကွန်းတွင် အကြမ်းဖက်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ခလရ (၁၁၆) မှ ဗိုလ်ကြီး မင်းထွန်းစိုးအပါ ၅ ဦး သေ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတိုက်နယ်မှာ အရပ်သားတွေကို ဖမ်းဆီးစစ်ဆေးနေတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်ရာ ခလရ (၁၁၆)က ဗိုလ်ကြီးမင်းထွန်းစိုးအပါအဝင် စစ်သား ၅ယောက်သေဆုံးပြီး လက်နက်ခဲယမ်းတချို့ ရရှိခဲ့တယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့-UGF က ထုတ်ပြန်ပါတယ်။