ဧရာဝတီတိုင်းက မြို့နယ်တွေမှာ စစ်မှုထမ်းဥပဒေအကြောင်းပြပြီး အတင်းအဓမ္မ စုဆောင်းခံထားရသူတွေနဲ့ စားဝတ်နေရေးအဆင်မပြေလို့ စစ်မှုထမ်းဖို့ အခကြေးငွေယူကာ စစ်တပ်ထဲ ဝင်ခဲ့ရသူတွေကို စစ်သင်တန်းကျောင်းတွေဆီ ခေါ်ဆောင်သွားတယ်လို့ အကြမ်းဖက်စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
နိုဝင်ဘာလ ၈ ရက်မနက်ပိုင်းမှာ ပုသိမ်မြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ သင်တန်းကျောင်းကို အကြမ်းဖက်စစ်တပ်ယာဥ်တန်းနဲ့ ပို့ဆောင်ပေးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
“စစ်သင်တန်းတတ်ဖို့ စခတ ၆ သင်တန်းကျောင်းနဲ့ လစရ ၁၀ အကြမ်းဖက်စစ်တပ်သင်တန်းကျောင်းတွေကို အယောက်၁၂၀ ပေးပို့လိုက်တယ်”လို့ ပုသိမ်မြို့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်တဲ့တပ်တွင်း သတင်းရင်းမြစ်တစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
“အရပ်ဝတ် အင်္ကျီအဖြူ ကော်လံဂတုံးတွေ ဆင်တူဝတ်ခိုင်းထားပေးပြီး ခေါ်သွားတာ၊ အကြမ်းဖက်စစ်တပ်သုံး FAW ကား ၆ စီးနဲ့ခေါ်သွားတာ၊ ကားတစ်စီးမှာ လက်နက်အပြည့်အစုံနဲ့ အကြမ်းဖက်စစ်သား ၁၀ ယောက်လောက် လုံခြုံရေးယူပြီး ပို့ဆောင်ပေးလိုက်တာ တွေ့ရတယ်” လို့လည်း ပုသိမ်မြို့ဒေသခံတစ်ယောက် ပြောပါတယ်။
ရခိုင်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ အကြမ်းဖက်စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲ ဖြစ်ပွားနေရာ အကြမ်းဖက်စစ်တပ်က အင်အား မလုံလောက်တာကြောင့် စစ်သားအဖြစ် အတင်းအဓမ္မ စုဆောင်းထားသူတွေကို ပို့ဆောင်ပေးနေသလို အခုချိန်မှာ စစ်မှုထမ်းဥပဒေ အပတ်စဥ် ၆ အတွက် စစ်သင်တန်းပြုလုပ်ဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။
ပုံစာ – အကြမ်းဖက်စစ်တပ်ယာဥ်တန်း (ပုံဟောင်း)
0 Shares:
You May Also Like
Read More

စစ်တပ်လက်နက်ကြီးကြောင့် ကျောက်တံခါးတွင် ၆နှစ် ကလေးငယ်အပါ အရပ်သား ၄ ဦး သေဆုံး

ပဲခူးတိုင်း၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်မှာ စစ်ကောင်စီ အထိုင်တပ်တွေကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်လို့ ၆ နှစ်အရွယ် ကလေးငယ် အပါအဝင် အရပ်သား၄ ယောက် သေဆုံးခဲ့ကြောင်း ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဗန်းမော်က ခလရ (၂၃၆)ကို KIA တိုက်ခိုက်သိမ်းပိုက်၊ စစ်သုံ့ပန်းများနှင့်အတူ လက်နက်ခဲယမ်းများပါ ရရှိ

ဗန်းမော်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ(၂၃၆) တပ်ရင်းကို KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေပါ ရရှိခဲ့ကြောင်း KIA ရဲ့ သတင်းပြန်ကြားရေးက အသိပေး ထုတ်ပြန်ပါတယ်။
Read More

မိုးထဲရေထဲ အလှူ့လက်ဖက်နဲ့ မျက်နှာလုပ်ချင်နေတဲ့ စစ်ကောင်စီ

စစ်ကောင်စီက ရေးဘေးကူညီဖို့အတွက် သူတို့လက်အောက်ခံ ဝန်ကြီးဌာနတွေကို ဌာနအလိုက် ငွေကောက်ခံကာ အလှူ့လက်ဖက်နဲ့ မျက်နှာ လုပ်နေပြန်ပါတယ်။ မြန်မာနိုင်ငံတဝန်းခံစားနေကြရတဲ့ ရေဘေးဒုက္ခကို ကူညီဖို့ဆိုပြီး မြို့နယ်အသီးသီးက Non-CDM ဝန်ထမ်းတွေ၊ သူတို့နဲ့ နီးစပ်တဲ့ စီးပွါးရေးလုပ်ငန်းရှင်တွေထံက…
Read More

ဖားကန့်မှာ စစ်ရေးတင်းမာနေလို့ စာသင်ကျောင်းများ ပိတ်ထားရ…

“အဲဒီကျောင်းက ဖားကန့်မြို့လည်ခေါင်မှာ ရှိတာ၊ ကျောင်းက အခုမှ ပိတ်တာပါ၊ အာဏာသိမ်းပြီးကတည်းက တောက်လျှောက်ဖွင့်နေတာ၊ အခုမှပဲ ပိတ်တာ၊ ပိတ်တယ်ဆိုတာကလည်း ယာယီပိတ်တာပါ၊ အစိုးရကျောင်း အပြီးပိတ်တာ မဟုတ်ပါဘူး” လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဧည့်စာရင်းနှင့် လုံခြုံရေးအကြောင်းပြကာ လူငယ်လူရွယ်များကို အဖမ်းအဆီး ကြမ်းပြနေသည့် ရန်ကုန်

ရန်ကုန်မြို့မှာ ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း စစ်ကောင်စီက အရပ်သားပြည်သူတွေကို အင်အားသုံးဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်လာတယ်လို့ ရန်ကုန်မြို့ခံ တော်လှန်ရေးအဖွဲ့အစည်းတွေက အသီးသီး ထုတ်ပြန်လာပါတယ်။
Read More

စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း KRC  ထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီ ကျင်းပဖို့ ပြင်ဆင်နေတဲ့ အတုအယောင် ဟန်ပြရွေးကောက်ပွဲကို ပြည်သူတွေနဲ့ တသားတည်းရပ်တည်တဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းအနေနဲ့ ဆန့်ကျင်ကြောင်း KRC ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီ (လယ်ဒိုမြို့နယ်) က သဘောထားထုတ်ပြန်ပါတယ်။