စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းက ဘအင်းသရက်တောရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးရင်း အရပ်သား၂ယောက်ကို ပစ်ခတ်သတ်ဖြတ်ကာ ၃ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ကပြောပါတယ်။
နိုဝင်ဘာ ၈ရက်၊ မနေ့က မနက်ပိုင်းမှာ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ထဲက ဘအင်းသရက်တောရွာကို စစ်ကောင်စီနဲ့ ပျူစောထီးအင်အား ၁၂၀ လောက်က ဝင်ရောက် မီးရှို့ဖျက်ဆီးရင်း အပြစ်မဲ့ပြည်သူအမျိုးသား၂ယောက်ကို သတ်ဖြတ်ထားခဲ့တယ်လို့ သိရတာပါ။
ဒါ့အပြင်အမျိုးသမီး ၁ယောက်နဲ့ အမျိုးသား၂ယောက်ကိုလည်း အကြမ်းဖက်စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားကြောင်းကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ ကပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၆ ရက်နေ့ ညပိုင်းကတည်းက ကန့်ဘလူ၆၀၀၆ တင့်ကားတပ်ရင်း(တကရ) ကနေ ကျွန်းလှမြို့ဆီ တုန်ဖုန်းကား၂စီးနဲ့ရောက်ရှိလာခဲ့တဲ့ စစ်ကောင်စီတပ်တွေက မြို့ခံပျူစောထီးတွေနဲ့ ပူးပေါင်းကာ နိုဝင်ဘာလ ၈ ရက်၊ မနေ့က မနက်အစောပိုင်းမှာ ကျွန်းလှမြို့ကနေ ထွက်ခွာလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အထက်ပါ စစ်ကြောင်းဟာအင်အား ၁၂၀ နီးပါးနဲ့ ပေကုန်းရွာ၊ ကံပေါက်တောကျောင်းတို့ကတဆင့် ဘအင်းသရက်တောရွာကို အကြမ်းဖက်ဝင်ရောက်ပြီး မီးရှို့ခဲ့တာလည်းဖြစ်ပါတယ်
ဘအင်းသရက်တောရွာ မီးရှို့ခံရမှုနဲ့ပတ်သက်ပြီးပျက်စီးဆုံးရှုံးမှုကို မသိရသေးပေမယ့်၊ အဆိုပါစစ်ကြောင်းက အရပ်သား၃ယောက်ကိုဖမ်းဆီးပြီး အဲ့ဒီနေ့ ညနေပိုင်းမှာပဲ ကျွန်းလှမြို့ထဲကနေ ပြန်ပြီးဆုတ်ခွာသွားပြီလို့လည်း သိရပါတယ်။
ကျွန်းလှမြို့နယ်ထဲက တောင်ယာဆိပ်အုပ်စုမှာပါဝင်တဲ့ ဘအင်းသရက်တော၊ မြင်သာဦး၊ အောင်ရန်ကင်း ၊ တောင်ယာဆိပ်စတဲ့ အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ကျေးရွာအုပ်စုကို ပြီးခဲ့တဲ့နှစ် (၂၀၂၃ ၊ ဇန်နဝါရီ)တုန်းက အကြမ်းဖက်စစ်ကြောင်းက မီးဝင်ရှို့ခဲ့ဖူးပြီး နေအိမ် ၁၂၀ ကျော် မီးလောင် ဆုံးရှုံးခဲ့ရသေးတယ်လို့လည်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ကပြောပါတယ်။
ကျွန်းလှမြို့နယ်နဲ့ ထိစပ်နေတဲ့ ကန့်ဘလူမြို့နယ်အတွင်းမှာလည်း ၆၀၀၆ တင့်ကားတပ်ရင်းထဲ ဖမ်းဆီးခေါ်ဆောင်ထားခြင်းခံရတဲ့အရပ်သား ၁၂၂ယောက်အထိရှိပြီး ပြည်သူ့စစ်ဖွဲ့ခံရမယ့် အန္တရယ်ရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။
မကြာခဏထိတွေ့တိုက်ပွဲတွေရှိနေတဲ့ ကန့်ဘလူခရိုင်ထဲမှာ သဃ်န်းဝတ်ဝါသဝနဲ့ စစ်အုပ်စုတွေက ပြည်သူ့စစ်အင်အားကိုတိုးချဲ့နေပြီး အခုလိုအရပ်သားကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ၊ သတ်ဖြတ်ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
ပုံစာ- ကျွန်းလှ၊ ကန့်ဘလူမှာ လှုပ်ရှားနေတဲ့ ဝါသဝဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုများ
0 Shares:
You May Also Like
Read More

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ ပြည်သူ့လွတ်လပ်ရေးတပ်တော် ဗဟိုကော်မတီဝင် တွေ့ဆုံ၊ စစ်ရေးနဲ့ အုပ်ချုပ်ရေး ပူးပေါင်းလုပ်ဆောင်ဖို့ ဆွေးနွေးခဲ့

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ပင်လောင်းမြို့နယ်နှင့် ညောင်ရွှေမြို့နယ်မှာ စစ်တပ်နှင့် PNA အဖွဲ့က ဒရုန်း၊ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်၊ နေအိမ်များ ပျက်စီး…

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်နဲ့ ညောင်ရွှေမြို့နယ်ရှိ ကျေးရွာတွေကို အကြမ်းဖက် စစ်တပ်နဲ့ PNA အဖွဲ့က ဒရုန်း၊ လက်နက်ကြီးတွေ တိုက်ခိုက်ရာ နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့က ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။
Read More

ရှမ်းမန်းစစ်ဆင်ရေးမှာ ကျဆုံးခဲ့တဲ့ ရဲဘော်တွေရဲ့ မိသားစုတွေကို ကျန်တဲ့တပ်ဖွဲ့ဝင်တွေ လိုက်လံကန်တော့ပြီး ထောက်ပံ့ကူညီခဲ့

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အခြေစိုက် ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က  ရှမ်းမန်း စစ်ဆင်ရေးအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်တွေရဲ့ ကျန်ရစ်သူ မိသားစုတွေကို ကျန်ရှိတပ်ဖွဲ့ဝင်တွေက သီတင်းကျွတ်ကာလမှာ လိုက်လံကန်တော့ခဲ့တယ်လို့ DOUNG NI People Defence Force-DNPDF က မနေ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဘုတလင်တွင် စက်တပ်လေထီးရော ဂျက်ဖိုက်တာဖြင့်ပါ လေကြောင်းတိုက်ခိုက်ခံရပြီး စစ်ရှောင်ကျောင်းသူအပါ ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စစ်ဘေးရှောင်ကျောင်းသူ အပါအဝင် အရပ်သား ၃ ယောက် သေဆုံးခဲ့ကြောင်း Budalin Mobile Team - BMT တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

လက်ပံတန်းတွင် အကြမ်းဖက်စစ်တပ် ဒရုန်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦး သေဆုံး

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သစ်ရောင်းပြင်ရွာကို အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ အမျိုးသမီး ၂ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ရေဖြူမြို့မရဲစခန်းနှင့် ထားဝယ်မြို့ ဝန်ကြီးအိမ်ရာတွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်သားများကို ဒရုန်းဖြင့် တိုက်ခိုက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ ရေဖြူမြို့မရဲစခန်းနဲ့ ထားဝယ်မြို့ ဝန်ကြီးအိမ်ရာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို Fixed Wind ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ရဲ့ ဒူရကစစ်ကြောင်းထံက သိရပါတယ်။