မကွေးတိုင်း ရေစကြိုမြို့မှ စက်လှေ ၃ စီးနဲ့ မြောင်မြို့နယ် ‌ကျောက်ရစ်ရဲစခန်းကို တပ်ချိန်းဖို့ လာတဲ့ အကြမ်းဖက်စစ်သား အင်အား ၆၀ ခန့်ကို တိုက်ခိုက်ခဲ့တယ်လို့ Royal Brother Defence Forceအဖွဲ့ထံက သိရပါတယ်။
အဲဒီအကြမ်းဖက်စစ်သားတွေဟာ ခမရ ၃၃၁ တပ်ရင်းက စစ်သားတွေဖြစ်ပြီး ချင်းတွင်းမြစ်တစ် နေရာမှာ တော်လှန်ရေးတပ်တွေက အသင့်စောင့်ဆိုင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်သား ၃ ယောက်သေကာ အများအပြားဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို ကျေးရွာတပ်ပေါင်းစု (မြောင်)၊ မြင်းခြံခရိုင်တပ်ရင်း အမှတ် (၃)၊ မြင်းခြံခရိုင်တပ်ရင်း အမှတ် (၁)၊ သွေးသောက်တပ်ဖွဲ့၊ 11 Brother revolution forceနဲ့ Wolf brother တပ်ဖွဲ့ တွေက ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိပါတယ်။
0 Shares:
You May Also Like
Read More

မြင်းခြံမြို့အရှေ့ဘက် ကျောက်ရံရွာအနီးမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ဒီဇင်ဘာ ၂၆ ရက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Freedom Fighter Guerrilla Force အဖွဲ့ထံက သိရပါတယ်။
Read More

ဇရပ်ကြီးမြို့အနီး ဒိုးတန်းကျေးရွာက အရပ်သားနေအိမ်မှာ ဝင်ရောက်တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့အနီးက ဒိုးတန်းကျေးရွာ အရပ်သားပြည်သူနေအိမ်မှာ ဝင်ရောက်တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို အောက်တိုဘာ ၁၀ ရက်က ဒရုန်းနဲ့ ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ အုတ်တွင်းမြို့နယ် ပကဖထံက သိရပါတယ်။
Read More

ဖားကန့်တွင် စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၄ ဦး ဒဏ်ရာရ (ရုပ်/သံ)

ကချင်ပြည်နယ် ဖားကန့်မြို့မှာ အကြမ်းဖက်စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကန်ပိုက်တီမြို့က ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို တရုတ်အာဏာပိုင်တွေက မူဆယ်နယ်စပ်ဂိတ်သို့ ပြန်လည်ပို့ဆောင် (ရုပ်/သံ)

ကချင်ပြည်နယ် ကန်ပိုက်တီမြို့ကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်စဉ် တရုတ်နိုင်ငံသို့ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို အာဏာပိုင်တွေက နိုဝင်ဘာ ၂၃ ရက် မနေ့ညပိုင်းက မူဆယ်မြို့ နယ်ဂိတ်ကနေ စစ်ကောင်စီတပ်ထံ ပြန်လည်လွှဲပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။
Read More

သရက်ကွပျူစခန်းကို တိုက်ခိုက်သိမ်းပိုက်စဉ် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့မှု မှတ်တမ်း (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ် သရက်ကွပျူစခန်းကို  တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ တပ်သားနဲ့ ပျူစောထီးတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို မြိုင်ပကဖ က ထုတ်ပြန်ထားပါတယ်။