ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်အစပ် တောင်ငူ – သံတောင်ကြီးလမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ၃ကြိမ်ဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ KNLA တပ်မဟာ ၂ တပ်ရင်း ၅ Thawthikho အဖွဲ့ဆီက သိရပါတယ်။
နိုဝင်ဘာ ၃ ရက် မွန်းလွဲပိုင်းက ကရင်ပြည်နယ်၊ သံတောင်ကြီး ၁၃ မိုင်ကနေ ပျားစခန်းကျေးရွာကို လမ်းကင်းယူဖို့လာတဲ့ စစ်ကောင်စီတပ်တွေကို KNLA တပ်မဟာ ၂ တပ်ရင်း (၅) နဲ့ ပူးပေါင်းတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၄ ယောက်ထက်မနည်း သေဆုံးပြီး အများအပြားထိခိုက် ဒါဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
အဲ့ဒီနေ့ ညနေ ပိုင်းမှာပဲ တောင်ငူမြို့ကနေ သံတောင်ကြီးဘု‌ရင့်နောင်တပ်ကို တပ်ရင်းမှူးသင်တန်းတက်ရောက်ဖို့ ထွက်ခွာလာတဲ့ ၁၂ စီးပါအကြမ်းဖက်ယာဥ်တန်းကို ၆မိုင်ရွာ အရောက်မှာ တပ်မဟာ ၂ ကော်မာဒိုစစ်ကြောင်းက ထပ်မံပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၅ ရက်ကလည်း ဘုရင့်နောင်တပ်ကနေ သင်တန်းဆင်း ပြန်ဆင်းလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို ၆ မိုင်ရွာအနီးမှာပဲ တပ်မဟာ ၂ ကော်မာဒိုစစ်ကြောင်းက ထပ်မံဆီးကြိုတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုတွေမှာလည်း အကြမ်းဖက်စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ အများအပြားရှိတယ်လို့ Thawthikho အဖွဲ့ဆီက သိရပါတယ်။
ပုံစာ – KNLA တပ်မဟာ ၂ တပ်ရင်း ၅ Thawthikho ရဲဘော်များ
0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်‎မှ စစ်မှုထမ်းဆင်း စစ်သား (၄) ဦး K.N.L.A တပ်မဟာ(၄) ၊ တပ်‌ရင်း(၁၁) ထံ အလင်းဝင် ဘက်ပြောင်းခိုလှုံ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းဆင်း စစ်သား ၄ ယောက်ဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A ထံ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။
Read More

အင်းတကော်နဲ့ ဝေါမှာ စစ်ကောင်စီတပ်ရင်းစခန်းတွေကို ဒရုန်း၊ ၆၀ မမ တွေနဲ့ ပစ်ခတ်တိုက်ခိုက်

ပဲခူးတိုင်း၊ အင်းတကော်မြို့နယ်နဲ့ ဝေါမြို့နယ်တွေမှာ စစ်ကောင်စီတပ်ရင်းစခန်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ရေးတင်းမာနေသည့် ချင်းတော်လှန်ရေးအဖွဲ့ ၃ ဖွဲ့ ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် အမြန်ဆုံးအဖြေရှာကြရန် NUG သမ္မတရုံး တိုက်တွန်း

ချင်းပြည်နယ်အတွင်း တိုက်ပွဲတွေအပြင် စစ်ရေးတင်းမာမှုတွေပါ ဖြစ်ပွားနေတဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/ CNDF)၊ ချင်းအမျိုးသားတပ်ဦး (CNF/CNA) နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့-ဟွားငိုးလ်ရမ်း (CDF-Hualngoram) တို့ ချင်းတော်လှန်ရေးအဖွဲ့ ၃ ဖွဲ့အနေနဲ့ ပဋိပက္ခတွေအတွက် ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အမြန်ဆုံး အဖြေရှာဖို့ လေးလေးနက်နက် တိုက်တွန်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။
Read More

သရက်-ကံမလမ်းပိုင်း ရေနံ့သာရဲကင်းစခန်း တိုက်ခိုက်ခံရပြီး စစ်အုပ်စု ၇ဦးသေကာ ဘန်ကာ ၄ လုံးအထိ PDF ရရှိ၊ တချိန်တည်းမှာပဲ သရက် ကပစ (၁၂) ကို ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်ခဲ့

မကွေးတိုင်း၊ သရက်ခရိုင်၊ သရက်-ကံမ လမ်းပိုင်းက အကြမ်းဖက်စစ်တပ်ရဲ့ ရေနံ့သာရဲကင်းစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘန်ကာ ၄လုံးအထိ သိမ်းပိုက်နိုင်ခဲ့ပြီး မြေပြင်အခြေအနေတွေကြောင့် ပြန်ဆုတ်ခဲ့ရကြောင်း သရက်ခရိုင် အမှတ်(၄) တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကို ပြောပါတယ်။
Read More

မြိတ်ကိုလာတဲ့ စစ်ယာဉ်တန်းနဲ့ လမ်းကင်းယူထားတဲ့ စစ်သားတွေကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့ကနေ မြိတ်မြို့ကို ပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းနဲ့ လမ်းကင်းယူထားတဲ့ စစ်သားတွေကို မိုင်းဆွဲပြီး လက်နက်ငယ်နဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၃ ယောက် ဒဏ်ရာရသွားတယ်လို့ မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ​- ပကဖ မြိတ်က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပေါက်မြို့နယ်တွင်  ရက်ရှည်ဝင်ရောက်နေသည့် စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲများရှိနေပြီး စစ်အုပ်စုအထိနာထား

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ ရက်ရှည်ဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုစစ်ကြောင်းကို ထိခိုက်မှုများအောင် ခုခံတိုက်ခိုက်ရင်း အရပ်သားတွေကိုလည်း ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးနေတယ်လို့ မြိုင်ပကဖ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။