တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ ဇဝဲရွာ အခြေစိုက် ခမရ ၅၅၆ တပ်ရင်းက စစ်ကောင်စီ တပ်သား ၁ ယောက် သေနတ် ၁ လက်နဲ့အတူ အလင်းဝင်လာတယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
ဇဝဲရွာအခြေစိုက် ခမရ ၅၅၆ တပ်ရင်းက စစ်ကောင်စီ တပ်သား မောင်ဝေလင်းထွန်းဟာ နိုဝင်ဘာလ ၄ ရက်က MA.2 (စက်ကလေး) သေနတ် ၁ လက်၊ ၅.၅၆ကျည် ၂၀ တောင့်၊ ကျည်ဘောက် ၁ ခုတို့ ယူဆောင်လာပြီး တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားဟာ တပ်တွင်း မတရားဖိနှိပ်ခံရတဲ့အပြင် ပြည်သူတွေအပေါ် စစ်သည်တော်ကျင့်ဝတ်တွေ ဖောက်ဖျက်ပြီး မတရားဖိနှိပ်သတ်ဖြတ်မှုတွေ လုပ်ဆောင်နေတဲ့အတွက် တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ လာရောက်အလင်းဝင်ခဲ့တာဖြစ်ကြောင်း ပကဖ ရဲဘော်တွေ မေးမြန်းချိန် ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ကျောက်ကြီးမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် ကျေးရွာ (၈၀) ရေနစ်မြုပ်၊ လယ်ဧက (၃၀,၀၀၀)ကျော် ပျက်စီး၊ စာသင်ကျောင်း (၃၇) ကျောင်း ယာယီရပ်နားထားရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း(၈၀) ရေနစ်မြုပ်ပြီး လယ်ဧက (၃၀,၀၀၀)ကျော် ရေလွှမ်းမိုးခဲ့ရတဲ့အပြင် စာသင်ကျောင်း (၃၇)ကျောင်း ကျောင်းတက်မရဘဲ ယာယီကျောင်းပိတ်ထားရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နှမ်းခါးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွက် တရားမျှတမှုရှိအောင် လုပ်ဆောင်မည်ဟု NUG အသိပေး

ကျန်းမာရေးဝန်ထမ်းတွေနဲ့ အရပ်သားတွေ သေဆုံးခဲ့ရတဲ့ နှမ်းခါးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွက် တရားမျှတမှုရရှိအောင် လုပ်ဆောင်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
Read More

ဖြူးမြို့နယ်မှာ ငလျင်ကြောင့် ပျက်စီးသွားတဲ့ လမ်းတံတားနှင့် နေအိမ်များ ပြုပြင်ဖို့ ငွေကြေးထောက်ပံ့

ပဲခူးတိုင်း၊ ဖြူးမြို့နယ်ထဲက ငလျင်ဘေးသင့်ခဲ့တဲ့‌ ကျေးရွာတွေမှာ လမ်း၊ တံတားနဲ့ ပျက်စီးခဲ့တဲ့ နေအိမ်တွေ ပြုပြင်ဖို့အတွက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့နဲ့ ဖြူးမြို့နယ်လူသားစာနာတာဝန်ခံတို့က ဧပြီလ ၆ ရက်မှာ သွားရောက်ထောက်ပံ့ပေးခဲ့တယ်လို့ ဖြူးမြို့နယ် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မန္တလေးကျုံးအနီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု (ဓာတ်ပုံသတင်း)

မန္တလေးမြို့က မန္တလေးကျုံးအနီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ရပ်ကို တော်လှန်လူငယ်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
Read More

ဧရာဝတီတိုင်းထဲ ရောက်လာတဲ့ ရခိုင်စစ်ရှောင်တွေကို စစ်ကောင်စီလက်အောက်ခံတွေက အကြောင်းအမျိုးမျိုးပြ လိုက်လံမောင်းထုတ်နေ

ရခိုင်ဒေသ တိုက်ပွဲတွေကြောင့် ဧရာဝတီတိုင်းထဲ စစ်ဘေးရှောင်လာသူတွေကို အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရဲ နဲ့ စစ်သားတွေက လိုက်လံမောင်းထုတ်မှုတွေ လုပ်ဆောင်နေတယ်လို့ စစ်ဘေးရှောင်တချို့ထံက သိရပါတယ်။
Read More

ကန့်ဘလူ၊ ကာဘိုးရွာက စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရပြီး ၃ ယောက်ထက်မနည်း သေ

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ကာဘိုးကျေးရွာမှာအင်အား၅၀နီးပါးနဲ့တပ်စွဲထားတဲ့စစ်ကောင်စီတပ်စခန်းကိုတော်လှန်ရေးရဲဘော်တွေကပြီးခဲ့တဲ့ရက်ပိုင်းမှာဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။