ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ရန်ကုန်မန္တလေး အဝေးပြေးလမ်းမဘေး၊ နိုင်ငံရေးမှတ်တိုင်အနီးက စစ်ကောင်စီ အိမ်ထောင်သည်ဝန်ထမ်းအိမ်ရာ လုံခြုံရေးဂိတ်ကို မနေ့က နိုဝင်ဘာ ၇ရက် ညပိုင်းမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ အိမ်ထောင်သည်လိုင်းခန်းဟာ အကြမ်းဖက်စစ်ကောင်စီ လေတပ်မိသားစုလိုင်းခန်းဖြစ်ပြီး လုံခြုံရေးဂိတ်ကို ပဒေသာမိုင်း ၄ လုံး ဖောက်ခွဲခဲ့တယ်လို့ မစ်ရှင်ဖော်ဆောင်တဲ့ အဖွဲ့က ဆိုပါတယ်။

Rangoon Urban Column (RUC) ၏ ထုတ်ပြန်ချက်

ဖောက်ခွဲမှုကို နိုဝင်ဘာလ ၇ ရက်နေ့၊ ည၇နာရီ ၁၀မိနစ်မှာ ဖောက်ခွဲခဲ့တာပါ။ ဖောက်ခွဲမှုအပြီး အရပ်ဝတ်နဲ့ အကြမ်းဖက်စစ်တပ်ဘက်က ၄ယောက် ပြင်းထန်ဒဏ်ရာ‌တွေ ရသွားတယ်။ သေဖို့တော့ များတယ်။ ပြည်သူတွေကို ဗုံးကြဲနေတဲ့ လေတပ်မိသားစုမို့ သတိပေးဖောက်ခွဲခဲ့တာလို့ RUC တော်လှန်ရေးတပ်ဖွဲ့  စစ်ကြောင်းတာဝန်ခံ ကိုရဲခေါင်က မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ ရှေ့တန်းစစ်မြေပြင်မှာ လက်နက်မဲ့ ပြည်သူတွေကို ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်နေတာကြောင့် ဒီလုပ်ရပ်တွေကို ရပ်တန့်စေချင်တဲ့အတွက် စစ်ကောင်စီရဲ့ နောက်ချန်အထိုင်စခန်းတွေကို အခုလို တိုက်ခိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

တစ်နေ့တစ်ခြား လုံခြုံရေး ပိုမိုတင်းကြပ်လာတဲ့ ရန်ကုန်မှာ မြို့ပြစစ်ဆင်ရေးတွေ ထိထိရောက်ရောက် ဖော်ဆောင်နိုင်ဖို့ RUC ရဲ့ ပထမဆုံးကမ်ပိန်းအဖြစ် ရန်ကုန်သို့ချီ RUC AK ၁၆ လက် ကမ်ပိန်းကို ဒီဇင်ဘာ လကုန်အထိ ပြုလုပ်နေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

PDF Zoland အခြေခံစစ်သင်တန်း အပတ်စဥ် (၁၅) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အကြမ်းဖက်စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတဲ့ ချင်းပြည်နယ်ရှိ ဇိုမီးတော်လှန်ရေးတပ်ဖွဲဖြစ်တဲ့ PDF Zoland ရဲ့ အခြေခံ စစ်သင်တန်း အပတ်စဉ် (၁၅) သင်တန်းဆင်းပွဲ အခမ်းအနားကို မတ်လ ၁၁ ရက်မှာ  ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်အာဏာသိမ်းမှုနောက်ပိုင်း လှုပ်ရှားမှုကို “အရေးတော်ပုံ” လို့ သုံးနှုန်း မဲဆွယ်ခဲ့သည့် ပြည်သူ့ပါတီ အမတ်လောင်း ဥပဒေနှင့်မညီ၊ ကိုယ်စားလှယ်လောင်းအရည်အချင်း ကိုက်ညီမှုမရှိဟု ပြစ်တင်ခံနေရ

ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ဟာ မဲဆွယ်စည်းရုံးတဲ့နေရာမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းဖြစ်စဥ်ကို “အရေးတော်ပုံ” ၊ “တော်လှန်ရေး” ဆိုတဲ့ စကားလုံးတွေ သုံးနှုန်းခဲ့တာကြောင့် ဥပဒေနဲ့မညီဘူး၊ ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ ကိုက်ညီမှုမရှိဘူးလို့ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်အချို့မှာ ဝေဖန်ပြစ်တင်နေကြပါတယ်။
Read More

အိုးတိန်တွင်းရွာ လေကြောင်းတိုက်ခံရမှုဖြစ်စဥ်မှ ကလေးငယ် ၂ဦး ထပ်မံသေဆုံးပြီး စုစုပေါင်းသေဆုံးသူ ၂၄ဦးအထိရှိလာ

ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဥ်အတွင်း ထိခိုက်ဒဏ်ရာရထားတဲ့ ကလေးငယ် ၂ယောက်ထပ်မံ သေဆုံးသွားတာကြောင့် စုစုပေါင်းသေဆုံးသူ ၂၄ယောက်အထိရှိလာပြီလို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်စု၏ စစ်ကိုင်းတပ်မ ၃၃ မှ တပ်သားတစ်ဦး လက်နက်မဲ့ အလင်းဝင်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်မ ၃၃ က တပ်သားတစ်ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တေးရေး နိုင်မြန်မာရဲ့ ရုပ်ကလာပ်ကို ရေဝေးသုဿန် အအေးခန်းသို့ ပို့ဆောင် (ဓာတ်ပုံသတင်း)

ဖေဖော်ဝါရီ ၇ ရက် ဒီနေ့မနက်ပိုင်းမှာ ကွယ်လွန်ခဲ့တဲ့ ဦးနိုင်ဦးမြင့် (ခ) တေးရေးဆရာ နိုင်မြန်မာ ရဲ့​ ရုပ်ကလာပ်ကို ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ် နေအိမ်ကနေ ရေဝေးသုဿန်အအေးခန်းဆီ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ နာရေးကူညီမှုအသင်း(ရန်ကုန်) က ထုတ်ပြန်ထားပါတယ်။
Read More

နွားထိုးကြီးမြို့နယ် သူစိုးကျေးရွာနှင့် မာန်လည်ကျေးရွာတို့ကို စစ်ကောင်စီ ဗုံးကြဲ၊ ပြည်သူများ ထိခိုက်မှုရှိ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်က သူစိုးကျေးရွာနဲ့ မာန်လည်ကျေးရွာတို့ကို စစ်‌ကောင်စီက လေကြောင်းတိုက်ခိုက်ရာ ပြည်သူတချို့ ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်တချို့လည်း ပျက်စီးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။