ဧရာဝတီတိုင်း၊ ဖျာပုံအကျဉ်းထောင်မှာ ထောင်ဝင်စာ ၇လကြာ ပိတ်ပင်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား တချို့ဟာ အင်းစိန်ထောင်ကို ပြောင်းရွှေ့ခံရပြီးနောက် တိုက်ပိတ်ခံရကာ ထောင်ဝင်စာတွေ့ခွင့် မရကြသေးဘူးလို့ မိသားစုဝင်တွေဆီက သိရပါတယ်။

အဲဒီ နိုင်ငံရေးအကျဉ်းသားတွေဟာ ဧပြီလ ၅ရက်နေ့ကတည်းက ဖျာပုံထောင်ကနေ အင်းစိန်ထောင်ကို ပြောင်းရွှေ့ခံလိုက်ရတာဖြစ်ပြီး တိုက်ပိတ်ခံခဲ့ရသလို အခုချိန်ထိ ထောင်ဝင်စာ ပိတ်ပင်ခံထားရတယ်လို့ ပြောပါတယ်။

ဖျာပုံမြို့မှာ UG တွေနဲ့ အဆက်အသွယ်ရှိသူတွေလို့ စွပ်စွဲဖမ်းဆီးခံခဲ့ရတာ။ အကြမ်းဖက်စစ်တပ်ရဲ့ ညှင်းပန်းနှိပ်စက်မှုဒဏ်တွေ ခံစားနေရသူတွေပါ။ ဆေးကုသမှုမရရှိဘဲ ရန်ကုန်အကျဉ်းထောင်ကို ပြောင်းရွှေ့ခံခဲ့ရတယ်။ အဲဒီဒဏ်ရာတွေ ခံစားနေရပြီး ဆေးကုသခွင့်မပေးတဲ့အပြင် ထောင်ဝင်စာပါ တွေ့ခွင့် ထပ်ပိတ်ခံရတယ်လို့ အကျဉ်းကျသူရဲ့ မိသားစုဝင်တစ်ယောက်က မောင်းကို ပြောပါတယ်။

ဖျာပုံအကျဉ်းထောင်ကနေ အင်းစိန်ထောင်ကို ပြောင်းရွှေ့ခံခဲ့ရသူများ

ကိုမင်းမောင်၊ ကိုရဲမျိုးထွဋ်၊ ကိုဗညားအောင်၊ ကိုဝေယံဦး () ကိုအရှည်ကြီး အပါအဝင် ဖျာပုံထောင်ကနေ ပြောင်းရွှေ့ခံလိုက်ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ခံထားရတဲ့အပြင် စစ်ကြောရေးမှာ နှိပ်စက်ခဲ့တဲ့ ဒဏ်ရာတွေကို ဆိုးဝါးစွာ ခံစားနေရတယ်လို့ အထက်ပါ မိသားစုဝင်က ပြောပြပါတယ်။

ဖျာပုံထောင်ကနေ ပုသိမ်ထောင်ကို ပြောင်းရွှေ့ခံခဲ့ရတဲ့ တေးရေးတေးဆို စံလင်းအောင် ဆိုသူဟာလည်း ပုသိမ်ထောင် အာဏာပိုင်တွေရဲ့ ရိုက်နှက်မှုကြောင့် ဦးခေါင်းဒဏ်ရာရပြီး ဆေးကုသခွင့်မရဘဲ ကျဆုံးခဲ့ရတယ်လို့ စံလင်းအောင်ရဲ့ မိသားစုနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနား

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားကို မတ်လ ၁၅ ရက် ဒီနေ့မှာ လွတ်မြောက်ဒေသ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ရေစကြိုတပ်ပေါင်းစုအတွက် အောင်ပန်းဝေစေရှင်မတောင်မြေကမ်ပိန်းမှ ရရှိသည့် ထောက်ပို့ငွေများဖြင့် ကျည်ကာဦးထုပ်၊ ကျည်ကာပြား၊ အီကွေ့မန့် ၊ ယူနီဖောင်းများ တပ်ဆင်…

ရေစကြိုတပ်ပေါင်းစုမှ ရဲဘော်တွေအတွက် အောင်ပန်းဝေစေရှင်မတောင်မြေ ကမ်ပိန်းကနေ ရရှိတဲ့ ထောက်ပို့ငွေတွေနဲ့ ကျည်ကာပြား၊ ကျည်ကာဦးထုပ်၊ အီကွေ့မန့်၊ ယူနီဖောင်း၊ ခါးပတ် နဲ့ ပွိုင့်ဖိနပ်တွေကို ဝယ်ယူအားဖြည့် တပ်ဆင်ပေးနိုင်ခဲ့တယ်လို့ ရေစကြိုတပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။
Read More

နွားထိုးကြီး PDF က မြေပြင်မှာ လိုက်နာစောင့်ထိန်းရမယ့် စည်းကမ်းချက်များကို ထုတ်ပြန်

မြင်းခြံခရိုင်၊ အမှတ် (၄-၁၀) တပ်ရင်း၊ နွားထိုးကြီး PDF က တပ်ဖွဲ့ဝင်များ မြေပြင်မှာ လိုက်နာစောင့်ထိန်းရမယ့် စည်းကမ်းချက်တွေကို အသိပေးထုတ်ပြန်လိုက်ပြီး တပ်ဖွဲ့ဝင်များအားလုံး မဖြစ်မနေလိုက်နာရမှာဖြစ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။
Read More

ထားဝယ်ခရိုင်အတွင်း ဒရုန်းစစ်ဆင်ရေးကြောင့် အရာခံဗိုလ်နဲ့ တပ်ကြပ် သေပြီး အများအပြား ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်မှာ စစ်ကောင်စီရဲ့ခမရ ၄၀၅ တပ်ရင်းနဲ့ အစိုးရရုံးတွေကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ရာ အရာခံဗိုလ်နဲ့ တပ်ကြပ်တို့သေပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ယောက်နဲ့အထက် ရှိခဲ့တယ်လို့ Sky Ghost Drone Force အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ကလေး အကျဉ်းထောင် လက်ထောက် ကြီးကြပ်ရေးမှူးလာဘ်ယူခြင်း၊ ခေါင်းပုံဖြတ်ခြင်းများ ပြုလုပ်နေဟု ဆို

စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်ရှိ လက်ထောက်ကြီးကြပ်ရေးမှူး ကျော်ထက်ဦးဟာ အကျဥ်းသားတွေဆီက လာဘ်ယူတာ၊ ခေါင်းပုံဖြတ်တာတွေ လုပ်နေတယ်လို့ Political Prisoners Network - Myanmar က သိရပါတယ်။
Read More

ရွာငံမှာ ပျူခေါင်းဆောင်နေအိမ်ကို ဝင်ရောက်စီးနင်းရာ သေနတ် ၁ လက်နဲ့ ကျည်ဆံတွေ သိမ်းဆည်းရမိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ရေလှကျေးရွာက ပျူစောထီးခေါင်းဆောင်ဆိုသူ ဌေးလွင်ရဲ့ နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ရာ သေနတ်  ၁ လက်နဲ့ ကျည်ဆံတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် - DSNDA က ထုတ်ပြန်ထားပါတယ်။