စစ်ကောင်စီကြောင့် မဖြစ်မနေ  နေရပ်စွန့်ခွာ ထွက်ပြေးလာရတဲ့ မြန်မာနိုင်ငံသားတွေကို ဖေးမကူညီစောင့်ရှောက်မှုတွေ ပြုလုပ်ပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

ဦးကျော်မိုးထွန်းက မြန်မာဒုက္ခသည်တွေအတွက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နဲ့ အိမ်နီးချင်းနိုင်ငံတွေကို အကူအညီတောင်းခံလိုက်တာပါ။

နိုဝင်ဘာလ ၆ ရက်နေ့က နယူးယောက်မြို့မှာကျင်းပတဲ့ (၇၉ ) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ လူမှုရေး၊ လူသားချင်းစာနာမှုနဲ့ ယဥ်ကျေးမှုဆိုင်ရာ တတိယကော်မတီ အစည်းအဝေးမှာ တိုက်တွန်းပြောဆိုသွားတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ မတရားဖမ်းဆီးချုပ်နှောင်မှု၊ အကြမ်းဖက်မှုတွေနဲ့ စစ်မှုထမ်း ဥပဒေကို ဗန်းပြပြီး တပ်သားစုဆောင်းမှုတွေကြောင့်  မြန်မာပြည်သူတွေဟာ အိမ်နီးချင်းနဲ့ ဒေသတွင်းနိုင်ငံတွေကို ထွက်ပြေးခိုလှုံနေရတယ်လို့ သံအမတ်ကြီးကဆိုပါတယ်

စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့‌ ရာဇဝတ်မှုတွေ အရပ်သားပြည်သူတွေအပေါ် ကျူးလွန်နေဆဲဖြစ်ပြီး မဆင်မခြင်တိုက်ခိုက်မှုတွေကြောင့် ဒုက္ခသည်အကျပ်အတည်း စိုးရိမ်စရာအခြေအနေဖြစ်နေတယ်လို့ သံအမတ်ကြီးက ကုလနိုင်ငံတွေကို အသိပေးတိုက်တွန်းပြောကြားပါတယ်။

ပြစ်မှု ကျူးလွန်သူတွေကို တရားဥပဒေအရ အရေးယူနိုင်ဖို့တဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်ရေး အတွက် မြန်မာ့အရေးကို ကူညီပေးကြဖို့လည်း တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

0 Shares:
You May Also Like
Read More

ဖမ်းဆီးခံ သတင်းသမားများအားလုံး အမြန်ဆုံးပြန်လွှတ်ပေးရေး UK In Myanmar တောင်းဆို… ကမ္ဘာ့သတင်းလွတ်လပ်ခွင့် မရှိဆုံးစာရင်းမှာ မြန်မာ ပါဝင်ဆဲဖြစ်..

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းသမားအားလုံးကို အမြန်ဆုံးပြန် လွှတ်ပေးဖို့ မေလ ၃ ရက် ဒီနေ့မှာ ကျရောက်တဲ့ နိုင်ငံတကာစာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ထုတ်ပြန်တောင်းဆိုလိုကိပါတယ်။
Read More

ထိုင်းအမျိုးသမီးကိုသတ်ပြီး အလောင်းဖျောက်တယ်ဆိုတဲ့ စွဲချက်နဲ့ မြန်မာအမျိုးသားတစ်ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသမှာ  ထိုင်းအမျိုးသမီးကိုသတ်ပြီး အလောင်းဖျောက်တယ်ဆိုတဲ့ စွဲချက်နဲ့ မြန်မာအမျိုးသားတစ်ဦး ဖမ်းဆီးခံထားရတယ်လို့ ထိုင်းအခြေစိုက်သတင်းဌာနတွေမှာ ဖော်ပြလာပါတယ်။
Read More

ခက်ခဲဒုက္ခရောက်နေသည့် မြန်မာပြည်သူများကို ဖေးမကူညီမည်ဟု ဂျပန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ပြော

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရိုဟင်ဂျာများ၏ ဒုက္ခ ပိုမိုကြီးလေးခဲ့သည်ဟု ကုလနှင့် နိုင်ငံတကာကို သံအမတ်ကြီး ဦးကျော်မိုးထွန်း အသိပေး

မြန်မာနိုင်ငံက ရိုဟင်ဂျာတွေရဲ့ ဒုက္ခဟာ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက်မှာ  ပိုမိုဆိုးရွားလာတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
Read More

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပြောင်းဖို့ အာဏာသိမ်းစစ်တပ်က ထိုင်းကိုပြော

မြဝတီ-မဲဆောက် နယ်စပ်ဂိတ်ကို ထိုင်းကုန်စည်တွေ တင်သွင်းမှု တင်းကျပ်ထားတဲ့ အာဏာသိမ်းစစ်တပ်က ထိုင်းပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ ၎င်းတို့ကုန်စည်တွေကို ရနောင်းနဲ့ မယ်ဆိုင်နယ်စပ်ဂိတ်တွေကနေ တင်သွင်းဖို့ ပြောဆိုလိုက်ပါတယ်။
Read More

ထိုင်းရောက်မြန်မာများ ၁၄ ရက်ကြာ အနေအထိုင်ဆင်ခြင်ရေးလှုပ်ရှားမှု ကမ်ပိန်းကို ပူးပေါင်းပါဝင်

ထိုင်းနိုင်ငံမှာ အေးချမ်းစွာ နေထိုင်ကြောင်းပြသတဲ့ ၁၄ ရက်ကြာ အနေအထိုင်ဆင်ခြင်ရေး လှုပ်ရှားမှုမှာ မြန်မာနိုင်ငံသားတွေ ပူးပေါင်းပါဝင်ပေးကြဖို့ ထိုင်းရောက် မြန်မာအရေးလှုပ်ရှားသူတွေက လှုံ့ဆော်နေကြပါတယ်။