စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့၊ ပလိုင်းခြံက အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို နိုဝင်ဘာ ၃ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodie အဖွဲ့ထံက သိရပါတယ်။

ရွှေဘိုမြို့ လေ့ကျင့်ရေး ၈ က အကြမ်းဖက်စစ်သားတွေနဲ့ ရွှေဘိုအနောက်ခြမ်းက ပျူစောထီးတွေ ပူးပေါင်းထားတဲ့ အင်အား ၁၀၀ ခန့်ဟာ ချီပါကျေးရွာကို ဝင်ရောက်တပ်စွဲထားတယ်ဆိုတဲ့ သတင်းအရ နိုဝင်ဘာ ၂ ရက်မှာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ယောက် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီစစ်ကောင်စီလက်အောက်ခံတွေကို ပလိုင်းခြံက အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ ပူးပေါင်းပြီး ထွက်ကြိုနေတဲ့ သတင်းအရ နိုဝင်ဘာ ၃ ရက်မှာလည်း ဒရုန်းနဲ့ ဗုံးသီး ထပ်မံကြဲချတိုက်ခိုက်ခဲ့ရာ အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ဒဏ်ရာရ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို နိုဝင်ဘာ ၆ ရက် ညပိုင်းက ရွှေဘိုမြို့ထဲကို သယ်ဆောင်သွားပြီး ချီပါရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကလည်း ဒီနေ့ နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းမှာ ရွှေဘိုမြို့ထဲကို ပြန်လည်ဝင်ရောက်သွားပြီဖြစ်တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Shwebo Crocodie ၊ဝက်လက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ၊ M .SAI . N ပြောက်ကျား ဒရုန်းတပ်ဖွဲ့ ၊HG FIGHTER ၊ စွန်ရဲရွှေဘို ၊ ဇေယျာသွေး ၊ YAUNG NI ၊ တောင်သူလွတ်မြောက်ရေးအင်းအားစု(FIF)၊ ရှင်းရှင်းပြည်သူ့ကာကွယ်ရေးဖွဲ့ ၊ ဒေါင်းစစ်သည်အဖွဲ့ နဲ့ ဗိုလ်လင်းရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဒပယ) တပ်ပေါင်းစုတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူများ လယ်ယာရိတ်သိမ်းနေချိန် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တဲ့ ပန်းရံပျူစခန်းနဲ့ သီလုံးပျူစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ပန်းရံပျူစခန်းနဲ့ သီလုံးပျူစခန်းကို ဇန်နဝါရီ ၂ ရက် နံနက်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodile တပ်ဖွဲ့ထံက သိရပါတယ်။
Read More

MBT တပ်ဖွဲ့တွင် BT 16 သေနတ်များ စတင်ထုတ်လုပ်နေပြီဖြစ်ကြောင်း ဗိုလ်မိုက်ခဲအသိပေး (ရုပ်/သံ)

Myingyan Black Tiger (MBT) တပ်ဖွဲ့မှာ ထုတ်လုပ်ထားတဲ့ BT-16 သေနတ်တွေကို အလှူရှင် အမည်တွေနဲ့ စတင်ထုတ်လုပ်နေပြီဖြစ်ကြောင်း ဗိုလ်မိုက်ခဲမှာ အသိပေးထုတ်ပြန်ထားပါတယ်။
Read More

(၆၃)နှစ်မြောက် တအောင်းတော်လှန်ရေးနေ့အခမ်းအနား ကျင်းပ (ရုပ်/သံ)

ရှမ်းပြည်နယ် မန်တုံမြို့နယ်ထဲမှာ ဇန်နဝါရီ ၁၂ ရက်က (၆၃) နှစ်မြောက် တအောင်းတော်လှန်ရေးနေ့ အခမ်းအနား ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

ရွှေဘိုမြို့တောင်ဘက်မှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီး စစ်သား ၁ ယောက်သေကာ ၂ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်းရွှေဘိုမြို့‌အဝင်တောင်ဘက်မှာစက်တင်ဘာ၃၀ရက်ညနေပိုင်းကကားလမ်းထွက်ပိတ်တဲ့အကြမ်းဖက်စစ်သားတွေနဲ့တော်လှန်ရေးတပ်တွေထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
Read More

တော်လှန်ရေးတပ်တွေရဲ့ ပိတ်ဆို့ခံထားရတဲ့ တောင်းအင်စစ်စခန်းမှာ စစ်ကော်မရှင်တပ်သားတွေ ဆုတ်ခွာထွက်ပြေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း မော်လိုက်မြို့နယ် တောင်းအင်စခန်းကနေ စစ်ကော်မရှင်တပ်သားတွေ ဆုတ်ခွာထွက်ပြေးသွားတဲ့အတွက် တော်လှန်ရေးတပ်တွေ သိမ်းပိုက်ရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

တပ်မ ၃၃ မှ မုံရွာမြို့ နမခသို့ ထွက်လာသည့် သံပြားကာယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းမြို့ တပ်မ ၃၃ ကနေ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဆီ စစ်သားအင်အားဖြည့်တင်းဖို့ ထွက်လာတဲ့ သံပြားကာ ၄ စီးယာဉ်တန်းကို ဖေဖော်ဝါရီ ၄ ရက် နေ့လယ်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 people’s defense force အဖွဲ့ထံက သိရပါတယ်။