စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ တောပုရွာနဲ့ ညောင်ဖြူပင်ရွာက စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ 5/Commando Force အဖွဲ့ဆီက သိရပါတယ်။

တောပုရွာက ပျူစောထီးခေါင်းဆောင်နေအိမ်နဲ့ စစ်ကောင်စီ တပ်သားတွေ နေထိုင်တဲ့ နေအိမ်တွေကို နိုဝင်ဘာလ ၆ ရက် မနက်ပိုင်းမှာ ၃ နာရီအတွင်း ဒရုန်းနဲ့ ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်ခဲ့သလို ညောင်ဖြူပင်ရွာက စစ်တပ် အထိုင်စခန်းကိုပါ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုတွေ ရှိပေမယ့် အတိအကျကို ဆက်လက် စုံစမ်းအတည်ပြုနေတယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေကို မုံရွာခရိုင်ပြည်သူ့ကာကွယ်‌ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း () အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boys ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၄ တပ်ခွဲ () 5/ Commando Force ၊မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၉ တပ်ရင်း FRF 2 ChinDwin fighter group (C.F.G) ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၂၃) တပ်ခွဲ ၂ ၊ Tiger Brothers people’s Defence Force ၊ မုံရွာခရိုင်တပ်ရင်း (၂၃ )တပ်ခွဲ( ) Midlane New Generation Defence Force နဲ့ ဆားလင်းကြီးဒရုန်းအဖွဲ့တွေ အပါအဝင် ဒရုန်းမဟာမိတ် ညီနောင်တွေ ပူးပေါင်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စလင်းတွင် နိုဝင်ဘာလအတွင်း အရပ်သား ၃၀ နီးပါး ပေါ်တာဆွဲခံရပြီး အဆမတန် ငွေညှစ်ခံရသူ ၂ ဦးသာ ပြန်လွတ်လာ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ နိုဝင်ဘာလ တစ်လတည်းအတွင်း လူငယ် ၂၉ ယောက်ကို စစ်ကော်မရှင်က ဖမ်းဆီးခဲ့ပြီး ငွေပေးနိုင်သူ ၂ယောက်သာ လွတ်မြောက်ကာ ကျန်တဲ့သူတွေ စစ်သင်တန်းကျောင်း ပို့ဆောင်ခံရကြောင်း ပြည်သူ့ညီနောင် - စလင်းတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

နွေဦးတော်လှန်ရေးရဲ့ စစ်ရေးနဲ့ အုပ်ချုပ်ရေး အတွေ့အကြုံ စကားဝိုင်းပြုလုပ်မယ်

စစ်အာဏာသိမ်းမှု ၄ နှစ်တာကာလအတွင်း နွေဦးတော်လှန်ရေးရဲ့ စစ်ရေးနဲ့ အုပ်ချုပ်ရေး အတွေ့အကြုံတွေကို NUG အစိုးရအဖွဲ့ဝင်တချို့နဲ့ တော်လှန်ရေးအင်အားစုတွေက စကားဝိုင်းပြုလုပ်ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
Read More

ဆီဆိုင်မှာ စစ်ကောင်စီတပ် မီးလောင်ဗုံးနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၂ လုံးနဲ့ ကား ၁ စီး မီးလောင်ပျက်စီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ထီစုံရွာမှာ အကြမ်းဖက်စစ်ကောင်စီက ဒရုန်းအသုံးပြုကာ မီးလောင်ဗုံးနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၂ လုံးနဲ့ ကား ၁ စီး မီးလောင်ပျက်စီးသွားတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာတွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး ဒဏ်ရာရ၊ နေအိမ် ၄ လုံး ပျက်စီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာရှိ စစ်ကော်မရှင်တပ်သားများကို ဝင်ရောက်တိုက်ခိုက်၊ တပ်ကြပ်ကြီးအဆင့် (၂) ဦးအပါ ၇ ဦးသေဆုံးပြီး ဒုဗိုလ်မှူးကြီးအပါ ၅ ဦး ဒဏ်ရာရ…

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ထားဝယ်−ထီးခီးလမ်းပေါ်ရှိ ပကာရီကျေးရွာရှိ ယက္ကန်းစင်ဘုန်းကြီးကျောင်းမှာ ယာယီတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဝင်ရောက်တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။