စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းက သဖန်းကျေးရွာကို မီးရှို့ဖျက်ဆီးကာ အသက်၇၀အရွယ် အဘိုးအိုတစ်ယောက်ကို ဖမ်းဆီးသတ်ဖြတ်ထားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

နိုဝင်ဘာ ၅ရက်၊ မနက်ပိုင်းက ဘုတလင်မြို့ကနေ ထွက်ခွာလာတဲ့အကြမ်းဖက်စစ်ကြောင်းဟာ သပြေပင်ကျေးရွာကိုဖြတ်ရင်း သဖန်းရွာအနောက်ဘက်အရောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ နာရီဝက်ကြာ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

အထိနာသွားတဲ့ အကြမ်းဖက်စစ်ကြောင်းအတွက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခ တပ်စခန်းထဲကနေ သဖန်းကျေးရွာဆီ ဟောင်ဝစ်ဇာလက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဲ့ဒီနေ့ ညနေပိုင်းမှာပဲ သဖန်းကျေးရွာကိုဝင်ရောက်တပ်စွဲခဲ့တယ်လို့ ရွာဇော်ကြီးတော်လှန်အသံအဖွဲ့က ပြောပါတယ်။

နိုဝင်ဘာ ၇ ရက် မနက်ပိုင်းမှာတော့ သဖန်းကျေးရွာကို စစ်ကောင်စီက စတင် မီးရှို့ဖျက်ဆီးခဲ့ပြီး သဖန်းရွာသား ဦးစန်းလွင်ကိုလည်း ဓားစားခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ကာ သဖန်းရွာအနောက်ဘက်မှာပဲ နားထင်တေ့ပစ်ပြီး သတ်ဖြတ်ထားခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၃၇လုံး မီးလောင်ပျက်စီးခဲ့သလို အသက်၇၀အရွယ် သဖန်းရွာသား ဦးစန်းလွင်လည်း ရက်ရက်စက်စက် အသတ်ခံခဲ့​​​​ရတာဖြစ်ပါတယ်။

ဦးစန်းလွင်ရဲ့နေအိမ်လည်း မီးထဲပါသွားခဲ့ကြောင်းနဲ့ ကျန်ရစ်တဲ့ ရုပ်အလောင်းကိုတော့ ဒီနေ့ နိုဝင်ဘာ ၈ရက် မနက်ပိုင်းမှာ ရွာအနောက်ဘက် ရေကျော်အနီး ရှာတွေ့ခဲ့တယ်လို့ ရွာဇော်ကြီးတော်လှန်အသံက ကိုးကားဖော်ပြထားပါတယ်။

လက်ရှိမှာတော့ အဲဒီအကြမ်းဖက်စစ်ကြောင်းဟာ သဖန်းရွာကတဆင့်သပြေပင်ရွာကို ထွက်ခွာကာ ဘုတလင်မြို့ထဲအထိ ပြန်ပြီးဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

စီပါကျေးရွာတိုက်ပွဲအပြီး အကြမ်းဖက်စစ်ကောင်စီက ဘုတလင်မြို့နယ်အတွင်း အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စစ်ကြောင်းထိုးကာ ကျေးရွာအနှံ့ မီးရှို့ဖျက်ဆီးနေသလို အရပ်သားတွေကိုလည်း ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်နေတာ ဖြစ်ပါတယ်။

 

သဖန်းကျေးရွာ မီးလောင်ပျက်စီးနေပုံနဲ့ ဦးစန်းလွင် ပစ်သတ်ခံထားရပုံ (ဓာတ်ပုံ ရွာဇော်ကြီးတော်လှန်အသံ)

0 Shares:
You May Also Like
Read More

နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချပြီး ဒရုန်း၊ ဟောင်ဝေဇာများဖြင့် ပစ်ခတ်တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချပြီး ဒရုန်း၊ ဟောင်ဝေဇာတို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

TNLA ထိန်းချုပ်ရာ နမ့်ခမ်းကို လေကြောင်းကနေ ၃ ကြိမ်တိုင်ဗုံးကြဲတိုက်ခိုက်

TNLA ထိန်းချုပ်ထားတဲ့  ရှမ်းမြောက်က နမ့်ခမ်းမြို့ကို ဒီနေ့ အောက်တိုဘာ ၂၇ ရက် မနက် ၇နာရီခွဲလောက်မှာ လေကြောင်းကနေ ၃ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA က အသိပေးထုတ်ပြန်ပါတယ်။
Read More

ညောင်ရွှေနှင့် ပင်လောင်းကို ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီ လေကြောင်းနဲ့ လက်နက်ကြီး အကြိမ်ရေ ၈၀ ထက်မနည်း တိုက်ခိုက်ခဲ့

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေနဲ့ ပင်လောင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၅ ယောက် သေဆုံးခဲ့ရကြောင်း အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

“အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့” အထိမ်းအမှတ်အနေနဲ့ ထားဝယ် အမျိုးသမီး သမဂ္ဂကနေ “နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှု” ပြုလုပ်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်မှာ ဒီကနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ကျရောက်တဲ့ "အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့" အထိမ်းအမှတ်အနေနဲ့ နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ (ထားဝယ်) ကနေ ဦးဆောင်ပြီး "နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှု" ကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

နတ်တလင်းတွင် စစ်ကြောင်းထွက်လာသည့် စစ်အုပ်စုနှင့် PDF များ ထိတွေ့တိုက်ပွဲ ၃ နာရီကြာဖြစ်ပွား၊ စစ်အုပ်စုက ၈ ဦးသေပြီး အများအ​ပြား ဒဏ်ရာရ

ပဲခူးတိုင်း၊ နတ်တလင်း​မြို့နယ်မှာ ပြည်သူ့စစ်ကျေးရွာကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ၃ နာရီကြာဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်တပ်က ၈ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားနဲ့ ပြန်လည်ဆုတ်ခွာသွားတယ်လို့ Bamar Revolution Army-B.R.A ရဲ့ တပ်ခွဲမှူး ရဲဘော်လကျာ်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မင်းလှမြို့နယ်အတွင်း တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွား၊ စစ်တပ်က ၅၀ ထက်မနည်း သေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ဦးကျဆုံး…

ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်းရှိ ပဲခူးရိုးမမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ် ပွားရာ စစ်တပ်က ၅၀ ထက်မနည်း သေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က ဒီနေ့ ထုတ်ပြန်ပါတယ်။