ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ခြမ်းကကျေးရွာတွေမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းတွေကြောင့် ၁ လ ကျော်အတွင်း အရပ်သား ၁၀ ယောက်သေဆုံးကာ ၂၉ ယောက် ထိခိုက်ခဲ့ပြီး နေအိမ်အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ရေတာရှည်မြို့နယ်၊စစ်တောင်းမြစ်အရှေ့ဘက်ကကျေးရွာတွေမှာအကြမ်းဖက်စစ်ကောင်စီကစစ်ကြောင်းထိုးဝင်ရောက်ရင်းပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ထိတွေ့မှုတွေရှိသလိုနေ့စဥ်နဲ့အမျှလက်နက်ကြီးပစ်ခတ်တာတွေ၊ဒရုန်းနဲ့ထုတာတွေလည်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

သူတို့တွေ (စစ်ကောင်စီ)  ဆွာရွာမနဲ့ ရွာသစ်မှာ ပြီးခဲ့တဲ့ ဧပြီလလောက်ကတည်းက လာပြီးတပ်စွဲထားတာ.. မြစ်အရှေ့ဘက်ကမ်းက ကျေးရွာတွေကို နယ်မြေစိုးမိုးဖို့ ကြိုးစားနေတာပေါ့။ ကျနော်တို့ တော်လှန်ရေးတပ်တွေကလည်း ထိုးစစ်ဆင်သလို သူတို့ကလည်း ကျနော်တို့ဘက် တိုးလာတာမျိုးတွေ ရှိပါတယ်။ အဲ့ဒီကတည်းက လက်နက်ကြီးတွေ၊ ဒရုန်းတွေကို ရမ်းထုနေတော့တာပါလို့ ကီးကူစစ်ကြောင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက စစ်ကောင်စီလက်နက်ကြီး ထိမှန်ခဲ့တဲ့ ကျေးရွာ (ဓာတ်ပုံ ကီးကူစစ်ကြောင်း)
ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက စစ်ကောင်စီလက်နက်ကြီး ထိမှန်ခဲ့တဲ့ ကျေးရွာ (ဓာတ်ပုံ ကီးကူစစ်ကြောင်း)

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ရက်နဲ့ နိုဝင်ဘာ ၁ရက်နေ့တွေမှာလည်း စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

၃၁ရက်နေ့က ဒီကောင်တွေ ကျနော်တို့ဆီ စစ်ကြောင်း တိုးလာလို့ ထိတွေ့မှုဖြစ်တာပါမနက်၁၀ နာရီကနေ  ညနေ ၅နာရီအထိဖြစ်ခဲ့တာ စကစဘက်ကထိခိုက်သေဆုံးတာတွေရှိခဲ့တယ်။ အဲ့နေ့ သန်းခေါင်မှာပဲ ထိခိုက်ဒဏ်ရာရတဲ့သူတွေနဲ့ သေတဲ့သူတွေကို စက်လှေတွေနဲ့ ဟိုဘက်ကမ်း(စစ်တောင်းမြစ်အနောက်ဘက်ကမ်း)ကို ပြန်တင်သွားပါတယ်။ ၁ရက်နေ့ကျတော့လည်း မနက်စောစောမှာ ထပ်တိုးလာလို့ ထိတွေ့မှုဖြစ်တာပါ။ အဲ့မှာကျ သူတို့ဘက်က ၉ယောက်သေပြီး ပြန်ဆုတ်သွားပါတယ်။ သေဆုံး ထိခိုက်စာရင်းတွေက ကျနော်တို့ စုံစမ်းရသလောက်ပါပဲ အတိအကျတော့ အတည်မပြုနိုင်ပါဘူးလို့ ကီးကူစစ်ကြောင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက စစ်ကောင်စီလက်နက်ကြီး ထိမှန်ခဲ့တဲ့ ကျေးရွာ (ဓာတ်ပုံ ကီးကူစစ်ကြောင်း)
ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက စစ်ကောင်စီလက်နက်ကြီး ထိမှန်ခဲ့တဲ့ ကျေးရွာ (ဓာတ်ပုံ ကီးကူစစ်ကြောင်း)

ပြီးခဲ့တဲ့ အောက်တိုဘာလအစကနေ နိုဝင်ဘာ ၆ရက်နေ့အထိ နှစ်ဖက်ထိတွေ့မှုတွေထဲ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေအပြင် ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကလည်း ၃ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ကျေးရွာတွေမှာ စစ်ကောင်စီတပ်ရဲ့ ၁၂၀မမ လက်နက်ကြီးပစ်ခတ်မှု၊  ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးပြီး နေအိမ် ၁၅လုံးထက်မနည်းလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကြီးပစ်၊  ဒရုန်းနဲ့ဗုံးချတာတွေက ဒီလထဲမှာ ပိုဆိုးလာတယ်။ လက်နက်ကြီးက နေ့တိုင်းနီးပါးပစ်တယ်။ ဒရုန်းကြဲရင် တစ်ရက်ကို ၅ကြိမ်ကနေ ၆ကြိမ်လောက် ကြဲတတ်တယ်။ လက်နက်ကြီးကတော့ မနက်၃လုံး ညနေ ၃ လုံးပုံမှန်ပဲ။ .တော်လှန်ရေးတပ်ဖွဲ့တွေရှိတယ် အထင်နဲ့ပေါ့။ လက်ရှိ ကျနော်တို့စစ်ကြောင်းက ၁ ယောက်ရယ်..အလယ်ပိုင်းတိုင်း နေပြည်တော်တပ်ရင်းက ၂ ယောက််ရယ်ဆိုတော့ စုစုပေါင်း ၃ယောက် ထိခိုက်ထားပါတာ။ အခုတော့ သက်သာပါတယ်။လို့ ကီးကူစစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက စစ်ကောင်စီလက်နက်ကြီး ထိမှန်ခဲ့တဲ့ အရပ်သား (ဓာတ်ပုံ ကီးကူစစ်ကြောင်း)
0 Shares:
You May Also Like
Read More

KNDF အမှတ် (၈) ဗျူဟာက ပြုလုပ်တဲ့ အပတ်စဉ် (၆) သင်တန်းဆင်းပွဲ…

ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် - KNDF အမှတ် (၈) ဗျူဟာက ပြုလုပ်တဲ့ အပတ်စဉ် (၆) စစ်သင်တန်းဆင်းပွဲကို ဇန်နဝါရီလ ၁၆ရက် မနက်ပိုင်းမှာ ကရင်နီပြည်ရှိ လွတ်မြောက်နယ်မြေ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အရပ်သား ၆ ယောက် သေဆုံးခဲ့တဲ့ မိုးကုတ်မြို့ ကျောက်တွင်းလုပ်ကွက် စစ်တပ်ဗုံးကြဲမှုဖြစ်စဥ် NUG လူ့အခွင့်အရေးဝန်ကြီးဌာန ထုတ်ပြန်

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့အနောက်ပိုင်း၊ ဝင်းထရံ ရပ်ကွက်က ကျောက်တွင်းလုပ်ကွက် (ဝင်းထရံလုပ်ကွက်)ကို အကြမ်းဖက်စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ် အသေးစိတ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပေါက်ခေါင်းတွင် တပ်ဖွဲ့အချိန်းအပြောင်းလုပ်နေသည့် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်မှာ ဘောင်ဒါအထိုင်စခန်းကနေ လူအချိန်းအပြောင်းလုပ်ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၁) ဗျူဟာ၊ ပြည်ခရိုင် အမှတ် (၂)၊ ၃၆၀၂ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

ငဖဲတွင် နှစ်လဆက် ထိတွေ့တိုက်ပွဲများဖြစ်ပြီး စစ်ကောင်စီဘက်က အယောက်၂၀ ထက်မနည်း သေဆုံးခဲ့

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ ဖေဖော်ဝါရီလနဲ့ မတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေထဲ စစ်ကောင်စီဘက်က အယောက်၂၀ ထက်မနည်း သေဆုံးပြီး အများပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) က ထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က ကျောက်မဲမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်….

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ရပ်ကွက် (၂) ထဲကို အကြမ်းဖက် စစ်တပ်က လေကြောင်းနဲ့ ပေါင်(၂၅၀)ဗုံး (၂)လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူတွေကို နည်းမျိုးစုံ ညှင်းပန်းနှိပ်စက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီက “လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ” ဆိုတဲ့စာတန်းပါ မီးပုံးပျံလွှတ်တင်

ပြည်သူတွေအပေါ် နည်းပေါင်းစုံနဲ့ စစ်ရာဇဝတ်မှုတွေ နေ့စဉ် ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်တပ်က “လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ” ဆိုတဲ့ စာတန်းပါ မီးပုံးပျံကို နေပြည်တော်မီးပုံးပျံပွဲမှာ လွှတ်တင်ခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။