မြန်မာပြည်ရဲ့ ဆိုးရွားလာတဲ့ ပြည်တွင်းပဋိပက္ခကို တည်ငြိမ်စေဖို့ ကြိုးပမ်းတဲ့အနေနဲ့ တရုတ်ဘက်က စစ်ကောင်စီကို ပံ့ပိုးထောက်ခံပေးမယ့်သဘော တရုတ်ဝန်ကြီးချုပ်လီကျန်းက နိုဝင်ဘာလ ၆ ရက်မှာ မင်းအောင်လှိုင်ကို ပြောဆိုခဲ့ပါတယ်။

မင်းအောင်လှိုင်ရဲ့ ပထမဆုံးတရုတ်ခရီးစဉ်အတွင်း ကူမင်းက ဒေသတွင်းအစည်းအဝေးတစ်ခုရဲ့ ဘေးပေါက်တွေ့ဆုံမှုမှာ လီကျန်းကနိုင်ငံရေးပြန်လည်သင့်မြတ်ရေးနဲ့ အသွင်ကူးပြောင်းရေးကို မြှင့်တင်ရာမှာ တရုတ်နိုင်ငံက မြန်မာကို ထောက်ခံတယ်လို့ပြောဆိုခဲ့ကြောင်းဆင်ဟွာသတင်းအေဂျင်စီကဖော်ပြခဲ့ပါတယ်။

ပေကျင်းအနေနဲ့ စီးပွားရေးစင်္ကြံနဲ့ BRI စီမံကိန်းအောက်ကအဆောက်အအုံလုပ်ငန်းတွေအပါအဝင်မြန်မာနိုင်ငံတွင်းတရုတ်အကျိုးစီးပွါးတိုးတက်စေရေးအတွက်မြန်မာနဲ့လက်တွဲလုပ်ဆောင်ဖို့အသင့်ရှိကြောင်းလီကပြောကြားခဲ့တယ်လို့လည်းသိရပါတယ်။

တွေ့ဆုံမှုအတွင်းမင်းအောင်လှိုင်ကတရုတ်ရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့ကတိပြုခဲ့ကြောင်း၊တိုက်ပွဲတွေပြင်းထန်နေတာကြောင့်ရပ်ဆိုင်းထားရတဲ့နယ်စပ်ကုန်သွယ်ရေးပြန်စနိုင်ဖို့သူတို့နှစ်ယောက်ဆွေးနွေးခဲ့ကြောင်းစစ်ကောင်စီကထုတ်ပြန်ပါတယ်။

လက်ရှိကူမင်းခရီးစဉ်ဟာ၂၀၂၁စစ်အာဏာသိမ်းပြီးနောက်ပိုင်းမင်းအောင်လှိုင်ကိုတရုတ်ကဖိတ်တဲ့ပထမဆုံးခရီးစဉ်ဖြစ်ပြီးစစ်ကောင်စီကလည်းဒါကိုနိုင်ငံတကာတရားဝင်မှုအဖြစ်ဝါဒဖြန့်လျက်ရှိပါတယ်။

အနောက်နိုင်ငံတွေအပါအဝင်နိုင်ငံတကာကစစ်ကောင်စီနဲ့ဆက်စပ်တဲ့လူတွေနဲ့လုပ်ငန်းတွေကိုပိတ်ဆို့အရေးယူမှုတွေပြုလုပ်နေတာကြောင့်စစ်ကောင်စီဟာတရုတ်နဲ့ရုရှားကိုအဓိကထားပြီးစစ်ရေး၊နိုင်ငံရေးအရရပ်တည်နေတာဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလက ကရင်ပြည်နယ်မှာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA တပ်ဖွဲ့ဝင်တစ်ယောက်ကို တွေ့ရစဉ် (ဓာတ်ပုံ Reuters)

စစ်ခေါင်းဆောင်ရဲ့ခရီးစဉ်မတိုင်မီပြီးခဲ့တဲ့လကမန္တလေးမှာဖြစ်ပွားခဲ့တဲ့တရုတ်ကောင်စစ်ဝန်ရုံး‌ဖောက်ခွဲခံရမှုဖြစ်စဉ်ကိုလည်းစုံစမ်းစစ်ဆေးဖို့ပေကျင်းကစစ်ကောင်စီကိုဒေါသတကြီးတောင်းဆိုထားပြီးအခုအထိဘယ်သူလုပ်ဆောင်ခဲ့တယ်ဆိုတာရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

အဲဒီအဖြစ်အပျက်ဟာတရုတ်အစိုးရရဲ့သြဇာလွှမ်းမိုးမှုကြီးမားနေတဲ့စစ်ကောင်စီနဲ့လူမျိုးစုလက်နက်ကိုင်အဖွဲ့တို့ကြားဆက်ဆံရေးဟန်ချက်ညီအောင်ဆောင်ရွက်ရာမှာတရုတ်အနေနဲ့ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေကိုမီးမောင်းထိုးဖော်ပြနေတာပါ။

အခုသီတင်းပတ် အစောပိုင်းမှာလည်း NUG အပါအဝင်တော်လှန်ရေးအင်အားစုတချို့ကမင်းအောင်လှိုင်ကိုတရုတ်ရဲ့ဖိတ်ကြားချက်အပေါ်ဝေဖန်ခဲ့ကြပြီးတိုက်ပွဲတွေချုပ်ငြိမ်းဖို့ဖိအားပေးမှုတွေကမအောင်မြင်ကြောင်းပြောဆိုခဲ့ကြပါတယ်။

အာဏာသိမ်းပြီးနောက်လက်နက်ကိုင်တော်လှန်ရေးစတင်ပြီး၃နှစ်ကျော်အကြာမှာစစ်ကောင်စီဟာတရုတ်၊အိန္ဒိယနဲ့ထိုင်းနယ်စပ်တို့အပါအဝင်နိုင်ငံအနှံ့နေရာတော်တော်များများလက်လွှတ်ဆုံးရှုံးထားရပြီးအရပ်သားထိခိုက်သေဆုံးမှုများပြားစေတဲ့လေကြောင်းနဲ့လက်နက်ကြီးကိုအဓိကအားကိုးနေရတာဖြစ်ပါတယ်။

တချို့ကတော့ မြန်မာပြည်ရဲ့ ၈၆% စာ မြို့နယ်တွေမှာ စစ်ကောင်စီရဲ့ ထိန်းချုပ်မှု ဆုံးရှုံးသွားပြီလို့ ဆိုပြီး စစ်ဗိုလ်ချုပ်တွေ ဘယ်လောက်ကြာကြာ အာဏာဆက်ပြီး ကိုင်စွဲထားနိုင်တော့မလဲဆိုတဲ့အပေါ် မေးခွန်းတွေ ထွက်လာပါတယ်။

မူရင်း – China’s premier vows support for Myanmar in junta chief meeting

0 Shares:
You May Also Like
Read More

အာဆီယံဥက္ကဋ္ဌအနေနဲ့ မြန်မာ့အရေး ဦးစားပေးဆောင်ရွက်မယ်လို့ မလေးရှားပြော

မလေးရှားအနေနဲ့ အာဆီယံဥက္ကဋ္ဌတာဝန်ယူချိန်မှာ အဓိကစိန်ခေါ်မှုတွေအတွက် အဖြေရှာဖို့နဲ့ ဘယ်အဖွဲ့ဝင်နိုင်ငံကိုမှ ချန်လှပ်မထားစေရေး ဦးစားပေးလုပ်ရမှာဖြစ်ကြောင်း ဝန်ကြီးချုပ် အန်ဝါအီဘရာဟင် က ပြောဆိုထားတယ်လို့ Khmer Times သတင်းက ဇန်နဝါရီ ၁၀ ရက်မှာ ဖော်ပြပါတယ်။ 
Read More

ဘီလာရုစ် သမ္မတက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ကူညီမှုအပေါ် Defend Myanmar Democracy အဖွဲ့ က ကန့်ကွက် 

စစ်ကောင်စီရဲ့ တရားမ၀င်ရွေးကောက်ပွဲမှာ ရုရှားနဲ့ ဘီလာရုစ် ပါ၀င်ကူညီမှုကို အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း Defend Myanmar Democracy အဖွဲ့ က ဒီနေ့ မတ်လ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။  
Read More

ပိတ်ဆို့မှုတွေ ရှောင်ရှားပြီး နိုင်ငံတချို့ စစ်ကောင်စီကို လေယာဉ်ဆီ တင်သွင်းပေးနေ

နိုင်ငံတကာ ကုမ္ပဏီတွေအနေနဲ့ စစ်ကောင်စီရဲ့ လေယာဉ်ဆီတင်သွင်း ဖြန့်ဖြူးရေးအပိုင်းမှာ အဓိက ပါဝင်နေတဲ့ မြန်မာ့ရေနံဓါတုလုပ်ငန်း (MPE)နဲ့ ဆက်ဆံရေး အားလုံးကို ချက်ချင်းရပ်ဆိုင်းပေးဖို့  Blood Money  အဖွဲ့က တောင်းဆိုလိုက်ပါတယ်။  
Read More

CRPH နှင့် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) တို့ တွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ - CRPH က လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) နဲ့ ဖေဖော်ဝါရီလ ၂၆ ရက်က ၁ နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်သူ ၆၈၀၀ ကျော် သေဆုံးကာ ၂၂၀၀၀ ကျော် အကြောင်းပြချက်မရှိ ဖမ်းဆီးခံထားရဟု NUG ဝန်ကြီးဒေါ်ဇင်မာအောင် ပြော

(၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ (IPU) ညီလာခံမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်သူ ၆၈၀၀ ကျော်သေဆုံးပြီး ပြည်သူ ၂၂၀၀၀ ကျော် အကြောင်းပြချက်မရှိ ဖမ်းဆီးခံထားရတယ်လို့ ပြောဆိုခဲ့ကြောင်း NUG က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြန်မာစစ်ပွဲအပေါ်  နိုင်ငံတကာရဲ့တုံ့ပြန်မှု ‘အလုပ်ဖြစ်မနေဘူး’ လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြော

မြန်မာ့ပြည်တွင်းစစ်ကို ရပ်တန့်ဖို့ ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုတွေဟာ အလုပ်မဖြစ်တာ ရှင်းလင်းနေတယ်လို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကအောက်တိုဘာလ ၁၀ ရက်နေ့မှာ ပြောကြားခဲ့ပြီး စစ်ကောင်စီကို ငွေ၊ လက်နက်နဲ့ တရားဝင်မှုတွေ ဖြတ်တောက်ဖို့ တိုက်တွန်းထားပါတယ်။