စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းက သဖန်းကျေးရွာကို မီးရှို့ဖျက်ဆီးကာ အသက်၇၀အရွယ် အဘိုးအိုတစ်ယောက်ကို ဖမ်းဆီးသတ်ဖြတ်ထားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

နိုဝင်ဘာ ၅ရက်၊ မနက်ပိုင်းက ဘုတလင်မြို့ကနေ ထွက်ခွာလာတဲ့အကြမ်းဖက်စစ်ကြောင်းဟာ သပြေပင်ကျေးရွာကိုဖြတ်ရင်း သဖန်းရွာအနောက်ဘက်အရောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ နာရီဝက်ကြာ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

အထိနာသွားတဲ့ အကြမ်းဖက်စစ်ကြောင်းအတွက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခ တပ်စခန်းထဲကနေ သဖန်းကျေးရွာဆီ ဟောင်ဝစ်ဇာလက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဲ့ဒီနေ့ ညနေပိုင်းမှာပဲ သဖန်းကျေးရွာကိုဝင်ရောက်တပ်စွဲခဲ့တယ်လို့ ရွာဇော်ကြီးတော်လှန်အသံအဖွဲ့က ပြောပါတယ်။

နိုဝင်ဘာ ၇ ရက် မနက်ပိုင်းမှာတော့ သဖန်းကျေးရွာကို စစ်ကောင်စီက စတင် မီးရှို့ဖျက်ဆီးခဲ့ပြီး သဖန်းရွာသား ဦးစန်းလွင်ကိုလည်း ဓားစားခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ကာ သဖန်းရွာအနောက်ဘက်မှာပဲ နားထင်တေ့ပစ်ပြီး သတ်ဖြတ်ထားခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၃၇လုံး မီးလောင်ပျက်စီးခဲ့သလို အသက်၇၀အရွယ် သဖန်းရွာသား ဦးစန်းလွင်လည်း ရက်ရက်စက်စက် အသတ်ခံခဲ့​​​​ရတာဖြစ်ပါတယ်။

ဦးစန်းလွင်ရဲ့နေအိမ်လည်း မီးထဲပါသွားခဲ့ကြောင်းနဲ့ ကျန်ရစ်တဲ့ ရုပ်အလောင်းကိုတော့ ဒီနေ့ နိုဝင်ဘာ ၈ရက် မနက်ပိုင်းမှာ ရွာအနောက်ဘက် ရေကျော်အနီး ရှာတွေ့ခဲ့တယ်လို့ ရွာဇော်ကြီးတော်လှန်အသံက ကိုးကားဖော်ပြထားပါတယ်။

လက်ရှိမှာတော့ အဲဒီအကြမ်းဖက်စစ်ကြောင်းဟာ သဖန်းရွာကတဆင့်သပြေပင်ရွာကို ထွက်ခွာကာ ဘုတလင်မြို့ထဲအထိ ပြန်ပြီးဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

စီပါကျေးရွာတိုက်ပွဲအပြီး အကြမ်းဖက်စစ်ကောင်စီက ဘုတလင်မြို့နယ်အတွင်း အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စစ်ကြောင်းထိုးကာ ကျေးရွာအနှံ့ မီးရှို့ဖျက်ဆီးနေသလို အရပ်သားတွေကိုလည်း ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်နေတာ ဖြစ်ပါတယ်။

 

သဖန်းကျေးရွာ မီးလောင်ပျက်စီးနေပုံနဲ့ ဦးစန်းလွင် ပစ်သတ်ခံထားရပုံ (ဓာတ်ပုံ ရွာဇော်ကြီးတော်လှန်အသံ)

0 Shares:
You May Also Like
Read More

အရက်မူးကာ သွေးသစ္စာသီချင်း မြို့ပတ် အော်ဆိုခဲ့သည့် ကျောင်းအုပ်ဆရာကြီးအပါ ၃ ဦးကို စစ်တပ် ဖမ်းဆီးထား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ပေါ်မှာ အရက်မူးပြီး သွေးသစ္စာသီချင်းအော်ဆိုခဲ့တဲ့ ကျောင်းအုပ်ဆရာ ကြီး ၁ယောက် အပါအဝင် ပညာရေးဝန်ထမ်း ၃ယောက်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ စစ်ကောင်စီ ဖမ်းဆီးထားကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

BGF နဲ့ DKBA တပ်ဖွဲ့ဝင်များ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ဝတ်စုံသာ ဝတ်ရတော့မယ်လို့ သတင်းထွက်ပေါ်

ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) တပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်တပ်ရဲ့ အစိမ်းရောင် စစ်ယူနီဖောင်းကိုသာ ဝတ်ရတော့မယ်လို့ အမိန့်ထုတ်ထားကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရပါတယ်။ “သူတို့ စစ်တပ်ယူနီဖောင်း အစိမ်းဝတ်မှ စစ်တပ်က လက်ခံမှာလို့ ပြောတယ်။ BGF ပျောက်ကြားတွေ၊ ကွန်ပျူတာကွက်တွေ၊ အဝါကွက်တွေ ဝတ်လို့ မရတော့ဘူးတဲ့။ စစ်တပ်လို အစိမ်းဝတ်မှတဲ့။ ဒီနေ့ပဲ သတင်းထုတ်ပြန်တာ” လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
Read More

အင်းတော်တွင် စစ်တပ်က လေယာဥ်ဖြင့် ဗုံးကြဲမှုကြောင့် Grade 12 ကျောင်းသူ ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ 

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ ကျောင်းတစ်ခုက Grade 12 ကျောင်းသူ ၁ ယောက် သေဆုံးကာ ၂ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ Indaw Revolution-IR  တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

နမခ အခြေစိုက် မုံရွာမြို့နယ်အတွင်း ရှစ်လေးလုံးအထိမ်းအမှတ် လှုပ်ရှားမှုပြုလုပ်ခဲ့

အကြမ်းဖက်စစ်ကောင်စီ တပ်စွဲထားတဲ့ ဗောဓိတစ်ထောင်အပါအဝင် မုံရွာ - မန္တလေး လမ်းမကြီးပေါ်နဲ့ မုံရွာမြို့ မုဒ်ဦးရှေ့တို့မှာ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနဲ့ တက်ကြွလူငယ်တွေ ပူးပေါင်းပြီး ၃၇ နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံအထိမ်းအမှတ် လှုပ်ရှားမှုတွေ ဖော်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ချောင်းဦးတွင် ဆေးကြောင်ပြီး ထွက်ပြေးလာသည့် စစ်သား ၁ ဦးကို ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ ဆေးကြောင်ပြီး ထွက်ပြေးလာတဲ့ စစ်သားတစ်ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ တပ်ပေါင်းစုစစ်ကြောင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အောင်ဇေယျစစ်ကြောင်းမှ စစ်သား ၃ဦး လက်နက်ယူဆောင် အလင်းဝင်လာခဲ့

အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းက စစ်သား ၃ ယောက်ဟာ လက်နက်အချို့ကို ယူဆောင်ကာ အလင်းဝင်ရောက်လာတယ်လို့ ဗျူဟာ (၃၁) လုံခြုံရေးတပ်ခွဲက ဒီနေ့ ထုတ်ပြန်ပါတယ်။