နိုင်ငံတစ်၀န်းမှာ စစ်မှုထမ်းဖို့ စာရင်းပေးပြီးမှ ပျက်ကွက်နေတဲ့သူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး တင်အောင်ဆန်းက ပြောကြားလိုက်ပါတယ်။

စစ်မှုထမ်းဖို့ စာရင်းသွင်းပြီးမှ အကြောင်းမဲ့ ပျက်ကွက်သူ၊ ဆေးအောင်ပြီးမှ ပျက်ကွက်သူ၊ သင်တန်းကျောင်းရောက်မှ ထွက်ပြေးသူတွေကို အရေးယူဖို့ တင်အောင်ဆန်းရဲ့ ပြောကြားမှုကို  နိုဝင်ဘာလ ၈ ရက်နေ့ထုတ် စစ်ကောင်စီရဲ့ ဝါဒဖြန့် ကြေးမုံသတင်းစာမှာ ဖော်ပြလာတာပါ။

ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ (မူကြမ်း) ကိုလည်း ပုဒ်မတစ်ခုချင်းစီအလိုက် စိစစ်နေပြီး အထက်အဆင့်ဆင့်ကို တင်ပြပြီးတာနဲ့ ထုတ်ပြန်တော့မယ်လို့ သိရပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းကိစ္စရပ်အတွက် အဂတိ ကင်းစင်ဖို့၊ အတင်းအဓမ္မ မစုဆောင်းဖို့ ဝါဒဖြန့်ပြောကြားထားပေမယ့် မြေပြင်မှာတော့ ဥပဒေအရ လုပ်ဆောင်မှုတွေ ရှိမနေပါဘူး။

လက်တွေ့မှာ စစ်မှုထမ်းဖို့အတွက် စစ်ကောင်စီက တရားဝင်နည်းလမ်းအပြင် လူငယ်တွေကို အဓမ္မဖမ်းဆီး ခေါ်ဆောင်စုဆောင်းတဲ့ နည်းလမ်းနဲ့ပါ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

စကစ၏ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၇/၂၀၂၄) (ဓာတ်ပုံ စကစ)

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလက စစ်မှုထမ်းဥပဒေ အတည်ပြုပြဋ္ဌာန်းပြီးနောက်ပိုင်း စစ်မှုထမ်းဖို့ လူစုဆောင်းလာတာဟာ အပတ်စဉ် () ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ညအချိန်အိမ်ပြင်ပ ရောက်နေသူတွေကို ပေါ်တာဆွဲခြင်း၊ ဧည့်စာရင်းအကြောင်းပြကာ ဖမ်းဆီးခြင်း၊ စစ်ဝတ်စုံနဲ့ ထောက်ပံ့ကြေးပေးကာ ဆွဲဆောင်ခြင်း၊ မိသားစုဝင်လူငယ်တွေ ပြည်ပရောက်၊မရောက် သက်သေပြခိုင်းခြင်းစတဲ့ နည်းလမ်းမျိုးစုံသုံးကာ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းဖို့ အကျပ်ကိုင်တဲ့ နည်းလမ်းတွေ အသုံးပြုလျက်ရှိနေပါတယ်။

ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာစောင့်ကြည်ရေးအဖွဲ့ BACS ရဲ့ အစီရင်ခံစာအရ တပ်အင်အားပြုန်းတီးနေတဲ့ စစ်ကောင်စီတပ်ဟာ စစ်မှုထမ်းအတွက် သင်တန်းကျောင်း ၂၁ ကျောင်း ဖွင့်လှစ်ထားပြီး လူငယ် ၁၀၀၀၀ ကျော် တပ်သားသစ် စုဆောင်းထားတယ်လို့ သိရပါတယ်။

နိုင်ငံတစ်ဝန်းမှာ  စစ်ကောင်စီရဲ့ စစ်မှုထမ်း အမှတ်စဥ် () ကနေ () အထိ စစ်သားစုဆောင်းခံရသူ နှစ်သောင်းကျော် (၂၁,၀၀၀) အထိရှိသွားပြီလို့လည်း အရပ်ဘက်အဖွဲ့အစည်းတချို့က စာရင်းပြုစုထားပါတယ်။ 

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ စစ်မှုမထမ်းမနေရအမိန့်ကို အသက်သွင်းခဲ့ပြီး မတ် ၂၈ ရက်မှာ အပတ်စဥ် ၁ ကို စတင်ခေါ်ယူခဲ့ရာ လက်ရှိမှာ စစ်မှုထမ်းအပတ်စဥ် ၆ အထိရောက်ရှိလာပြီ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

တရားမဝင် ရွေးကောက်ပွဲအတုအား တခဲနက် ဆန့်ကျင်ကြရန် မန္တလေး ကြားကာလအုပ်ချုပ်ရေးကောင်စီနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်တို့ တိုက်တွန်း

အာဏာသိမ်းစစ်တပ်ရဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို ပြည်သူတရပ်လုံး လူထုအာဏာဖီဆန်ရေး နည်းနာပေါင်းစုံနဲ့ တခဲနက်ဆန့်ကျင်ကြဖို့၊ စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ငန်းစဥ်မှာ ဆက်လက်ပါဝင်ကြဖို့ မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရတို့ ပူးတွဲ တိုက်တွန်းထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကိုင်းငလျင်ကြောင့် အကူအညီ လိုအပ်သူ ၁ သိန်းကျော်အတွက် စတာလင်ပေါင် ၂၅ သန်း ထောက်ပံ့ခဲ့ဟု UK ဆို

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း စစ်ကိုင်းငလျင်ဒဏ်ကြောင့် အကူအညီ လိုအပ်သူ ၁ သိန်းကျော်အတွက် စတာလင်ပေါင် ၂၅ သန်း ကူညီထောက်ပံ့ခဲ့တယ်လို့ UK in Myanmar က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

KNDF တပ်ရင်းအမှတ် (၅) မှ ရဲဘော် ၁ ဦး အကြမ်းဖက်စစ်ကြောင်းကို ခုခံတိုက်ခိုက်ရင်း ကျဆုံး

ကရင်နီအမျိုးသားကာကွယ်ရေးတပ် - KNDF တပ်ရင်းအမှတ် (၅) မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်ထူးနေခလေး ဟာ အကြမ်းဖက်စစ်ကြောင်းကို ခုခံတိုက်ခိုက်ရင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မြင်းမူမြို့က စစ်စခန်းကို ဒရုန်းတွေနဲ့ တိုက်ခိုက်၊ စစ်သားတွေ ထိခိုက်သေဆုံးနိုင်သလို တော်လှန်ရေးဘက်က ဒရုန်းတစ်စီး ဆုံးရှုံး

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးရဲဘော်တွေက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ Black Eagle Defence Force - MMU က ထုတ်ပြန်ထားပါတယ်။
Read More

ပေါက်ခေါင်းတွင် စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ ပေါက်ခေါက်မြို့နယ်၊ စမ်းမကြီးကျေးရွာကို စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိမှန်မှုကြောင့် ကျေးရွာထဲမှာရှိနေတဲ့ ၄၅ နှစ်အရွယ် အမျိုးသမီး ၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ပုဏ္ဏားကျွန်းမြို့နယ် ကျေးရွာများကို စစ်တပ် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၅ ဦး သေဆုံး၊ ၉ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာတချို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၅ ယောက် သေဆုံးပြီး ၉ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။