မကွေးတိုင်း၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်အခြေစိုက် အထက်မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အပတ်စဥ် ၅ စစ်သင်တန်းမှာ မင်းလှမြို့နယ်အပါအဝင် ထိစပ်နေတဲ့မြို့နယ်တွေက လူငယ်တွေ ပိုမိုပါဝင်လာတယ်လို့ အဖွဲ့ တာဝန်ရှိသူ ကိုရန်ကြီးအောင်က မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ရက်နေ့မှာ အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ရဲ့အခြေခံစစ်ပညာ အပတ်စဥ် ၅ သင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေ တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီစစ်သင်တန်းမှာ အထက်မင်းလှမြို့နယ်ထဲက ကျေးရွာတွေအပြင် နယ်မြေထိစပ်နေတဲ့ မင်းတုန်း၊ ငဖဲ ၊ မင်းဘူး စတဲ့ နေရာတွေကပါ ဝင်ရောက်လာသူတွေရှိတယ်လို့ ကိုရန်ကြီးအောင်က ပြောပါတယ်။

အထက်မင်းလှ ပကဖရဲ့သင်တန်းဆင်းပွဲပုံရိပ် (ဓာတ်ပုံ Upper Minhla P.D.F)
အထက်မင်းလှ ပကဖရဲ့သင်တန်းဆင်းပွဲပုံရိပ် (ဓာတ်ပုံ Upper Minhla P.D.F)

အပတ်စဥ် ၄လောက်ကစလို့ ကျနော်တို့ဆီကို စစ်မှုမထမ်းမနေရ ဥပဒေကိုရှောင်တဲ့ ရဲဘော်အသစ်တွေရောက်လာတယ်။ ပြောရရင် ကျနော်တို့ဆီ စစ်မှုထမ်းရှောင်တဲ့ပမာဏက များပါတယ်။ အရေအတွက်ကိုတော့ စစ်ရေးအရ လက်ရှ်ိအချိန်မှာ ပြောပြလို့မရပါဘူး။ သေချာတာက ဒီအပတ်စဉ် ၅ မှာ တပ်ထောက်ခံမှု အားကောင်းတဲ့ရွာတွေ၊ ရပ်ကွက်တွေထဲက လူငယ် ကျား/မ ပါ, ပါဝင်လာကြတယ်။လို့ အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ ကိုရန်ကြီးအောင်က ပြောပါတယ်။

အထက်မင်းလှပကဖ အနေနဲ့ ၂၀၂၂ ခုနှစ်မှာ ပကဖ စစ်ပညာသင်တန်းအပတ်စဥ် ၁ ကို စတင်နိုင်ခဲ့ပြီး ၂နှစ်ကျော် ကာလအတွင်း သင်တန်း ၅ခုကို ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

သင်တန်းတစ်ခုနဲ့တစ်ခုက အချိန်တော့ယူရပါတယ်။ သင်တန်း ၅ခုဟာ ၂နှစ်ကျော် အတွင်းပေါ့။ ဒါက ကိုယ့်မြို့နယ်အတွင်းမှာ အခြေချလုပ်ဆောင်နိုင်ခဲ့တာတွေပါ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း‌တွေနဲ့ နီးစပ်ရာမဟာမိတ်တွေဆီမှာ သင်ယူဖို့ စေလွှတ်တာတွေလည်းရှ်ိပါတယ်။ သင်ကြားတာကတော့ အခြေခံစစ်ပညာရပ်အပြင် ဆေးဘက်ဆိုင်ရာ၊ လူမှုကယ်ဆယ်ရေးနဲ့ နိုင်ငံရေး၊ စစ်ရေးဘာသာရပ်တွေကို လက်တွေ့စာတွေ့ သင်ကြားပါတယ်။ လက်တွေ့ကိစ္စရပ်တွေ သင်ကြားတဲ့နေရာမှာတော့ သင်ထောက်ကူပစ္စည်းနဲ့ ဘဏ္ဍာရေးလိုအပ်ချက်တွေ ရှိပါတယ်လို့ ကိုရန်ကြီးအောင်က ပြောပါတယ်။

အထက်မင်းလှ ပကဖရဲ့သင်တန်းဆင်းပွဲပုံရိပ် (ဓာတ်ပုံ Upper Minhla P.D.F)

အထက်မင်းလှမြို့နယ်ဟာ သရက်၊ မင်းတုန်း စတဲ့ မြို့နယ်တွေနဲ့ ထိစပ်နေသလို ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းတို့ကိုပါ အလွယ်တကူ သွားလာလို့ရတဲ့ လမ်းကြောင်းတွေရှိနေတာကြောင့် စစ်ရေးအရ အရေးပါပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀နဲ့ ၃၁ရက်နေ့တွေကလည်း အထက်မင်းလှကနေ ရခိုင်ပြည်နယ်၊ အမ်းကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းနဲ့ ပုသိမ်မုံရွာလမ်းပိုင်းတွေကိုလာရောက်ပိတ်ဆို့တဲ့ စစ်ကောင်စီတပ်တွေနဲ့ အထက်မင်းလှ ပကဖတို့  ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့ပါသေးတယ်။

အထက်မင်းလှ ပကဖရဲ့သင်တန်းဆင်းပွဲပုံရိပ် (ဓာတ်ပုံ Upper Minhla P.D.F)
အထက်မင်းလှ ပကဖရဲ့သင်တန်းဆင်းပွဲပုံရိပ် (ဓာတ်ပုံ Upper Minhla P.D.F)
0 Shares:
You May Also Like
Read More

ဖလမ်းမြို့ကို ချင်းညီနောင်နှင့် ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ရရှိဟု ဆို

ချင်းပြည်နယ် ဖလမ်းမြို့က စစ်ကောင်စီ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ ခလရ ၂၆၈ ကို ချင်းညီနောင်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ကလလတ အမှတ် (၉၄၂၀) တပ်ရင်း ဦးစီးမှုနှင့် လုပ်ငန်းသုံး အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ကလလတ) အမှတ် (၉၄၂၀) တပ်ရင်းက ဦးစီးကာ 'တော်လှန်ရေးသည် ငါတို့ကျောင်း၊ ငါတို့ တက္ကသိုလ်' အစီအစဥ်နဲ့ လုပ်ငန်းသုံး အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နမ့်ဆန်၊ မန်တုံနှင့် မိုင်းငေါ့မြို့နယ်တွင် စစ်အုပ်စု လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ (၂) ဦး ထိမှန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်၊ မန်တုံနဲ့ မိုင်းငေါ့မြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ (၂) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ညောင်လေးပင်-ရွှေကျင်လမ်းပိုင်းတွင် စစ်ကောင်စီကား တိုက်ခိုက်ခံရပြီး အရာရှိအပါ ၅ ဦး သေ

ပဲခူးတိုင်း၊ ညောင်လေးပင်-ရွှေကျင်လမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီ ကားတစ်စီးကို ကြားဖြတ်တိုက်ခိုက်ရာ အရာရှိနဲ့ စစ်ကောင်စီတပ်သား ၄ ယောက် သေဆုံးခဲ့ကြောင်း Fire Dragon PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဂျာမနီရောက် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် The Elders အဖွဲ့နှင့် တွေ့ဆုံခဲ့

ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ The Elders အဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ - NUG ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တွေ့ဆုံခဲ့ပြီး မြန်မာ့အရေး တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီ၏ မော်ကွီးလု (မယ်လ) တပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU တရားဝင်ထုတ်ပြန်

ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ တာကရယ် (ပိုင်ကျုံ) မြို့နယ်အတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ မော်ကွီးလု (မယ်လ) တပ်စခန်းကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။