အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ဒေါ်နယ်ထရမ့်ကို ဂုဏ်ပြုတယ်ဆိုတာနဲ့ နှစ်နိုင်ငံအကြား ခိုင်မာတဲ့ ဆက်ဆံရေးဆက်လက်လုပ်ဆောင်ဖို့ မျှော်လင့်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက လူမှုကွန်ရက် X (Twitter) မှာ ရေးသားထားပါတယ်။

ဂုဏ်ယူပါတယ် မစ္စတာ ဒေါ်နယ်ထရမ့်၊ ရွေးကောက်ပွဲ အောင်နိုင်မှုနဲ့အတူ ခေါင်းဆောင်မှု ပြန်ရတာက အရေးကြီးသလို ခိုင်မာတဲ့ဆက်ဆံရေးကို ဆက်လက်လုပ်ဆောင်ဖို့ မျှော်လင့်ပါတယ်လို့ ယာယီသမ္မတဒူဝါလရှီးလက ရေးသားထားတာပါ။

အမေရိကန်ပြည်ထောင်စုရဲ့ ၄၇ ယောက်မြောက် သမ္မတအဖြစ် ရွေးကောက်ခံ အနိုင်ရလာခဲ့သူ ဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့ ၄၅ ယောက်မြောက် သမ္မတအဖြစ်နဲ့လည်း တာဝန်ယူဖူးခဲ့သူ ဖြစ်ပါတယ်။

ယာယီသမ္မတဒူဝါလရှီးလ၏ X လူမှုကွန်ရက်က အမေရိကန်သမ္မတအသစ် ဒေါ်နန်ထရမ့်ကို ဂုဏ်ပြုကြောင်းရေးသားထားသည့် tweet
0 Shares:
You May Also Like
Read More

မြန်မာ့အရေး သက်ဆိုင်သူတွေ တွေ့ဆုံဆွေးနွေးချိန်တန်ပြီလို့ မလေးရှားဝန်ကြီးချုပ်ပြော

မလေးရှားဝနန်ကြီးချုပ် အန်ဝါအီဘရာဟင်က စစ်ခေါင်းဆောင်နဲ့ တော်လှန်ရေးအဖွဲ့တွေအကြား သီးခြားတွေ့ဆုံမှုကနေ အသီးအပွင့်တွေ ဖြစ်ထွန်းလာကြောင်း၊ ကြာမြင့်နေပြီဖြစ်တဲ့ ပြည်တွင်းစစ်အတွက် နှစ်ဖက်အကြား တိုက်ရိုက်ထိတွေ့ဆက်ဆံဖို့ ပထမဆုံးအနေနဲ့ အထိုင်ချထားနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြပါတယ်။
Read More

စစ်ကောင်စီဟာ အရပ်သားများအပေါ် ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်နေဟု ကုလ အထူးကိုယ်စားလှယ် ဆို

မြန်မာစစ်ကောင်စီဟာ ပြည်တွင်းစစ်ကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ ပြည်သူတွေ ခိုလှုံရာ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ စခန်းတွေကို တိုက်ခိုက်မှုတွေ တိုးမြှင့်လာတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ဇွန်လ ၂၅ ရက်မှာ ပြောပါတယ်။
Read More

စစ်တပ်၏ စစ်ရာဇဝတ်မှုများ ရပ်တန့်အောင်ကူညီပေးရန် ကုလနှင့် ကမ္ဘာ့နိုင်ငံများအား MNDAA နှင့် TNLA တောင်းဆို

ပြည်သူတွေ အစုလိုက် အပြုံလိုက် သေဆုံးအောင် ဦးတည်တိုက်ခိုက်နေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေ ရပ်တန့်အောင် ကူညီဆောင်ရွက်ပေးဖို့အတွက် ကုလသမဂ္ဂ အပါအဝင် ကမ္ဘာ့အင်အားကြီး နိုင်ငံတွေကို ညီနောင်မဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ MNDAA နဲ့ TNLA တို့က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

AAC ရုံးအဆောက်အဦကို ရက် ၆၀ အတွင်း ထိုင်းအစိုးရ ဖျက်ခိုင်း

ထိုင်းရောက်မြန်မာအလုပ်သမားအရေးကို ကူညီဖြေရှင်းပေးတဲ့ AAC အဖွဲ့ရဲ့ ရုံးအဆောက်အဦကို ထိုင်းအစိုးရက ချိတ်ပိတ်လိုက်ပြီး ရက် ၆၀ အတွင်း မဖျက်သိမ်းပေးရင် ဒဏ်ငွေဖြစ်စေ၊ ထောင်ဒဏ်ဖြစ်စေ ကျခံရမှာဖြစ်ကြောင်း လာရောက် စာကပ်သွားတယ်လို့ သိရပါတယ်။
Read More

ကျားဖြန့်လုပ်ငန်းကို ခွင့်ပြုထားခဲ့သည့် BGF၊ စစ်ကော်မရှင်တပ်က ဖိအားများကြောင့် ရွှေကုက္ကိုလ်ကို ပြန်စီးနင်း၊ ကျားဖြန့် ၃၅၀ နီးပါး အဖမ်းခံရ

ထိုင်း-မြန်မာနယ်စပ်က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ရွှေကုက္ကိုလ်မြို့ကို ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်တွေက နိုဝင်ဘာလ ၁၈ ရက်မှာ ဝင်ရောက်စီးနင်းခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။ 
Read More

ရုရှားမှ ရေနံတင်သွင်းမှုကြောင့် အိန္ဒိယကို စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်းအထိ ထရမ့် တိုးမြှင့်

ရုရှားနိုင်ငံကနေ ရေနံတင်သွင်းမှုအတွက် ဒဏ်ကြေးအဖြစ် အိန္ဒိယနိုင်ငံက တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ထပ်မံစည်းကြပ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမိန့်ထုတ်ပြန်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြထားပါတယ်။