ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ရွာက အကြမ်းဖက်စစ်ကောင်စီအထိုင်စခန်းကို  ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ နတ်စစ်သည်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

နိုဝင်ဘာလ ၃ ရက်က အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ကင်းပတ်နေချိန်မှာ တော်လှန်ရေးပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အထိနာသွားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ လက်ပါးစေ ဘော်ဘင်ရွာ ပျူစောထီးတွေ ထွက်ပြေးလွတ်မြောက်သွားခဲ့ကာ ကျန်ရှိ ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ BTZM GBK PDF)

အဲ့ဒီတိုက်ခိုက်မှုကို စစ်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့တွေ ဖြစ်တဲ့ တပ်ရင်း ၃၈၀၁ တပ်ခွဲ() နတ်စစ်သည်တပ်ဖွဲ့၊ တပ်ရင်း ၃၈၀၂ မြေအောက်ပြောက်ကျားတပ်ဖွဲ့နဲ့ BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်ကြီးမှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူပိုင် နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့

ကရင်အမျိုးသားအစည်အရုံး - KNU ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူကို ပစ်မှတ်ထားပြီး ပြည်သူလူထု နေထိုင်ရာကျေးရွာတွေအတွင်း ရည်ရွယ်ချက်ရှိရှိ ဒရုန်းနဲ့ ပစ်ခတ်မှုကြောင့် ပြည်သူပိုင် နေအိမ် (၂)လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
Read More

“ငါ့အကြောင်း မသိဘူးထင်တယ် သိစေရမယ်ကွ” ဆိုပြီး PDF တွေကို ခြိမ်းခြောက်တဲ့ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

စစ်ရေးတင်းမာနေတဲ့ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ PDF တပ်ဖွဲ့ဝင်တွေကို ခြိမ်းခြောက်ပြောဆိုခဲ့တဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဆိုသူ နေအိမ်အတွင်း ပစ်ခတ်ရှင်းလင်းခံလိုက်ရကြောင်း သိရပါတယ်။
Read More

ဂတ်စ်ပိုက်လိုင်းစောင့် စစ်ကောင်စီဂိတ်စခန်းကို နွားထိုးကြီး ပကဖ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ တရုတ်ဂတ်(စ်)ပိုက်လိုင်းစောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိရာကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိခဲ့ကြောင်း နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဘောလုံးကန်ဖို့ထွက်လာသည့် ၁၇ နှစ်အရွယ် လူငယ်ကို စစ်ကောင်စီတပ်သားများ သေနတ်ဖြင့်ပစ်သတ် စွန့်ပစ်ခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ စစ်ကြောင်းထိုး အကြမ်းဖက်စစ်သားတွေက ဘောလုံးကန်ဖို့ထွက်လာတဲ့ အသက် ၁၇ နှစ်အရွယ် လူငယ် ၁ ယောက်ကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် ၄ တပ်ရင်း၊ တပ်ခွဲ ၁ ထံက သိရပါတယ်။
Read More

ကျိုက်ထိုမှာ စစ်ကောင်စီ တပ်မ ၄၄ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၁ ယောက် ဒဏ်ရာရ၊ ငွေကျပ် ၆၅ သိန်း၊ ရွှေ ၇ ပဲနဲ့ အိမ်အသုံးအဆောင်တွေ မီးလောင်ပျက်စီး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ငွေကျပ် ၆၅ သိန်း၊ ရွှေ ၇ ပဲနဲ့ အိမ်အသုံးအဆောင်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ငါန်းဇွန်မြို့မှ ထွက်လာသည့်စစ်အုပ်စု ယာဥ်တန်း တိုက်ခိုက်ခံရပြီး ဒုတပ်ကြပ် ၂ ဦးနှင့် ပျူ အယောက် ၄၀ ခန့် သေဆုံး

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့ကနေ ထွက်ခွာလာတဲ့ စစ်အုပ်စု ယာဥ်တန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ TGYR မြင်းခြံခရိုင် အမှတ် (၁၁) တပ်ရင်းထံက သိရပါတယ်။