မကွေးတိုင်း၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်အခြေစိုက် အထက်မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အပတ်စဥ် ၅ စစ်သင်တန်းမှာ မင်းလှမြို့နယ်အပါအဝင် ထိစပ်နေတဲ့မြို့နယ်တွေက လူငယ်တွေ ပိုမိုပါဝင်လာတယ်လို့ အဖွဲ့ တာဝန်ရှိသူ ကိုရန်ကြီးအောင်က မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ရက်နေ့မှာ အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ရဲ့အခြေခံစစ်ပညာ အပတ်စဥ် ၅ သင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေ တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီစစ်သင်တန်းမှာ အထက်မင်းလှမြို့နယ်ထဲက ကျေးရွာတွေအပြင် နယ်မြေထိစပ်နေတဲ့ မင်းတုန်း၊ ငဖဲ ၊ မင်းဘူး စတဲ့ နေရာတွေကပါ ဝင်ရောက်လာသူတွေရှိတယ်လို့ ကိုရန်ကြီးအောင်က ပြောပါတယ်။

အထက်မင်းလှ ပကဖရဲ့သင်တန်းဆင်းပွဲပုံရိပ် (ဓာတ်ပုံ Upper Minhla P.D.F)
အထက်မင်းလှ ပကဖရဲ့သင်တန်းဆင်းပွဲပုံရိပ် (ဓာတ်ပုံ Upper Minhla P.D.F)

အပတ်စဥ် ၄လောက်ကစလို့ ကျနော်တို့ဆီကို စစ်မှုမထမ်းမနေရ ဥပဒေကိုရှောင်တဲ့ ရဲဘော်အသစ်တွေရောက်လာတယ်။ ပြောရရင် ကျနော်တို့ဆီ စစ်မှုထမ်းရှောင်တဲ့ပမာဏက များပါတယ်။ အရေအတွက်ကိုတော့ စစ်ရေးအရ လက်ရှ်ိအချိန်မှာ ပြောပြလို့မရပါဘူး။ သေချာတာက ဒီအပတ်စဉ် ၅ မှာ တပ်ထောက်ခံမှု အားကောင်းတဲ့ရွာတွေ၊ ရပ်ကွက်တွေထဲက လူငယ် ကျား/မ ပါ, ပါဝင်လာကြတယ်။လို့ အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ ကိုရန်ကြီးအောင်က ပြောပါတယ်။

အထက်မင်းလှပကဖ အနေနဲ့ ၂၀၂၂ ခုနှစ်မှာ ပကဖ စစ်ပညာသင်တန်းအပတ်စဥ် ၁ ကို စတင်နိုင်ခဲ့ပြီး ၂နှစ်ကျော် ကာလအတွင်း သင်တန်း ၅ခုကို ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

သင်တန်းတစ်ခုနဲ့တစ်ခုက အချိန်တော့ယူရပါတယ်။ သင်တန်း ၅ခုဟာ ၂နှစ်ကျော် အတွင်းပေါ့။ ဒါက ကိုယ့်မြို့နယ်အတွင်းမှာ အခြေချလုပ်ဆောင်နိုင်ခဲ့တာတွေပါ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း‌တွေနဲ့ နီးစပ်ရာမဟာမိတ်တွေဆီမှာ သင်ယူဖို့ စေလွှတ်တာတွေလည်းရှ်ိပါတယ်။ သင်ကြားတာကတော့ အခြေခံစစ်ပညာရပ်အပြင် ဆေးဘက်ဆိုင်ရာ၊ လူမှုကယ်ဆယ်ရေးနဲ့ နိုင်ငံရေး၊ စစ်ရေးဘာသာရပ်တွေကို လက်တွေ့စာတွေ့ သင်ကြားပါတယ်။ လက်တွေ့ကိစ္စရပ်တွေ သင်ကြားတဲ့နေရာမှာတော့ သင်ထောက်ကူပစ္စည်းနဲ့ ဘဏ္ဍာရေးလိုအပ်ချက်တွေ ရှိပါတယ်လို့ ကိုရန်ကြီးအောင်က ပြောပါတယ်။

အထက်မင်းလှ ပကဖရဲ့သင်တန်းဆင်းပွဲပုံရိပ် (ဓာတ်ပုံ Upper Minhla P.D.F)

အထက်မင်းလှမြို့နယ်ဟာ သရက်၊ မင်းတုန်း စတဲ့ မြို့နယ်တွေနဲ့ ထိစပ်နေသလို ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းတို့ကိုပါ အလွယ်တကူ သွားလာလို့ရတဲ့ လမ်းကြောင်းတွေရှိနေတာကြောင့် စစ်ရေးအရ အရေးပါပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀နဲ့ ၃၁ရက်နေ့တွေကလည်း အထက်မင်းလှကနေ ရခိုင်ပြည်နယ်၊ အမ်းကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းနဲ့ ပုသိမ်မုံရွာလမ်းပိုင်းတွေကိုလာရောက်ပိတ်ဆို့တဲ့ စစ်ကောင်စီတပ်တွေနဲ့ အထက်မင်းလှ ပကဖတို့  ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့ပါသေးတယ်။

အထက်မင်းလှ ပကဖရဲ့သင်တန်းဆင်းပွဲပုံရိပ် (ဓာတ်ပုံ Upper Minhla P.D.F)
အထက်မင်းလှ ပကဖရဲ့သင်တန်းဆင်းပွဲပုံရိပ် (ဓာတ်ပုံ Upper Minhla P.D.F)
0 Shares:
You May Also Like
Read More

ပုလဲမှာ ပြည်သူ့ထောက်ပံ့ငွေတွေနဲ့ စစ်ရှောင်စခန်း ‌စက်ရေတွင်းတူးဖေါ်မှု မြို့နယ် ပအဖ သွားရောက်ကြည့်ရှု

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က လူသားစာနာတာဝန်ခံနဲ့ တိုက်နယ်ပအဖခေါင်းဆောင်တို့ဟာ ဒီဇင်ဘာ ၂၃ ရက်က ပြည်သူ့ထောက်ပံ့ငွေတွေနဲ့ စစ်ရှောင်စခန်းတစ်ခုမှာ စက်ရေတွင်း တူးဖော်နေတဲ့နေရာကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
Read More

အမေရိကန်ဘူမိဆိုင်ရာသုတေသနအဖွဲ့ရဲ့ နောက်ဆက်တွဲ ငလျင်ငယ် ဖြစ်လာနိုင်တဲ့ အခြေအနေ ခန့်မှန်းချက်ကို NUG ထုတ်ပြန်… လက်ရှိ စစ်ကိုင်းငလျင်ဟာ ရှေ့ပြေးငလျင်အဖြစ် ဖြစ်နိုင်ချေ ၀.၂ ရာခိုင်နှုန်းသာရှိ…

အမေရိကန်ဘူမိဆိုင်ရာသုတေသနအဖွဲ့(USGS) ရဲ့ ဧပြီလ ၄ ရက် ခန့်မှန်းချက်တွေအရ ဧပြီ ၁၁ ရက်အထိ ဖြစ်လာနိုင်ချေရှိတဲ့ နောက်ဆက်တွဲ ငလျင်ငယ်ဖြစ်ပေါ်နိုင်ခြေတွေကို အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

လမ်းပေါ်မှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ယာဉ်ထိန်းရဲမေတစ်ယောက် မိုင်းခွဲခံရပြီး စိုးရိမ်လူနာအဖြစ် ဆေးရုံရောက်

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ ငွေတောင်းကြမ်းတဲ့ ယာဥ်ထိန်းရဲမေ သဲသဲ ဆိုသူ မိုင်းခွဲတိုက်ခံရပြီး ထိခိုက်ဒဏ်ရာ​ပြင်းထန်တာကြောင့် နေပြည်တော် စစ်ဆေးရုံမှာ တက်ရောက်ကုသနေရကြောင်း မင်းဘူးခရိုင်၊ အမှတ် ၄ တပ်ရင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အကြမ်းဖက် မင်းအောင်လှိုင်တို့ စစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှုတွေကို ပိုမို ပီပြင်ထင်ရှားစေတဲ့ အာဂျင်တီးနား တရားရုံး ဖမ်းဝရမ်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာစစ်တပ် ထိပ်တန်းအရာရှိ​တွေကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအတွက် အာဂျင်တီးနားနိုင်ငံတရားရုံးက ဖမ်း၀ရမ်းထုတ်ပြန်လိုက်မှုဟာ အာဏာသိမ်း စစ်ခေါင်းဆောင်အတွက် နိုင်ငံရေးဖိအားသက်ရောက်ကြောင်းနဲ့ အလျင်အမြန်ဖမ်းဆီးနိုင်ဖို့ လိုအပ်ကြောင်း နိုင်ငံရေးအင်အားစုတွေကပြောပါတယ်။
Read More

ရန်ကုန်အခြေစိုက် တော်လှန်ညီနောင် ၄ ဖွဲ့နှင့် ရန်ကုန်ဒရုန်းအဖွဲ့ ပူးပေါင်း

ရန်ကုန်မြို့မှာ အခြေစိုက်ပြီး စစ်အာဏာရှင်ကို ပြောက်ကျားသပိတ်တွေ ဆင်နွှဲနေတဲ့ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့နဲ့ ရန်ကုန်ဒရုန်းအဖွဲ့တို့ ပူးပေါင်းကာ မဟာမိတ်အဖြစ် ဖွဲ့စည်းကြောင်း ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်စိုးမိုးထားသည့် ၆၃ မြို့နယ်အား ကိုယ့်ကိုယ်ကိုယ် ယာယီသမ္မတ ခန့်အပ်ထားသည့် မင်းအောင်လှိုင် စစ်အုပ်ချုပ်ရေးကြေညာ

စစ်ကောင်စီကို တော်လှန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAOs) တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ တိုင်းနဲ့ ပြည်နယ် ၉ ခုကမြို့နယ် ၆၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေးဒေသအဖြစ် သတ်မှတ်ကြောင်း ယာယီသမ္မတအဖြစ် ကိုယ့်ကိုယ်ကိုယ် ခန့်အပ်ထားတဲ့ မင်းအောင်လှိုင်က ဇူလိုင် ၃၁ ရက် မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။