အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ဒေါ်နယ်ထရမ့်ကို ဂုဏ်ပြုတယ်ဆိုတာနဲ့ နှစ်နိုင်ငံအကြား ခိုင်မာတဲ့ ဆက်ဆံရေးဆက်လက်လုပ်ဆောင်ဖို့ မျှော်လင့်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက လူမှုကွန်ရက် X (Twitter) မှာ ရေးသားထားပါတယ်။

ဂုဏ်ယူပါတယ် မစ္စတာ ဒေါ်နယ်ထရမ့်၊ ရွေးကောက်ပွဲ အောင်နိုင်မှုနဲ့အတူ ခေါင်းဆောင်မှု ပြန်ရတာက အရေးကြီးသလို ခိုင်မာတဲ့ဆက်ဆံရေးကို ဆက်လက်လုပ်ဆောင်ဖို့ မျှော်လင့်ပါတယ်လို့ ယာယီသမ္မတဒူဝါလရှီးလက ရေးသားထားတာပါ။

အမေရိကန်ပြည်ထောင်စုရဲ့ ၄၇ ယောက်မြောက် သမ္မတအဖြစ် ရွေးကောက်ခံ အနိုင်ရလာခဲ့သူ ဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့ ၄၅ ယောက်မြောက် သမ္မတအဖြစ်နဲ့လည်း တာဝန်ယူဖူးခဲ့သူ ဖြစ်ပါတယ်။

ယာယီသမ္မတဒူဝါလရှီးလ၏ X လူမှုကွန်ရက်က အမေရိကန်သမ္မတအသစ် ဒေါ်နန်ထရမ့်ကို ဂုဏ်ပြုကြောင်းရေးသားထားသည့် tweet
0 Shares:
You May Also Like
Read More

အတုအယောင် ရွေးကောက်ပွဲအကြို စစ်အုပ်စု တိုက်ခိုက်မှုများ လုပ်လာတာကြောင့် ပြည်သူလူထုအား ကာကွယ်ရန် အရေးပေါ် ဆောင်ရွက်မှုများ လုပ်ဆောင်ကြရန် နိုင်ငံတကာကို SAC-M တိုက်တွန်း

အကြမ်းဖက် စစ်ကော်မရှင်ဟာ မကြာခင် အတုအယောင်ရွေးကောက်ပွဲ ကျင်းပတော့မှာဖြစ်တဲ့အတွက် နေ့စဥ်နဲ့အမျှ တိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာတာကြောင့် မြန်မာပြည်သူတွေကို ကာကွယ်ဖို့ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကနေ အရေးပေါ်ဆောင်ရွက်မှုတွေ လုပ်ဆောင်ကြရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ပြောကြားလိုက်ပါတယ်။
Read More

စစ်ကောင်စီ ကန့်ကွက်နေပေမယ့် တောင်ကိုရီးယားရောက် မြန်မာ ထောင်နဲ့ချီပြီး NUG ကိုရီးယားရုံးမှာ ပတ်(စ်)ပို့သက်တမ်းတိုးနေ

တောင်ကိုရီးယားနိုင်ငံ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ တောင်ကိုရီးယားနိုင်ငံကိုယ်စားလှယ်ရုံးက ပတ်(စ်)ပို့ သက်တမ်းတိုးပေးခဲ့ရာ လာရောက်သက်တမ်းတိုးသူ တစ်ထောင်ကျော် ရှိလာပြီလို့ သိရပါတယ်။
Read More

စစ်အာဏာရှင်စနစ် အမြစ်ပြတ်မှသာ လူကုန်ကူးမှုအပါအဝင် ဆိုက်ဘာမှုခင်းများကို‌ အပြီးတိုင် တိုက်ဖျက်နိုင်မည်ဟု  ဦးကျော်မိုးထွန်း ပြောကြား

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းအောင် လုပ်ဆောင်နိုင်မှသာ မြန်မာနိုင်ငံအတွင်း ကင်ဆာရောဂါသဖွယ် ပြန့်ပွားလာနေတဲ့ လူကုန်ကူးမှုအပါအဝင် ဆိုက်ဘာမှုခင်းတွေကို အပြီးတိုင် တိုက်ဖျက်နိုင်မှာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ပြောပါတယ်။
Read More

တောင်ကိုရီးယားနိုင်ငံမှ “ပွင့်လန်းပါစေ မြန်မာပြည်” ဓာတ်ပုံပြပွဲ

“ကိုးရီးယားမှာလည်း ၁၉၈၇ ဇွန်လမှာ ကျောင်းသားအရေးခင်း တခုရှိခဲ့ပါတယ်။ အဲ့ဒီအထိန်းအမှတ်အနေနဲ့ စီစဉ်ခဲ့တာပါ။ ရည်ရွယ်ချက်ကတော့ ကိုးရီးယားနိုင်ငံမှာလည်း ကျွန်တော်တို့ နိုင်ငံလို ဒီမိုကရေစီ ခရီးကြမ်းရှိခဲ့တယ်ဆိုတာကို လက်ရှိ တောင်ကိုးရီးယားနိုင်ငံသားတွေ သိရှိအောင်…. ပြီးတော့ ကိုရီးယားကို ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံ ပြည်တွင်းအခြေအနေတွေကို သွေးမအေးသွားအောင် ရည်ရွယ်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်” လို့ MFDMC အတွင်းရေးမှူးကိုလင်းအိမ် က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မြန်မာအချင်းချင်း ကလဲ့စားချေဖို့ဆိုပြီး လက်နက်စုဆောင်းသူနဲ့ သယ်ယူပေးသူကို ထိုင်းစစ်တပ် ဖမ်းဆီး

ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်မှာ နေထိုင်သူ မြန်မာနိုင်ငံသားတစ်ယောက်ဟာ မြန်မာအချင်းချင်းကလဲ့စားချေဖို့အတွက် လက်နက်စုဆောင်းနေတုန်းမှာပဲ ဖမ်းဆီးခံခဲ့ရကြောင်း မဲဆောက်မြို့ခံတွေဆီက သိရပါတယ်။
Read More

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက်တွင် တရားမဝင် အတုအယောင်ရွေးကောက်ပွဲအပေါ် သတိပေးဟန့်တားမှု တစုံတရာမပါရှိခြင်းသည် စစ်အုပ်စုအား သွယ်ဝိုက်၍ အကာအကွယ်ပေးနေသည့် သဘောသက်ရောက်နိုင်ဟု NUG ပြော

(၅၈) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး ပူးတွဲကြေညာချက်မှာ စစ်ကောင်စီရဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲအပေါ် သတိပေးဟန့်တားမှု တစုံတရာမပါရှိတာဟာ အကြမ်းဖက်စစ်အုပ်စုကို သွယ်ဝိုက်ပြီး အကာအကွယ်ပေးနေတဲ့ သဘောသက်ရောက်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။