မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ကင်းပတ်ထွက်လာတဲ့ ပျူစောထီးတွေ စောင့်ကြိုပစ်ခတ်ခံရပြီး ၃ယောက်သေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ကြောင်း M.V.P Revolution Force အဖွဲ့က ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၆ရက်၊ မနေ့က မနက်အစောပိုင်းမှာ မြိုင်မြို့နယ်၊ တွင်းမပျူရွာကနေ ထွက်လာတဲ့ ပျူစောထီးတွေကို တော်လှန်ရေးအင်အားစုတွေက အသင့်စောင့်ပြီး ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

သိမ်းဆည်းရရှိတဲ့သေနတ် ၃ လက်နဲ့ ဆက်စပ်ပစ္စည်းများ (ဓာတ်ပုံ M.V.P Revolution Force)

အဲ့ဒီနောက်နာရီဝက်ကြာအပြန်အလှန်ပစ်ခက်မှုဖြစ်ခဲ့ပြီးပျူစောထီးတွေဆုတ်ခွာချိန်တော်လှန်ရေးအင်အားစုတွေရှေ့တက်ပစ်နိုင်ခဲ့တယ်လို့လည်းသိရပါတယ်။

ဒါ့အပြင် ဆုတ်ခွာသေဆုံးသွားတဲ့ ပျူစောထီးတွေဆီကလည်း M16သေနတ်၂လက်နဲ့အတူ G3 ၁လက်၊ 5.56 ကျည်၁၈၀တောင့်၊ G3 ကျည် ၈၀တောင့်၊ ဖုန်း၂လုံးနဲ့ icon ၁လုံး သိမ်းဆည်းရမိခဲ့တယ်လို့ M.V.P Revolution Force အဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီစောင့်ကြိုတိုက်ခိုက်မှုကို 8+အညာမြေတပ်ပေါင်းစုနဲ့အတူ M.V.P Revoulation Force ၊ အလင်တန်းပြောက်ပျားတပ်ဖွဲ့ ( မြိုင် ) UAV Fighter၊ မဟူရာအလင်းတန်းပြောက်ကျား ၊ Phoneix. people Defence Force Scopion People Defence Force ၊ ဋ္ဌေးအောင်ပြောက်ကျားတပ်ဖွဲ့ နဲ့ ဇာမဏီ Drone တပ်ဖွဲ့တို့ လုပ်ဆောင်ခဲ့တာဖြစ်ပြီးအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်အာဏာရှင်တွေဟာ ဘာသာရေးကို အသုံးချပြီး အာဏာသက်ဆိုးရှည်အောင်လုပ်ဆောင်နေတယ်လို့ ဒေါ်ဇင်မာအောင်က ပြော

မြန်မာပြည်က အာဏာသိမ်းစစ်တပ် အပါအဝင် စစ်အာဏာရှင်တွေဟာ ဘာသာရေးကို အသုံးချပြီး ၎င်းတို့ရဲ့ အာဏာသက်ဆိုးရှည်အောင်လုပ်ဆောင်လျက်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားလိုက်ပါတယ်။
Read More

ဒီးမော့ဆိုတွင် စစ်တပ်လက်နက်ကြီး နေအိမ်ပေါ် ကျရောက်မှုကြောင့် အဖေ၊ အမေနှင့် အဘွား သေဆုံးပြီး ကလေးများ ဒဏ်ရာရ ကျန်ရစ်ခဲ့

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် မိသားစုတစ်ခုရဲ့ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား လူကြီး ၃ယောက် သေဆုံးကာ ကလေးတွေကတော့ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
Read More

ထားဝယ်ခရိုင်စစ်သင်တန်းကျောင်းကနေ Dawei Defense Team က ရဲဘော် (၂) ယောက် Sniper အပတ်စဉ် (၁) စစ်သင်တန်းဆင်း… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ ၃၄ နယ်မြေ (ထားဝယ်ခရိုင်)စစ်ပညာသင်တန်းကျောင်းကနေ ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Dawei Defense Team-DDT) က ရဲဘော် ၂ ယောက်ဟာ Sniper အပတ်စဉ် (၀၁/၂၀၂၄) သင်တန်းကို သင်ကြားတက်မြောက်ခဲ့ပြီး သင်တန်းဆင်းပွဲ အခမ်းအနားကို အခုလထဲမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ Dawei Defense Team - DDT က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ဟာသ သရုပ်ဆောင် ညောင်ညောင် ကွယ်လွန်ရှာပြီ

ပန်ကရိယ ကင်ဆာရောဂါကို ကာလရှည်ကြာ ခံစားခဲ့ရတဲ့ ဟာသ သရုပ်ဆောင် ညောင်ညောင်ဟာ မနေ့က ဒီဇင်ဘာ ၁၇ ရက် ညပိုင်းမှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။
Read More

လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီ လုပ်မယ့် အတုအယောင် ရွေးကောက်ပွဲနဲ့ သန်းခေါင်စာရင်းကောက်ယူနေမှုကို ဆန့်ကျင်တဲ့အနေနဲ့ သပိတ်မှောက် ဆန္ဒထုတ်ဖော်

အကြမ်းဖက်စစ်ကောင်စီ ပြုလုပ်သွားမယ့် အတုအယောင်ရွေးကောက်ပွဲနဲ့ သန်းခေါင်စာရင်းကောက်ယူနေမှုကို ဆန့်ကျင်တဲ့အနေနဲ့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီကနေ ဦးဆောင်ပြီး စက်တင်ဘာလ ၂၈ ရက် ဒီနေ့ညနေပိုင်းမှာ လောင်းလုံးမြို့နယ်အတွင်း သပိတ်မှောက်ဆန္ဒဖော်ထုတ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မိုးဗြဲမြို့ ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ကရင်နီပြည် ဝံပုလွေစစ်ကြောင်းက ရဲဘော် ၂ ယောက် ကျဆုံးခဲ့…

ကရင်နီပြည်၊ မိုးဗြဲမြို့ရဲ ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ကရင်နီပြည် ဝံပုလွေစစ်ကြောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။