မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာဈေးဝယ်ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေက စောင့်ကြိုတိုက်ခိုက်ရာစစ်သား ၂ ယောက် သေဆုံးသွားတယ်လို့ မြိုင်ပကဖကနေ သတင်းထုတ်ပြန်လာပါတယ်။

ဒီနေ့ နိုဝင်ဘာလ ၇ ရက် မနက်အစောပိုင်းမှာ မြိုင်မြို့ရဲ့ မြောက်ဘက်ခြမ်းချောင်းဆုံဂိတ်ကနေ မြိုင်မြို့ပေါ် ဈေးလာဝယ်တဲ့ စစ်ကောင်စီတပ်သားတွေကိုတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

(ဓာတ်ပုံ မြိုင်ပကဖ၏ ရုပ်သံမှတ်တမ်းမှ)

အဲဒီ စစ်သား ၂ ယောက်ဟာ ရဲဗိုလ် ၃ ပွင့် အဆင့်ရှိတဲ့ ချစ်စမ်းမောင်နဲ့  ရိုးရိုးတပ်သား ၁ ယောက်ဖြစ်ပြီး တိုက်ခိုက်ပြီးတဲ့နောက် သူတို့ဆီက MA-3 သေနတ် () လက်သိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။

ဒီတိုက်ခိုက်မှုကို မြိုင်မြို့နယ် ပကဖတပ်ရင်း ()၊ ခွဲ () နဲ့ Joker ပြောက်ကျားတပ်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ မြိုင်ပကဖ၏ ရုပ်သံမှတ်တမ်းမှ)
0 Shares:
You May Also Like
Read More

မြိတ်-ထားဝယ်ခရိုင်မှာ ပြုလုပ်တဲ့ KNU ရဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်ရေး သင်တန်း

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မြိတ်−ထားဝယ်ခရိုင်မှာ စက်တင်ဘာလ ၂၃ ရက်ကနေ ၂၉ ရက်အထိ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်ရေး သင်တန်းကို ကျင်းပပြုလုပ်ခဲ့တယ်လို့ KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့−ခမ်းကောင် (PNDF-KK) ရဲ့ (၇၅) နှစ်မြောက်ပအိုဝ်း တော်လှန်ရေးနေ့ အောက်မေ့ဂုဏ်ပြုအခမ်းအနား (ဓာတ်ပုံသတင်း)

(၇၅) နှစ်မြောက်ပအိုဝ်းတော်လှန်ရေးနေ့ အောက်မေ့ဂုဏ်ပြုအခမ်းအနားနဲ့အတူ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့-ခမ်းကောင် (PNDF-KK) ရဲ့ သင်တန်းဆင်း ရဲဘော်တွေက သစ္စာရေသောက်ခြင်းနဲ့ တပ်ရင်းဆီ ပြန်လည်အပ်နှံ တပ်တော်ဝင်ခြင်းတို့ကို ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျုံဒိုးမှာ စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် မိန်းကလေးငယ်တစ်ဦး နှလုံးဖောက် သေဆုံး၊ ရော်ဘာခြံ ၂ ခြံ မီးလောင်ပျက်စီး 

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရကာ ပြည်သူပိုင် ရော်ဘာခြံတွေပါ မီးလောင်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

တပ်သားသစ်တွေ ထွက်ပြေးလို့ လိုက်ရှာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ၊ စစ်သား ၂ ဦး သေဆုံး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ စစ်ကောင်စီတပ်တွေဟာ တပ်သားသစ် ၃ ယောက် ထွက်ပြေးတာကို လိုက်ရှာစဉ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး ၂ ယောက်သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

ကျောက်ကြီးမြို့အနီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်၊ စစ်တပ်က ၁၀ ဦးသေပြီး ၇ ဦးအရှင်ဖမ်းမိ…

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့အနီး တောင်စုကျေးရွာအတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်တပ်က ၁၀ ယောက်သေဆုံးပြီး ၇ ​ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ Falcons Guerrilla Force (စွန်ရဲ) တပ်ဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

လက်ရှိ ရေကြီးမှုဟာ ၅၈ နှစ်အတွင်း အဆိုးဝါးဆုံးဖြစ်ပြီး လာမယ့်နှစ် တောင်ငူခရိုင်မှာ စားနပ်ရိက္ခာ ပြတ်လပ်မှုဖြစ်နိုင်တယ်လို့ KNU ထုတ်ပြန်

ပဲခူးတိုင်း၊ တောင်ငူခရိုင်အတွင်း စက်တင်ဘာလ (၁၄) ရက်က စတင်ကာ ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း (၇၅) ရွာ ရေနစ်မြှုပ်ကာ လူဦးရေ ၁၄၈,၅၀၀ ခန့် ရေဘေးသင့်လျက် ကျောင်း (၁) ကျောင်း ပျက်စီးကာ လူ (၇) ယောက် သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။