စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA က ဒရုန်းနဲ့ ၄ ရက် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁ရက်နေ့ကနေ ၄ရက်နေ့အထိ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အကြမ်းဖက်စစ်တပ် အရာရှိ တစ်ယောက် အပါအဝင် စစ်ကောင်စီတပ်သား ၁၀ ယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ BNRA က ဆိုပါတယ်။

စခန်းထဲမှာရှိတဲ့ အဆောက်အဦးတွေပါ မီးလောင်ပျက်စီးသွားတာရှိတယ်။ ပုလဲနယ်ထဲမှာ ကျေးရွာတွေကို ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ နေထိုင်ရာ တပ်စခန်းဖြစ်တာကြောင့် သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ BNRA တပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

ဇီးဖြူကုန်းပျူစခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နေစဉ်

BNRA ရဲ့ ၄ရက်ဆက် ဒရုန်းမစ်ရှင်ကြောင့် ထိခိုက်ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သားတွေထဲမှာ ပျူစောထီး ခေါင်းဆောင်တစ်ယောက် ပါဝင်သလို စစ်ကောင်စီအရာရှိတစ်ယောက်ကတော့ လက်မောင်းနဲ့ လည်ပင်း ထိခိုက်တဲ့အပြင် ခြေထောက်တစ်ဖက် ဖြတ်ထုတ်ရတဲ့ အနေအထားကို ရောက်ရှိသွားတယ်လို့ သိရပါတယ်။

BNRA အနေနဲ့ ဇီးဖြူကုန်းပျူစခန်း အနီးဝန်းကျင်က ဒေသခံတွေ ကောင်းမွန်စွာ သွားလာလုပ်ကိုင်စားသောက်နိုင်ဖို့ အကောင်းဆုံး ကြိုးစားကာကွယ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကိုင်းငလျင်အပြီး အပစ်ရပ်ထားသည့် စစ်ကောင်စီက နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှု ၅၂၈ ကြိမ် ပြုလုပ်ခဲ့၊ သေဆုံးသူ ၄၆၂ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၈၈၄ ဦး ရှိ

မြန်မာနိုင်ငံမှာ ထောင်နဲ့ချီ သေဆုံးခဲ့ရတဲ့ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှု ၅၂၈ ကြိမ် ပြုလုပ်ခဲ့ရာ သေဆုံးသူ ၄၆၂ ယောက်ရှိပြီး ဒဏ်ရာရရှိသူ ၈၈၄ ယောက် ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြန်မာစစ်တပ်နှင့် ကရင်နယ်ခြားစောင့်တပ် KK Park ကို ဆက်လက်ဖောက်ခွဲနေ

မြန်မာစစ်တပ်နဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) အဖွဲ့တွေဟာ ထိုင်း-မြန်မာနယ်စပ်မှာ ရှိတဲ့ KK Park က အဆောက်အဦးတွေကို နိုဝင်ဘာလ ၂ ရက်အထိ ဆက်လက် ဖောက်ခွဲဖျက်ဆီးနေဆဲဖြစ်ကြောင်း ထိုင်းသတင်း Khaosod မှာ ဖော်ပြထားပါတယ်။
Read More

ပေါက်ခေါင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲ…(ဓာတ်ပုံသတင်း)

ပဲခူးတိုင်း၊ ပြည်ခရိုင်အခြေစိုက် ပေါက်ခေါင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်တွေအတွက် အခြေခံစစ်ပညာသင်တန်းကို ၃ လကြာ သင်တန်းပေးခဲ့ပြီး ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ခန္တီးမြို့နယ်တွင် စစ်ကောင်စီတပ်သား ၁ ဦး မိသားစုနှင့်အတူ အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ် ခလရ (၅၂) တပ်ရင်းမှ အကြမ်းဖက်စစ်ကောင်စီ တပ်သား (၁) ယောက် မိသားစုနဲ့အတူ အလင်းဝင်လာတယ်လို့ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြိုင်မြို့နယ်၊ ကန်နီရွာက ပျူစောထီး ၃ ဦး မိသားစုနှင့်အတူ အလင်းဝင်လာ… ကန်နီရွာ ပျူခေါင်းဆောင်က မိန်းမပျိုများကို လက်နက်ဖြင့် ခြိမ်းခြောက်သားမယားပြုကျင့်နေဟု ဆို….

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီကျေးရွာက ပျူစောထီး ၃ ယောက် မိသားစုနဲ့အတူ ထွက်ပြေးအလင်းဝင်လာခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် တပ်ရင်း ၁၅ က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဘီးလင်းတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ဒေသခံ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

“သူတို့တကယ်တော့အလူးကြီးဘက်ကိုထောင်ပြီးပစ်တာ ပစ်တဲ့အခါ ပြောင်းကချော်ပြီးပြန်လှည့် တော့ လက်နက်ကြီးက အနောက်ဘက်ကိုပြန်ကျတယ် အလူးကြီးရွာကတော့အကုန်ရှောင်ပြီ၊ အလူးလေးရွာကတော့မရှောင်သေးဘူး ဒဏ်ရာရတဲ့ထဲမှာ ကလေးတစ်ယောက်ကတော့ စိုးရိမ်ရတယ်” လို့ ဘီးလင်းနယ်ခံတစ်ယောက်က မောင်းကိုပြောပါတယ်။