ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ရွာက အကြမ်းဖက်စစ်ကောင်စီအထိုင်စခန်းကို  ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ နတ်စစ်သည်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

နိုဝင်ဘာလ ၃ ရက်က အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ကင်းပတ်နေချိန်မှာ တော်လှန်ရေးပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အထိနာသွားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ လက်ပါးစေ ဘော်ဘင်ရွာ ပျူစောထီးတွေ ထွက်ပြေးလွတ်မြောက်သွားခဲ့ကာ ကျန်ရှိ ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ BTZM GBK PDF)

အဲ့ဒီတိုက်ခိုက်မှုကို စစ်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့တွေ ဖြစ်တဲ့ တပ်ရင်း ၃၈၀၁ တပ်ခွဲ() နတ်စစ်သည်တပ်ဖွဲ့၊ တပ်ရင်း ၃၈၀၂ မြေအောက်ပြောက်ကျားတပ်ဖွဲ့နဲ့ BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် စစ်ဗျူဟာအမှတ် (၈) ရဲ့ အပတ်စဥ်(၅) မွမ်းမံသင်တန်းဆင်းပွဲ

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် စစ်ဗျူဟာအမှတ် (၈) က ပြုလုပ်တဲ့ အပတ်စဥ်(၅) မွမ်းမံသင်တန်းဆင်းပွဲကို နိုဝင်ဘာ ၂ရက်နေ့ မနက်ပိုင်းမှာ ကရင်နီပြည်က လွတ်မြောက်နယ်မြေ တစ်နေရာမှာ ကျင်းပနိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြဝတီအနီးရှိ စစ်ကောင်စီ၏ ဝေါလေ နှင့် ဥကရစ်ထစခန်းများ သိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေ၊ ဝေါလေစခန်းမှာ ယမန်နေ့က တော်လှန်ရေးတပ်များ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ကြီးမားတဲ့ ပေါက်ကွဲမှုဖြစ်ပွား…

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ (၆) နယ်မြေဖြစ်တဲ့ မြ၀တီမြို့အနီးရှိ စစ်ကောင်စီရဲ့ ဝေါလေနဲ့ ဥကရစ်ထ တပ်စခန်းတွေ အပြီးသတ် သိမ်းပိုက်နိုင်ရေးအတွက် ဝိုင်းဝန်းပိတ်ဆို့ကာ ဆက်လက် ထိုးစစ်ဆင်နေတယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်နဲ့ ထိုင်းသတင်းတွေအရ သိရပါတယ်။
Read More

စလင်း ပကဖ နှင့် ပြည်သူများ ပူးပေါင်း လမ်းပြုပြင် (ဓာတ်ပုံသတင်း)

စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်တွေနဲ့ ဆေးတပ်သား ရဲမေတွေဟာ ပြည်သူလူထုနဲ့ ပူးပေါင်းပြီး ကျေးရွာအတွင်း အများပြည်သူ သွားလာရခက်ခဲနေတဲ့ လမ်းတွေကို ၃ ရက်ဆက်တိုက် ပြုပြင်မွမ်းမံ လမ်းပြင်လုပ်အား ဒါနပြုခဲ့တယ်လို့ စလင်းပကဖက ထုတ်ပြန်ထားပါတယ်။
Read More

စလင်းမှာ စစ်တပ် တပ်စွဲထားတဲ့ နေရာတွေအနီး နေထိုင်တဲ့ ပြည်သူတွေ တစ်ပတ်အတွင်း ပြောင်းရွေ့ဖို့ မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းက သတိပေးထုတ်ပြန်

မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်းဇင်းရွာ ရဲစခန်းအပါ အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ နေရာတွေ အနီး နေထိုင်တဲ့ ပြည်သူတွေ တစ်ပတ်အတွင်း ပြောင်းရွေ့ဖို့ မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းက အသိပေး ထုတ်ပြန်ထားပါတယ်။
Read More

နတ်သံကွင်း – ကျောက်ကြီးလမ်းကို သိမ်းပိုက်ဖို့ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ရော လေကြောင်းကပါဗုံးကြဲတိုက်ခိုက်နေဟု ကေအဲန်ယူ ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူနယ်မြေအတွင်းက နတ်သံကွင်း-ကျောက်ကြီးကားလမ်းမကို သိမ်းပိုက်နိုင်ဖို့အတွက် အကြမ်းဖက်စစ်တပ်က အင်အားသုံးစစ်ကြောင်းထိုးနေသလို လေကြောင်းကလည်း ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အပြစ်မဲ့အရပ်သားပြည်သူ (၂)ဦးသေဆုံးကာ (၅)ဦးဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်(၄၄)လုံး ပျက်စီးခဲ့တယ်လို့ကေအဲန်ယူ-ဗဟိုက ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူမြို့နယ်တွင် ဘုန်းကြီးကျောင်းမှာ အထိုင်ချထားသည့် စစ်အုပ်စုကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်၊ စစ်အုပ်စုမှ ၁ ဦးသေပြီး ၂ ဦးဒဏ်ရာရ…

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီး နဲ့ ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် (PKU) တပ်ဖွဲ့ဆီက သိရပါတယ်။