မကွေးတိုင်း၊ စလင်းမြို့နယ်မှာ တညောင်တိုက်နယ် ရဲစခန်းနဲ့ လျှပ်စစ်ခွဲရုံမှာရှိတဲ့ စစ်အုပ်စုတွေကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၇ ယောက် သေပြီး အများအပြား ထိခိုက်ဒဏ်ရာရှိကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

တညောင်ဆိပ်ဖြူကားလမ်း အရှေ့ဘက်ခြမ်းမှာရှိတဲ့ တညောင် ရဲစခန်းနဲ့ ဒေသအခေါ် မြို့လှ လျှပ်စစ်ခွဲရုံးက စစ်ကောင်စီတပ်တွေကို နိုဝင်ဘာ ၅ ရက် မနက်အစောပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ၂ နေရာခွဲပြီး ဒရုန်းတွေ၊ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ တပြိုင်နက်တည်း တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တညောင်ရဲစခန်းနဲ့ မြို့လှလျှပ်စစ်ဓာတ်အားခွဲရုံက ၁ မိုင်ခွဲကျော်ကျော်ဝေးတယ်ဗျ။ တစ်ဖက်ဖက်ကနေ စစ်ကူမလာနိုင်အောင် အဖွဲ့ခွဲပြီး တပြိုင်နက်တည်းဝင်တိုက်တာမျိုးပါ။ ရဲစခန်းထဲမှာ အင်အား ၃၀ လောက် ရှိတယ်။ ကျနော်တို့က လက်နက်ငယ်တွေနဲ့ ဝင်စီးတာပေါ့။ လျှပ်စစ်ခွဲရုံဘက်ကတော့ စစ်ကူမလာနိုင်ရေးအတွက် အပြင်ကနေပဲ လက်နက်ကြီး၊ လက်နက်ငယ် အပြင် ဒရုန်းနဲ့ပဲချတာပါ။ အထဲထိတော့ဝင်ရောက်နိုင်ခဲ့ခြင်း မရှိဘူး။ အင်အားက ၈၀ လောက်ရှိပါတယ်လို့ စလင်းမြို့နယ်ပကဖသတင်းတာဝန်ခံ ကိုအောင်ဆန်းက မောင်းကို ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့ – စလင်း ရဲဘော်များ (ဓာတ်ပုံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – စလင်း)

ဒီတိုက်ခိုက်မှု ၂ ခုမှာ စစ်ကောင်စီဘက်က ၇ ယောက် သေပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကြောင်းနဲ့ ရဲစခန်းပတ်ပတ်လည်မှာရှိတဲ့ အတားအဆီးတွေကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ စလင်းပကဖက ထုတ်ပြန်ပါတယ်။

ကညောင်တိုက်နယ်က ဆိပ်ဖြူဆင်ဖြူကျွန်းစလင်းလမ်းပိုင်းပေါ်ရှိတော့ လမ်းပိုင်းစိုးမိုးဖြတ်တောက်နိုင်ရေးတွေက အရေးပါတယ်။ နောက်ပြီး ကပစ ၂၁/၂၅ တို့လို စက်ရုံတွေကို အဓိကလျှပ်စစ်ဓာတ်အားပေးနေတဲ့ လျှပ်စစ်ခွဲရုံရှိတော့ စစ်ကောင်စီအတွက်ရော ကျနော်တို့အတွက်ပါ စစ်ရေးအရ အရေးပါပါတယ်။ လက်ရှိ စလင်းဆိပ်ဖြူကားလမ်း အရှေ့ဘက်ခြမ်းကို ကျနော်တို့တွေ စိုးမိုးထားနိုင်ပါပြီ။ နောက်ထပ် စလင်းတစ်မြို့နယ်လုံး စိုးမိုးနိုင်ဖို့ကသာ အဓိကပါလို့  စလင်းမြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုအောင်ဆန်းက ပြောပါတယ်။

တညောင်ရဲစခန်းနဲ့ လျှပ်စစ်အားခွဲရုံတိုက်ခိုက်မှုတွေကို မကွေးတိုင်းပကဖရဲ့ စီမံမှုနဲ့အတူ စလင်းပကဖနဲ့ ရပ်ကျေးပကဖတွေအပြင် မင်းဘူးခရိုင်ပကဖ၊ သိမ်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦး၊ Chauk Guerrilla Force ( CGF) စတဲ့ အဖွဲ့တွေလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်နေ့ကလည်း စလင်းမြို့ထဲက မြို့မဦးစီးမှူးနေအိမ်မှာ အစည်းအဝေးလုပ်နေတဲ့ စစ်အုပ်စုတွေ ဒရုန်းနဲ့ဗုံးကြဲခံရပြီး မြို့နယ်ရဲမှူးအပါအဝင် ၄ ယောက်သေကာ ၃ ယောက် ထိခိုက်ဒဏ်ရာနဲ့ ဆေးကုနေရတယ်လို့ သိရပါတယ်။

ထုတ်ပြန်ကြေညာချက် (ဓာတ်ပုံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – စလင်း)
0 Shares:
You May Also Like
Read More

ပြည်သူကို စစ်မှုထမ်းအကြောင်းပြ ငွေညှစ်နေသည့် အုပ်ချုပ်ရေးမှူး နေအိမ်အတွင်း ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ စ​စ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းပေးနေတဲ့ ခွက်မ အုပ်စု အုပ်ချုပ်ရေးမှူး ဆိုသူ နေအိမ်အတွင်း ပစ်ခတ်ရှင်းလင်းခံရပြီး သေဆုံးသွားကြောင်းသိရပါတယ်။
Read More

ခမရ ၁၁၉ မှာ တာဝန်ကျကာ အလင်းဝင်လိုသည့် စစ်မှုထမ်းတပ်သားကို Burma Revolution Rangers အဖွဲ့ သွားရောက်ကယ်ထုတ်ပေးခဲ့

စစ်မှုထမ်းတပ်သားအဖြစ် အတင်းအဓမ္မ စုဆောင်းခံရပြီး မန္တလေးတိုင်း ပုသိမ်ကြီးမြို့အခြေစိုက် ခမရ ၁၁၉မှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းတပ်သားသစ် ၁ ယောက်ကို သွားရောက်ကူညီ ခေါ်ဆောင်ပေးခဲ့ရကြောင်း Burma Revolution Rangers က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းမြို့နယ်၊ လင်းတလူးကျေးရွာကို စစ်ကောင်စီ လေကြောင်းမှ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်၊ ကလေးငယ်များအပါ ပြည်သူ ၃၀ ဦးခန့် သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ လင်းတလူးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ အယောက် ၃၀ ခန့် သေဆုံးခဲ့တယ်လို့ ကနဦး သိရပါတယ်။
Read More

ဒီပဲယင်းမြို့နယ်အတွင်း ပျက်စီးနေသည့် လမ်းပိုင်းများကို ပအဖ နှင့် ဆည်မြောင်းဌာနတို့ ပြည်သူနှင့်အတူ ပြုပြင်ပေးခဲ့

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း ဇွန်လအစောပိုင်းက မိုးအဆက်မပျက်ရွာသွန်းမှုကြောင့်‌ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ကာ ပျက်စီးခဲ့တဲ့ မူးဘောင်လမ်းတွေကို အလျင်အမြန် ပြုပြင်ခဲ့ရတယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

နမ့်ဆန်မြို့နယ်တွင် စစ်အုပ်စု ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၆ လုံး ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ကယားကြီးကျေးရွာမှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူငယ်အမျိုးသား (၁) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဖားဆောင်း အခြေစိုက် ခလရ (၁၃၄) ကို ကရင်နီတပ်ပေါင်းစု သိမ်းပိုက်ထားဟု ဆို

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့အခြေစိုက် ခလရ (၁၃၄) ကို ကရင်နီတပ်ပေါင်းစုက ဇူလိုင်လ အစောပိုင်းက သိမ်းပိုက်ထားနိုင်ပြီဖြစ်တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။