စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ယောအိုင်းမကျေးရွာမှာ ကထိန်ပွဲ ပြုလုပ်နေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲချခဲ့လို့ ဒေသခံ ၅ ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။

တိုက်ပွဲ ဖြစ်ပွါးခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးလာကြဲခဲ့တာဖြစ်ပြီး ၅ယောက် သေဆုံးတဲ့အပြင် ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။

ဘုံကထိန်အလှူရက်ဆိုတော့ ကိုင်းထဲမဆင်းကြဘဲ အလှူမှာ လူစုလူဝေးဖြစ်နေတဲ့အချိန်ဆိုတော့ ထိခိုက်ဒဏ်ရာရသူတွေနဲ့ သေဆုံးတဲ့သူတွေ ရှိခဲ့တာပေါ့။ လူနေအိမ် အဆောက်အဦးတွေလည်း ထိခိုက်ပျက်စီးတယ်လို့  ဗုံးကြဲခံရတဲ့ရွာနဲ့မလှမ်းမကမ်းမှာရှိတဲ့ ဒေသခံ ကိုဇေယျာမင်းက မောင်းကို ပြောပါတယ်။

ယောအိုင်းမ ကျေးရွာကို စစ်တပ်က လေယာဉ်ဗုံးကြဲထားစဉ် (ဓာတ်ပုံ CJ)

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူတွေကတော့ ဒေါ်လုံးခင် (အသက်၇၀နှစ်)၊ ဇာဇာခိုင် (အသက်၂၄နှစ်) ၊ ဒေါ်အေးသိုက် (အသက်၇၀နှစ်) ၊ ဒေါ်ဌေးကြည် (အသက်၄၀နှစ်) နဲ့ ဦးဌေးဝင်း(အသက်၄၀နှစ်)တို့ ဖြစ်ပြီး နောက်ထပ်ဒေသခံ ၅ယောက်လည်း ပြင်ထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။

နိုဝင်ဘာလ ၅ရက်နေ့ တစ်ရက်တည်းမှာပဲ အကြမ်းဖက်စစ်တပ်က ယောအိုင်းမကျေးရွာအပြင် စစ်ကိုင်းတိုင်း ဖောင်ပြင်မြို့နယ် သက်လာမောင်းရွာမှာရှိတဲ့ စာသင်ကျောင်းနဲ့ ဆေးရုံကိုလည်းလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်သွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

0 Shares:
You May Also Like
Read More

ရေတာရှည်မှာ စစ်ကောင်စီက ကျေးရွာများကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ (၄) ယောက် ဒဏ်ရာရ၊ ထန်းတစ်ပင်မှာ စစ်ကောင်စီတပ်က စစ်ရှောင်ပြည်သူ (၁)ယောက်ကို အကြောင်းမဲ့ ရှင်းလင်းခဲ့

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ ထန်းတစ်ပင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ကျေးရွာတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ (၄) ယောက် ဒဏ်ရာရပြီး ထန်းတစ်ပင်မြို့နယ်မှာတော့ စစ်ရှောင်ပြည်သူ ၁ ယောက်ကို စစ်ကောင်စီတပ်က အကြောင်းမဲ့ရှင်းလင်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ်(၂)စစ်ဒေသခွဲ၊ တောင်ပိုင်းစစ်ဒေသက မနေ့က ထုတ်ပြန်ပါတယ်။
Read More

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးက အီတလီနိုင်ငံခြားရေးနဲ့ အပြည်ပြည်ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကို တွေ့ဆုံခဲ့…

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းဟာ အီတလီနိုင်ငံခြားရေးနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၀န်ကြီးဌာနရဲ့ Deputy Director General , Principal Director for Asia, Oceania ed Antarctica. Directorate General for Globalization ဖြစ်သူ Ms. Alessandra Schiavo နဲ့ အခြားအစိုးရတာ၀န်ရှိသူတွေကို အီတလီနိုင်ငံ ၊ ရောမမြို့ရှိ နိုင်ငံခြားရေးနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၀န်ကြီးဌာန ရုံးခန်းမှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းကင်းမြို့နယ် ရွှေမျှောလုပ်ငန်းနေရာကို စစ်တပ် လေကြောင်း ဗုံးကြဲမှုကြောင့် ဒေသခံ ၂ ဦး သေဆုံး၊ ၁၀ ဦးကျော် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ရွှေမျှောလုပ်ငန်းနေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ မင်းကင်း နွေဦးတော်လှန်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

သံတောင်ကြီးတွင် မြေပြိုမှုများကြောင့် လူ ၈ ဦး ထက်မနည်း သေဆုံး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် မြေပြိုမှုတွေဖြစ်ပွားခဲ့ရာ ကလေးငယ်တွေ အပါအဝင် လူ ၈ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွထံက ကနဦး သိရပါတယ်။ 
Read More

အာရှတွင် တတိယမြောက် ဆင်းရဲဆုံးနိုင်ငံအဖြစ် မြန်မာပါဝင်လာ

၂၀၂၄ ခုနှစ်အတွက် အဆင်းရဲဆုံး အာရှ ၁၀ နိုင်ငံထဲမှာ တတိယအဆင့်အဖြစ် မြန်မာနိုင်ငံပါဝင်လာကြောင်း World Population Reviews က ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံရဲ့ တစ်ဦးချင်းဝင်ငွေ (Gross National Income – GNI) ဟာ အာဖဂန်နစ္စတန်နဲ့ နီပေါနိုင်ငံတွေပြီးရင် တတိယနေရာမှာ ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Read More

NUG ဝန်ကြီးချုပ်နဲ့ ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူတွေက PDF သင်တန်းသူ၊ သင်တန်းသားတွေကို သွားရောက်တွေ့ဆုံခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူတွေက ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) သင်တန်းကျောင်းတွေဆီ သွားရောက်ပြီး သင်တန်းနည်းပြအဖွဲ့များ၊ သင်တန်းသူ၊ သင်တန်းသားများကို တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။