ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ရွာက အကြမ်းဖက်စစ်ကောင်စီအထိုင်စခန်းကို  ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ နတ်စစ်သည်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

နိုဝင်ဘာလ ၃ ရက်က အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ကင်းပတ်နေချိန်မှာ တော်လှန်ရေးပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အထိနာသွားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ လက်ပါးစေ ဘော်ဘင်ရွာ ပျူစောထီးတွေ ထွက်ပြေးလွတ်မြောက်သွားခဲ့ကာ ကျန်ရှိ ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ BTZM GBK PDF)

အဲ့ဒီတိုက်ခိုက်မှုကို စစ်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့တွေ ဖြစ်တဲ့ တပ်ရင်း ၃၈၀၁ တပ်ခွဲ() နတ်စစ်သည်တပ်ဖွဲ့၊ တပ်ရင်း ၃၈၀၂ မြေအောက်ပြောက်ကျားတပ်ဖွဲ့နဲ့ BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရသေ့တောင်မြို့နယ်တွင် ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်လှေ ၅ စီးကို AA ဖမ်းဆီး၊ လှေ ၁ စီးမှ အကြမ်းဖက်သမားများ AA အရာရှိ ၁ ဦးနှင့် တပ်ဖွဲ့ဝင် ၁ ဦးကို သတ်ပြီး ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ထဲ ထွက်ပြေး

ရခိုင်ပြည်နယ်ရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရသေ့တောင်မြို့နယ်မှာ ငါးခိုးဖမ်းတဲ့ လှေ ၅ စီးကို ဖမ်းဆီးရမိရာ လှေ ၁ စီးက အကြမ်းဖက်သမားတွေဟာ အရာရှိ ၁ ယောက်နဲ့ တပ်ဖွဲ့ဝင် ၁ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် “မတရားမှုဒဏ် ပြည်သူ့အသံ မိုးထက်ညံ” ပိုစတာချိတ်ဆွဲ

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေး အထူးတင်းကျပ်ထားတဲ့ ရန်ကုန်မြို့ တစ်နေရာမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် "မတရားမှုဒဏ် ပြည်သူ့အသံ မိုးထက်ညံ" ပိုစတာကို ဒီနေ့ မနက်ပိုင်းက ချိတ်ဆွဲပြီး ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ YOA အဖွဲ့ဆီက သိရပါတယ်။
Read More

ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီတပ်သား ၁ ဦး အလင်းဝင်၊ ပြည်သူ့စစ် ၁ ဦး အရှင်ဖမ်းမိ

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာပြီး ပြည်သူ့စစ် ၁ ယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါမှာ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုတွေကို ဒရုန်းတွေ တိုက်မိုင်းတွေနဲ့ စောင့်ကြိုတိုက်ခိုက်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်​ဂေါမြို့နယ်မှာ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ရာ ၆ယောက်ထက်မနည်းထိခိုက်သွားကြောင်း ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ထုတ်ပြန်၊ ဟန်ပြရွေးကောက်ပွဲတွင် ပူးပေါင်းသူများကို စစ်ရာဇဝတ်မှု ကိုယ်တိုင်ကျူးလွန်သူများအဖြစ် ပြည်သူများ သတ်မှတ်မည်ဟု သတိပေး

အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ချက်ကို ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
Read More

မောင်တောမှာ AA မိုင်းရှင်းလင်းရေး လုပ်ငန်းတွေ လုပ်ဆောင်နေ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ဒေသတွင်းသတင်းဌာန Arakan Princess Media က သတင်းဖော်ပြထားပါတယ်။