မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာထိပ် အမ်းပဒါန်းလမ်းပိုင်းမှာ လုံခြုံရေးယူထားတဲ့ အကြမ်းဖက်စစ်တပ်ကင်းစခန်း ၂ ခုကို နိုဝင်ဘာ ၅ ရက် မနေ့က မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင်အမှတ်၂တပ်ရင်းထံက သိရပါတယ်။

အပြန်အလှန်ပစ်ခတ်တိုက်ပွဲနာရီဝက်ခန့်ဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်သားအများအပြားသေဆုံးခဲ့ကာဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့သိရပါတယ်။

အထိနာသွားတဲ့ အကြမ်းဖက်စစ်တပ် ဘက်ကနေ စစ်ကူတွေရောက်လာကာ နှစ်ဘက်ညှပ်ပစ်ခတ်ပြီး နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်းကနေလည်း ဟောင်ဝစ်ဇာပစ်ကူတွေ ဆက်တိုက်ပစ်ခတ်တဲ့အတွက် တော်လှန်ရေးတပ်တွေ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ်()တပ်ရင်းနဲ့အတူ မဟာမိတ် အရှိုချင်းကာကွယ်ရေးတပ်(ACDF)၊ လူထုတော်လှန်ရေး  မဟာမိတ်အင်အားစု(PRA – Magway) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဗန်းမော်စစ်ဆင်ရေးတွင် KIA နှင့်အတူ ဗမာ့တပ်တော်ရဲဘော်များ ပါဝင်တိုက်ခိုက် (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဗန်းမော်စစ်ဆင်ရေးမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဦးဆောင်မှုနဲ့အတူ ဗမာ့တပ်တော်ရဲဘော်တွေ ပါဝင်တိုက်ခိုက်နေတဲ့ ရုပ်သံမှတ်တမ်းကို ဗမာ့တပ်တော် BAMAR ARMY က အောက်တိုဘာ ၁၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

လတ်လောစစ်ဆင်ရေးတွေအတွက် လိုအပ်နေတဲ့ ကျည်ခဲယမ်းတွေဖြည့်တင်းနိုင်ဖို့ တော်လှန်နှုတ်ခမ်းနီ Project III (ရုပ်/သံ)

လတ်လောစစ်ဆင်ရေးတွေအတွက် လိုအပ်နေတဲ့ ကျည်ခဲယမ်းတွေဖြည့်တင်းနိုင်ဖို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F အဖွဲ့ရဲ့ ရဲဘော်တွေက အခုလိုပဲ တိုက်တွန်းထားပါတယ်။
Read More

မောင်းသူမပါဘဲ ထိန်းချုပ်မောင်းနှင်နိုင်တဲ့ စက်လှေငယ်ကို KLG Drone Team ထုတ်ပြန်ပြသ (ရုပ်/သံ)

မောင်းသူမပါဘဲ ထိန်းချုပ်မောင်းနှင်နိုင်တဲ့ စက်လှေငယ်ကို KLG Drone Team က ထုတ်ပြန်ပြသလိုက်ပါတယ်။
Read More

PDF ဂိတ်အား ဝင်ရောက်စီးနင်းသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်သားအများအပြားသေပြီး တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းရှိ PDF ဂိတ်ကို ဝင်ရောက်စီးနင်းတဲ့ စစ်ကောင်စီတပ်နဲ့ တော် လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေကာ တော်လှန်ရေးရဲဘော် ၁ ယောက်ကျဆုံးခဲ့တယ်လို့ အညာဒေသတော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဟားခါးမြို့ ခလရ ၂၆၆ ခြေလျင်တပ်ရင်းကို တော်လှန်ရေးတပ်များ ထိုးစစ်ဆင်တိုက်ခိုက် (ရုပ်/သံ)

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၂၆၆ ခြေလျင်တပ်ရင်းကို တော်လှန်ရေးတပ်တွေ ထိုးစစ်တိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွါးနေတယ်လို့ ဒေသခံတွေ ထံက သိရပါတယ်။