မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့ကနေ မန္တလေးမြို့ဘက်ကို ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ပဒေသာမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Wundwin Township Revolution Force (WTRF) ထံက သိရပါတယ်။

ဒီနေ့ နိုဝင်ဘာလ ၆ ရက်၊ မနက် ၈ နာရီအချိန်မှာ ရန်ကုန်မန္တလေးလမ်းဟောင်းအတိုင်းထွက်ခွာလာတဲ့စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ခိုက်မှုအတွင်း ပဒေသာမိုင်း ၃ လုံး ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီယာဉ်တန်းရဲ့ နောက်ဆုံးယာဉ်ကို ထိမှန်သွားပြီး ဖြစ်စဉ်နေရာမှာပဲ ထိုးရပ်သွားတယ်လို့ သိရပါတယ်။

ကျနော်တို့က သတင်းကြိုရတာမျိုးတော့ မဟုတ်ပါဘူး။ ဒီလမ်းက သူတို့သွားနေကျလမ်းဆိုတော့လေ။ ထိသွားတဲ့ ကားမှာက စခတွေ ၁၅ ယောက်လောက်ပါပါတယ်။ နောက်ဆက်တွဲကတော့ စုံစမ်းနေဆဲပါလို့ WTRF တာဝန်ရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။

တိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီတပ်တွေက ဖြစ်စဉ်ဖြစ်ပွားရာ နေရာတဝိုက်ကို တောနင်းရှာဖွေမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၂ နှစ်အရွယ်ကလေးငယ်အပါ စစ်ဘေးရှောင်ပြည်သူ ၄ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၂ နှစ်အရွယ်ကလေးငယ်အပါအဝင် စစ်ဘေးရှောင်ပြည်သူ ၄ ယောက် သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရခဲ့တယ်လို့ Arakan Princess Media နဲ့ ဒေသခံတွေဆီက သိရပါတယ်။
Read More

သရုပ်ဆောင် စည်သူ(ပလပ်ကျွတ်) မြန်မာလုပ်သားများ ဘတ်တင်မည့် ငွေများ ပြန်မဖြေရှင်းပဲ တိမ်းရှောင်နေ

သရုပ်ဆောင် စည်သူ(ပလပ်ကျွတ်) က မြန်မာလုပ်သား တွေကို ပန်းရောင်ကတ်(ခေါ်) ဘတ်တင်ပေးမယ်ဆိုပြီး ဘတ်ငွေသိန်းနဲ့ချီ လိမ်လည်ယူဆောင်သွားတယ်လို့ သိရပါတယ်။
Read More

လောင်းလုံးမှာ အကြမ်းဖက်စစ်တပ်က အရပ်သားလူငယ် ၂ ယောက်ကို PDF အဖြစ် စွပ်စွဲဖမ်းဆီးပြီး ရက်စက်စွာ လည်လှီးသတ်ခဲ့၊ စစ်တပ်စစ်ကြောင်းဝင်ရောက်မှုကြောင့် တခြားအရပ်သား ၃ ယောက်လည်း သေဆုံးခဲ့ရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက လူငယ် ၂ ယောက်ကို PDF အဖြစ် ဖမ်းဆီးစွပ်စွဲကာ ရက်ရက်စက်စက် လည်လှီးသတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။
Read More

ငလျင် အကူအညီများ NUG ၊ ERO နှင့် ဒေသခံအဖွဲ့တွေဆီ တိုက်ရိုက်ပေးအပ်ဖို့ အရပ်ဘက်အဖွဲ့အစည်း ၂၀၀ ကျော် တောင်းဆို

ငလျင်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးနစ်နာခဲ့တဲ့ ပြည်သူတွေထံ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ရမှာ စစ်ကောင်စီက နိုင်ငံရေးနဲ့ စစ်ရေးအရ အမြတ်မထုတ်နိုင်အောင် သေချာစွာ လုပ်ဆောင်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

စလင်းတွင် ၁၈ နှစ် ပြည့်ပြီးသူများကို ကြိုတင်မဲထည့်ခိုင်းပြီး မဲမထည့်ရင် အရေးယူမည်ဟု စစ်ကော်မရှင် ပြော၊ အဝေးသင်များကိုလည်း ကျောင်းတက်ခွင့် ရုတ်သိမ်းမည်ဟု ခြိမ်းခြောက်

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ၁၈နှစ်ပြည့်ပြီးထားတဲ့ လူငယ်တွေကို အတင်းအဓမ္မဖိအားပေးကာ ကြိုတင်မဲထည့်ခိုင်းနေသလို မဲမထည့်သူတွေကို အရေးယူသွားမှာဖြစ်ပြီး ကျောင်းသားကျောင်းသူတွေကိုလည်း ကျောင်းဆက်တက်ခွင့် ရုတ်သိမ်းသွားမယ်လို့ ခြိမ်းခြောက်နေကြောင်း ပြည်သူ့ညီနောင်-စလင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

၂၀၂၄ ဟာ တော်လှန်ရေးအင်အားစုတွေ သမိုင်းတလျှောက် ပူးပေါင်းဆောင်ရွက်မှု အားအကောင်းဆုံးနှစ် ဖြစ်ခဲ့၊ တော်လှန်ရေးအင်အားစုများ၏ ဘုံသဘောထားများကို လိုက်နာနိုင်ပါက စစ်ကောင်စီနှင့် ဆွေးနွေးမည်ဟု ဆို

၂၀၂၄ ခုနှစ်ဟာ တော်လှန်ရေး အင်အားစုတွေအကြား ယုံကြည်မှု၊ နားလည်မှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု သမိုင်းတလျှောက် အားအကောင်းဆုံး နှစ်တစ်နှစ်ဖြစ်ခဲ့ကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားလိုက်ပါတယ်။