မြို့ကြီးတွေကို အဓိက ဓာတ်အားဖြန့်ဖြူးနေတဲ့ လောပိတ ရေအားလျှပ်စစ်စီမံကိန်းအတွင်းကဓာတ်အားပေး စက်ရုံကို ပြင်ဆင်ဖို့ဘတ်ဂျတ်မရှိတာကြောင့် ရန်ကုန်အပါအဝင်မြို့ကြီးတွေမှာ လျှပ်စစ်မီး ပြတ်တောက်မှု ဆိုးရွားလာတာဖြစ်တယ်လို့ စစ်ကောင်စီထိန်းချုပ်ခံ လျှပ်စစ်ဝန်ကြီးဌာနရဲ့ အတွင်းသတင်းတွေအရ သိရှိရပါတယ်။

တိုက်ပွဲတွေကြောင့် တာဝါကျိုးသွားခဲ့တဲ့ လောပိတဟာ ပြန်လည်မပြင်ဆင်နိုင်သေးသလို ၊ရာဂီ မုန်တိုင်းကြောင့် ရေဝင်ရောက်ခဲ့တဲ့လောပိတမှာ ကြီးကြီးမားနည်းပညာအရ ပြန်လည်အဆင့်မြှင့်ဖို့လိုအပ်နေပြီး ဘတ်ဂျတ်မရှိတာကြောင့် ပြန်လည်မပြင်ဆင်နိုင်သေးတာလို့ သိရပါတယ်။

ကရင်နီ လွိုင်ကော်ဒေသထဲက လောပိတ ရေအားလျှပ်စစ်စက်ရုံမှ ဓာတ်အားကိုလွှိုင်ကော်မှတဆင့် တီကျစ်လိုင်း၊ တီကျစ်မှတဆင့်  အမျိုးသားဓာတ်အားလိုင်းထဲထည့်ရန် မဂ္ဂါဝပ်မလုံလောက်တဲ့ ပြသနာနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။

ဒါ့ကြောင့် ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာ လျှပ်စစ်မီးပေးဝေမှုပုံစံကိုပြောင်းလဲပြီး ဝန်အားလျှော့လုပ်ဆောင်နေရတာဖြစ်ပါတယ်။

ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်လေးခုစလုံးကို နိုဝင်ဘာ ၅ ရက်ကစတင်၍ တစ်ရက်လျှင် နှစ်ကြိမ်မီးပြတ်ပြီး ရှစ်နာရီ မီးဖြတ်မယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်မီးပြတ်တောက်မှုမှာ နိုင်ငံတစ်ဝန်း ဆိုးရွားစွာရင်ဆိုင်နေရကာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေဖြစ်တဲ့ LNG (သဘာဝဓာတ်ငွေ့ရည်) ဓာတ်အားပေးစက်ရုံများမှာလည်း၂၀၂၃နှစ်ဆန်းပိုင်းမှာထွက်ခွာသွားခဲ့ပါတယ်။

တနိုင်ငံလုံးတွင်လျှပ်စစ်ဓာတ်အားအမြင့်ဆုံးထုတ်လုပ်နိုင်မှုသည်မဂ္ဂါဝပ်၄,၂၀၀ ရှိခဲ့သော်လည်း စစ်ကောင်စီလက်ထက်တွင် မဂ္ဂါဝပ် ၂,၀၀၀ခန့်သာ ထုတ်လုပ်နိုင်တော့တာပါ။

တစ်နိုင်ငံလုံးကို လျှပ်စစ်မီးပေးဖို့ စစ်ကောင်စီဟာ ရေအားလျှပ်စစ်တစ်ခုထဲကိုသာ မှီခိုနေရပြီး နယ်မြေအချို့မှာ တိုက်ပွဲတွေကြောင့် ရေအားလျှပ်စစ်စက်ရုံအချို့ကိုလည်း စီမံခန့်ခွဲနိုင်ခြင်း မရှိတော့ပါဘူး။

0 Shares:
You May Also Like
Read More

ကမ်းပါးနီ စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ပြီးနောက် တိုက်ပွဲ ဆက်လက်ပြင်းထန်နေ၊ ကလေး တောင်ပိုင်းက ဆေးရုံဆေးခန်းတွေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်း၊ မဏိပူရ မူးမြစ်ကူးတံတားအနီးက ကမ်းပါးနီစစ်အုပ်စုစခန်းကို Chin Defense Force - KKG နဲ့ မဟာမိတ်တော်လှန်ရေးတပ်တွေ သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေကြောင်း သိရပါတယ်။
Read More

သင်္ဃန်းကျွန်း၊ ကြီးပွားရေးရပ်ကွက်က စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသူတွေရှိရာကို လက်ပစ်ဗုံး ပစ်ခတ် သတိပေး

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်က အကြမ်းဖက်စစ်တပ်အတွက် အလုပ်လုပ်ပေးနေတဲ့ ပျူစောထီးတွေရှိရာကို လက်ပစ်ဗုံးတွေနဲ့ သွားရောက်သတိပေးတိုက်ခိုက်ခဲ့တယ်လို့ Mother Son မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ဗိုလ်နိုင်က မောင်းကို ပြောပါတယ်။
Read More

ချင်းပြည်တောင်ပိုင်းတစ်ခုလုံး စစ်ကောင်စီ ကင်းစင်သွားပြီဖြစ်ကာ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ဆက်လက်ဆင်နွှဲနေ

ချင်းညီနောင်တပ်ဖွဲ့တွေဟာ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ဆက်လက်ဆင်နွှဲနေပြီဖြစ်ပြီး တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ချင်းညီနောင်အဖွဲ့က ပြောပါတယ်။
Read More

အမ်း-ပဒါန်းလမ်းပိုင်းမှာ ရခိုင်ကို စစ်ကူသွားတဲ့ စစ်တပ်စစ်ကြောင်းထဲက ​ခြေလျင်တပ်တွေ တိုက်ခိုက်ခံရပြီး တပ်ကြပ်အဆင့်အပါ ၉ယောက်သေ

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း- ပဒါန်းလမ်းပိုင်းမှာ ရခိုင်ဘက်ကို စစ်ကူသွားတဲ့ စစ်တပ်စစ်ကြောင်းထဲက ခြေလျင်တပ်သားတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က တပ်ကြပ်ကြီးအဆင့်ရှိသူအပါအဝင် ၉ယောက်သေဆုံးခဲ့ကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA Magway) စစ်ရေးချုပ် ကိုနောင်သူရိန်က မောင်းကို ပြောပါတယ်။
Read More

အမျိုးသမီးတစ်ယောက်ကို ပစ်သတ်ခဲ့တဲ့ PDF ဒုတပ်ခွဲမှူးကို ထောင်ဒဏ် (၁၀) နှစ်ချမှတ်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟံလင်းတိုက်နယ်၊ သခွတ္တောကျေးရွာက အမျိုးသမီးတစ်ယောက်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင်တပ်ရင်း (၂)၊ တပ်ခွဲ(၁) - ဒုတပ်ခွဲမှူး ရဲဘော် ပြည့်ထွန်းနိုင် (ခ) လင်းစေ က ပစ်သတ်ခဲ့တယ်လို့ အကျဉ်းစစ်တရားရုံးချုပ် အမှတ် (၂/၂၀၂၄) ဖွဲ့စည်းစစ်ဆေးမှုအရ ​ပေါ်​ပေါက်ခဲ့တာကြောင့် ကျူးလွန်သူကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁၀) နှစ် ချမှတ်လိုက်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

AA နဲ့ ပူးပေါင်းတပ်များ ပိတ်ဆို့ထားတဲ့ နတ်ရေကန်စခန်းမှ ထွက်ပြေးသူ ဆယ်ချီရှိ

ရခိုင်နဲ့ မကွေးအစပ်က နတ်ရေကန်ဗျူဟာစခန်းကနေ ထွက်ပြေးတဲ့ စစ်ကော်မရှင်တပ်သား ဆယ်ချီရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ AA နဲ့ ပူးပေါင်းတပ်တွေဟာ အဆိုပါနတ်ရေကန်စခန်းကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလကတည်းက ပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပြီး နတ်ရေကန်စခန်းဘေးပတ်လည်က ကင်းစခန်းတချို့ကိုလည်း သိမ်းထားခဲ့တာဖြစ်ပါတယ်။ အဲဒီလို ဝိုင်းဝန်းပိတ်ဆို့ထားတဲ့ နတ်ရေကန် ဗျူဟာစခန်းကနေ ဆယ်နဲ့ချီတဲ့စစ်သားတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထွက်ပြေးသွားတယ်လို့ သိရပါတယ်။