မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီက အရပ်သားတွေကို စစ်မှုထမ်းပေါ်တာဆွဲမှုအပြင် ပျူစောထီးအဖြစ်ပါ အတင်းအကျပ်စုဆောင်းပြီး စစ်အင်အားအသည်အသန် ဖြည့်တင်းနေတယ်လို့ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းထံက သိရပါတယ်။

ထိတွေ့တိုက်ပွဲတွေ ရှိနေတဲ့ ပွင့်ဖြူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက နယ်မြေစိုးမိုးမှုတွေပြန်ပြီးရရှိရေးနဲ့ တော်လှန်ရေးတပ်တွေကို ခုခံနိုင်ဖို့ မဲဇလီရဲစခန်းကို လက်တလော အင်အားဖြည့်တင်းထားသလို ပျူစောထီးအားကောင်းရာ ကျေးရွာတွေမှာလည်း လက်နက်တွေချပေးပြီး ပျူစောထီးတပ်သားသစ်၊ စစ်သားသစ်တွေ အတင်းအကြပ် စုဆောင်းနေတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ ပွင့်ဖြူနဲ့ စလင်းမြို့နယ်အစပ်က ဆင်လူးကျေးရွာကို တစ်ရွာလုံးနီးပါး ပျူစောထီးအဖွဲ့ဝင်ဖြစ်အောင် ခြိမ်းခြောက်စည်းရုံးခဲ့ပြီး မလိုက်နာသူတွေကို ဖမ်းဆီးအရေးယူကာ နေအိမ် ချိတ်ပိတ်သိမ်းဆည်းတာတွေ လုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။

အဲ့ဒီနောက် ပျူစောထီးအဖွဲ့ဝင်တွေအတွက် လက်လုပ်အပါအဝင် လက်နက်ငယ် (၇၀) ၊ဒရုန်း အကြီး () စီး၊ ကင်းထောက်ဒရုန်း အသေး () စီး၊ အီနာဂါ အလုံး (၁၅၀) နဲ့မြေမြှုပ်မိုင်း၊ လက်နက်ကြီးစတဲ့ စစ်လက်နက်ပစ္စည်းမျိုးစုံကို အင်အားဖြည့်တင်းပေးထားတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ ဆင်လူးရွာကို စစ်အင်အားဖြည့်တင်းပေးတာဟာ အကြောင်းအရင်းရှိတယ်လို့လည်း မင်းဘူးခရိုင်ကွပ်ကဲရေးရုံးပြန်ကြားရေးဌာန က ပြောပါတယ်။

ဆင်လူးရွာက ပုသိမ်မုံရွာလမ်းပေါ်ရှိတယ်။နောက်ပြီးစလင်းနဲ့ပွင့်ဖြူအစပ်ဆိုတော့အရေးပါတဲ့နေရာလိုဖြစ်နေတယ်။ပွင့်ဖြူမှာဆင်လူး၊ကျောင်းကုန်းကြီး။ရေပုတ်ကလေးဆိုပြီးပျူရွာတွေရှိတဲ့အထဲဆင်လူးကအင်အားတောင့်တယ်ပြောရမယ်။မိုင်းတွေခင်းထားတယ်၊ဘန်ကာတွေသေချာလုပ်ထားတယ်။ခံစစ်ပိုင်းသေချာလုပ်ထားတဲ့ပျူရွာလို့ပြောလို့ရပါတယ်။လက်နက်တွေကတော့စစ်တပ်ကချပေးတယ်ပြောတယ်။တချို့ကလည်းဝယ်ထားရတယ်ပြောကြတယ်။နောက်ပြီးအရပ်သားတွေပျူထဲထည့်တဲ့နေရာမှာခြိမ်းခြောက်တာအပြင်လစာပေးမယ်ဆိုပြီးမက်လုံးပေးစည်းရုံးတာတွေလည်းရှိပါတယ်။စစ်တပ်ကလစာ၄သိန်းပေးတယ်ကြားတယ်။

(ဓာတ်ပုံ မင်းဘူးခရိုင် အမှတ် -၇ တပ်ရင်း (People Defence Force – Pwintbyu))

ဒါပေမယ့် အောက်ကိုမရောက်တော့ဘဲ ခေါင်းဆောင်တွေအချင်းချင်း ငွေခွဲယူလိုက်တယ်။ ကျန်တဲ့ အောက်ခြေကကောင်တွေကိုတော့ ဂိတ်ဖွင့်ရှာစားခိုင်းထားတယ်ပေါ့။လို့ မင်းဘူးခရိုင်ကွပ်ကဲရေးရုံးပြန်ကြားရေးဌာန တာဝန်ရှိသူက မောင်း ကို ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့ ပွင့်ဖြူမြို့ကနေ ၁နှစ်နီးပါး ဆုတ်ခွာထားခဲ့ရပေမယ့် မြို့နယ်အတွင်းက စစ်တက်ဂိတ်စခန်းတွေကို ပြောက်ကျားဗျူဟာနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ၊ စစ်ကြောင်းဖြတ်တောက် တိုက်ခိုက်တာတွေ လုပ်ဆောင်ရင်း စစ်ရေးအရှိန်မြှင့်တင်ကာ နယ်မြေစိုးမိုးမှုတွေ ပြန်ပြီးရယူခဲ့တယ်လို့လည်း သိရပါတယ်။

အဓိကကတော့ တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ နယ်မြေတွေကို ပြန်ယူချင်တာရယ။ အဓိက မြို့ကြီးတွေကို ဝင်တိုက်မှာကြောက်တာရယ်ကြောင့် ခုခံနေတဲ့သဘောလို့ပဲ မြင်ပါတယ်။ ​​​​အခုဆို မဲဇလီရဲစခန်းထဲ ကျောင်းကုန်းကြီးကရော ရေပုတ်ကလေးက ပျူတွေပါ အင်အားဖြည့်ထားတယ်လို့ကြားပါတယ်။ဒီနေရာမှာအရပ်သားတွေဆီကို စစ်ကြောင်းထိုးနိုင်တဲ့ အန္တရာယ်လည်းရှိပါတယ်။လို့ မင်းဘူးခရိုင် ကွပ်ကဲရေးရုံး ပြန်ကြားရေးဌာန တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလလောက်ကစလို့ မင်းဘူးခရိုင်အတွင်းက ပွင့်ဖြူ၊ စလင်း၊ စေတုတ္တရာ နဲ့ ငဖဲမြို့နယ်တွေမှာ အရပ်သားတွေကို တပ်သားသစ်အဖြစ် စစ်မှုထမ်းပေါ်တာဆွဲတာတွေလည်း လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

ပေါ်တာဆွဲတာ ၉ လပိုင်းထဲမှာ များတယ်ပြောရမယ်။ ပွင့်ဖြူမြို့ပေါ်နဲ့ မုန်းချောင်းတံတားပေါ် သွားတဲ့ ဆိုင်ကယ်မှန်သမျှ အကုန်ဖမ်းသွားတယ်။ ဆိုင်ကယ်တွေ၊ ပစ္စည်းတွေသိမ်းတယ်။ လူကို စစ်တပ်ထဲထည့်တယ်။ သတင်းမှီလို့ ပိုက်ဆံနဲ့လာရွေးတဲ့လူ နည်းနည်းလောက်ပဲပြန်လွတ်ခဲ့တာလို့ပြောရမယ်။ အဲ့တော့ မြို့ပေါ်မှာ ပြေးတဲ့သူပြေး၊ပါတဲ့ပါဖြစ်ကုန်တယ်။ လူငယ်တွေမှမဟုတ်ဘူး။ အမျိုးသား လုပ်နိုင်ကိုင်နိုင်တွေပါ အကုန်ဆွဲဖမ်းသွားတာလို့ မင်းဘူးခရိုင် ကွပ်ကဲရေးရုံးပြန်ကြားရေးဌာန တာဝန်ရှိသူက ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

အမေရိကန်၊ ဆန်ဖရန်စစ္စကိုမြို့က နွေဦးတော်လှန်ရေး လူထုသပိတ်တိုက်ပွဲ (ဓာတ်ပုံသတင်း)

အမေရိကန်ရောက်  Free Burma Action Committee-Northern California က ဦးဆောင်ပြီး “နွေဦးတော်လှန်ရေး အောင်မြင်ဖို့ စစ်ရေး နိုင်ငံရေး ပူးပေါင်းညီညွတ်ကြပါစို့” ဆိုတဲ့ခေါင်းစဉ်နဲ့  လူထုသပိတ်လှုပ်ရှားမှုကို ဒီနေ့ နိုဝင်ဘာလ ၁၀ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
Read More

ဖလန်းကျင်းရွာအနီး ခရီးသည်တင်ယာဉ် တိမ်းမှောက်ကာ ကလေးငယ်အပါ ၆ ဦးသေဆုံး၊ ၁၁ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ဖလန်းကျင်းရွာအနီးမှာ ခရီးသည်တင်ယာဉ် တိမ်းမှောက်လို့ ၆ ယောက် သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်သူတွေဆီက သိရပါတယ်။
Read More

ဇန်နဝါရီလ ပထမပတ်အတွင်း အကြမ်းဖက် စစ်တပ်မှ တော်လှန်ရေး တပ်ဖွဲ့များထံ အလင်းဝင်၊ လက်နက်ချ၊  စစ်သုံ့ပန်း   ၅၅ ဦး ရှိခဲ့

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်အတွင်း အလင်းဝင်ပူးပေါင်း၊ လက်နက်ချနဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ အကြမ်းဖက်စစ်တပ် လက်အောက်ခံ စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် စုစုပေါင်း ၅၅ ယောက် ရှိခဲ့တယ် လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ဇန်နဝါရီ ၁၅ မှာ ထုတ်ပြန်ထား ပါတယ်။
Read More

ကျောက်ပန်းတောင်းတွင် စစ်ကောင်စီ အရပ်သား ၂ဦးကို ရက်ရက်စက်စက် သတ်ခဲ့

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်မှာ စစ်ကြောင်းထိုး အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သား၂ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့ကြောင်း ညောင်ဦးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

သီတင်းကျွတ်လပြည့်နေ့တွင် သီပေါမြို့ကို အကြမ်းဖက်စစ်တပ် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ၊ ကလေး (၁) ဦးအပါ (၃) ဦး ထိမှန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ကလေး (၁) ယောက် အပါအဝင် (၃) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။
Read More

DMO Local PDF နဲ့ ကလလတ တို့ ရပ်မိရပ်ဖတွေနှင့်အတူ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး

ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမောဆို (DMO Local PDF) တပ်ဖွဲ့နဲ့ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး - KNPLF (ကလလတ) တပ်ဖွဲ့တို့က ရပ်မိရပ်ဖတွေနဲ့အတူ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ DMO Local PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။