ကျနော် စစ်သားဖြစ်ခဲ့တယ်။ ဒါပေမယ့် တိုင်းပြည်ကို ကာကွယ်ဖို့ပဲ စစ်သားလုပ်ခဲ့တာ။ ကိုယ့်ပြည်သူကို ပြန်ကာကွယ်ဖို့ အခြေအနေကိုပဲ လိုချင်ခဲ့တာ။ ကျနော်တို့ကို လက်ထဲမှာ ကျည်ဆန် အပြည့်အဝ ထည့်ပေးတယ်။ သေနတ် တစ်လက်ပေးတယ်။ ပြီးရင် ကိုယ့်ပြည်သူကို ပြန်သတ်ခိုင်းတယ်

ဒီစကားတွေကိုလက်ရှိစစ်အာဏာရှင်အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ကိုယ်ရံတော်တပ်ဖွဲ့ဝင်ဟောင်းကိုအောင်ကျော်ထက်ကပြောခဲ့တာပါ။

စစ်တပ်ထဲမှာ ဆယ်စုနှစ် တစ်ခုကျော်ကြာ တာဝန်ထမ်းခဲ့တဲ့ ကိုအောင်ကျော်ထက်ဟာ အာဏာသိမ်းပြီး တစ်နှစ်အကြာ ၂၀၂၂ ဖေဖော်ဝါရီလမှာ CDM လုပ်ခဲ့တာပါ။ သူက မင်းအောင်လှိုင်ကို ၆နှစ်ကျော်နီးပါး ကာကွယ်ပေးခဲ့ရတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်ဟောင်း တစ်ယောက်လည်း ဖြစ်ပါတယ်။

အာဏာရှင် မင်းအောင်လှိုင်ရဲ့ လုံခြုံရေးတပ်ဖွဲ့မှာ တာဝန်ယူခဲ့ရတဲ့ အတွေ့အကြုံနဲ့ ပတ်သက်ပြီး သူက ဒီဗီဒီယိုမှာ ပြောပြထားပါတယ်။

0 Shares:
You May Also Like
Read More

CDF – Asho မှ ဖမ်းမိထားသည့် အကြမ်းဖက် စစ်ကောင်စီတပ်သားများကို မေးမြန်းချက် (ရုပ်/သံ)

CDF - Asho က ဖမ်းဆီးရမိထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေရဲ့ စားသောက်နေထိုင်ရေး အခြေအနေတွေကို မေးမြန်းထားတဲ့ ရုပ်သံဖိုင်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။
Read More

ပါတီနိုင်ငံရေးတွေ စိတ်မဝင်စား၊ စစ်အာဏာရှင်ဖြုတ်ချရေးသာ အသွေးနဲ့အသား ပေးဆပ်ထားသူ (ရုပ်/သံ)

တောင်ပိုင်းစစ်ဒေသ (၂) မှာ တာဝန်ထမ်းဆောင်တဲ့ ရဲဘော်နေလင်းဟာ တိုက်ပွဲအတွင်း ဒဏ်ရာ ကြီးကြီးမားမား ၂ကြိမ် ရခဲ့ပြီး လက်ရှိမှာ ရှေ့တန်းတိုက်ပွဲတွေမှာ မပါဝင်နိုင်တော့ဘဲ ရရာအခန်းကဏ္ဍကနေ တော်လှန်ရေးခရီးကို ဆက်လျှောက်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ 
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ(၁၁၂) တပ်သား- ကျော်ဇင်ဝင်း၏ ပြောကြားချက် (ရုပ်/သံ)

''စစ်တပ်ထဲကို ကျနော်တို့လည်း မဝင်ချင်ဘူး။ အတင်းအဓမ္မဝင်ခိုင်းတယ်။ ထွက်ပြေးလည်း လိုက်ဖမ်းတယ်။ စစ်တပ်ထဲမှာခေါ်ပြီး နှိပ်စက်တယ်။ ကျနော်တို့မလုပ်ချင်တာတွေလည်း အတင်းအဓမ္မခိုင်းတယ်။ သူတို့ဒီလုပ်ရပ်က လူမဆန်တဲ့ လုပ်ရပ်။ သဘောမကျဘူး။ အဲဒါကြောင့်မလို့ အလင်းဝင်လာတာ''
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ(၁၁၂) တပ်သား- မောင်ဖြိုး၏ ပြောကြားချက် (ရုပ်/သံ)

"ဘာကြောင့်အလင်းဝင်လာလဲဆိုတော့ အစောပိုင်းကလည်း လုပ်ချင်လို့ လုပ်လာတာမဟုတ်ပါဘူး။ အခုအလင်းဝင်လာတာလည်း ကိုယ့်အတွက် ရွေးချယ်စရာရှိတယ်ဆိုတဲ့ဟာ သိရလို့ ဝင်လာတာပါ။ စနိုက်ဘာတစ်လက်ရယ်၊ MA-1 တစ်လက်ရယ် ယူပြီး အလင်းဝင်ခဲ့တာပါ''
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခလရ(၉၄) ကိုယ်ပိုင်အမှတ် – တတ/၁၁၁၅၁၅ တပ်သား- ချစ်မင်းသူ၏ ပြောကြားချက် (ရုပ်/သံ)

''မိုင်းယောင်မှာ နေတုန်းက ဆေးရောင်းတုန်း ဖမ်းခံထိတာ။ ဆေးက သွားယူတော့ မိုင်းယုမြို့က အပြန်မှာ အဖမ်းခံရတာ။ ခလရ ၃၃၄ က ဖမ်းဆီးတော့ ဗဟိုကင်းအချုပ်ထဲမှာ ထားတယ်။ တစ်ပတ်နေတော့ စစ်တပ်ထဲဝင်မလား၊ ထောင်ကျခံမလားမေးတယ်။ စစ်ထဲဝင်မယ်လို့ပြောတော့ ဗဟိုကင်းအချုပ်ထဲမှာ အကျယ်ချုပ်ပုံစံ ထားထားတယ်။ စစ်သင်တန်းဆင်းတော့ အာဏာသိမ်းပြီးပြီ။ အဲဒီနောက် မူဝါဒက ပိုပိုပြီးဆိုးလာတယ်''