၂၀၂၄ နိုဝင်ဘာလ ၅ ရက်မှာ ပြုလုပ်တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အသာစီးရနေတဲ့ ဒေါ်နယ်ထရမ့်ကို အနိုင်ရကြောင်း အမေရိကန်သတင်းဌာနက Fox News က ကြေညာခဲ့ပါတယ်။

အိမ်ဖြူတော်ကထွက်ခွာပြီး လေးနှစ်အကြာမှာ သမ္မတအဖြစ် တကျော့ပြန် ရောက်လာမယ့်သူအဖြစ် ဒေါ်နယ်ထရမ့်ဟာ အောင်ပွဲခံလျက်ရှိပြီး အနိုင်ရမိန့်ခွန်းပြောခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။

အမေရိကန်က ငါတို့ကို မကြုံစဖူး အားကောင်းတဲ့ လုပ်ပိုင်ခွင့်ကို ပေးခဲ့တာပဲလို့ ထရမ့်က ဗုဒ္ဓဟူးနေ့မနက်အစောပိုင်းမှာ သူ့ရဲ့ ဒုသမ္မတလောင်း၊ အထက်လွှတ်တော်အမတ်၊ ရီပတ်ဘလစ်ကန် ခေါင်းဆောင်တွေနဲ့ သူ့မိသားစုတို့နဲ့အတူ Palm Beach County Convention Center မှာ သူ့အပေါ်ထောက်ခံသူတွေကို မိန့်ခွန်းပြောဆိုခဲ့ပါတယ်။

သူ့ရဲ့မဲဆွယ်စည်းရုံးရေးမှာ ဒေါ်လာသန်း ၁၂၀ နီးပါး ထည့်ဝင်ခဲ့တဲ့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အီလွန်မက်စ်ကိုလည်း ထရမ့်က သူ့ရဲ့မိန့်ခွန်းအတွင်း အချိန်အတော်ကြာ ချီးမွမ်းခဲ့ပါတယ်။

အီလွန်မက်စ်ကို အစိုးရရဲ့လုပ်ငန်းထိရောက်မှုကော်မရှင်မှာ ဦးဆောင်ဖို့ ခန့်အပ်မယ်လို့လည်း သူက ပြောပါတယ်။

(ဓာတ်ပုံ Reuters)

အခြားအမေရိကန်သတင်းဌာနတွေမှာတော့ ထရမ့်ကို ရွေးကောက်ပွဲအနိုင်ရသူတွေအဖြစ် မကြေညာရသေးပါဘူး။

ဒါပေမဲ့လည်း ပန်ဆယ်ဗေးနီးယား၊ ကယ်ရိုလိုင်းနားတောင်ပိုင်း၊ ဂျော်ဂျီယာတို့လို အပြိုင်အဆိုင်ပြင်းထန်တဲ့ပြည်နယ်တွေမှာ ဒီမိုကရက်တစ်ကိုယ်စားလှယ် ဒုသမ္မတ ကမလာဟဲရစ်ကို အနိုင်ပိုင်းခဲ့ပြီး နောက်ထပ်အပြိုင်အဆိုင်ပြင်းထန်တဲ့ ပြည်နယ်တွေမှာလည်း ထရမ့်က ဦးဆောင်နေတာကြောင့် အနိုင်ရလုနီးပါးဖြစ်နေပြီလို့ အယ်ဒီဆင်သုတေသနအဖွဲ့က ဆိုပါတယ်။

ဟဲရစ်ကတော့ သူမရဲ့ Alma Mater Howard University မှာ စုဝေးနေကြတဲ့ သူမရဲ့ထောက်ခံသူတွေကို မိန့်ခွန်းမပြောရသေးပါဘူး။

သန်းခေါင်ကျော်အချိန်မှာ သူမရဲ့ ဆွယ်စည်းရုံးရေးပူးတွဲဥက္ကဋ္ဌ Cedric Richmond က ဟဲရစ်အနေနဲ့ ဗုဒ္ဓဟူးနေ့မှာ လူထုမိန့်ခွန်းပြောသွားမယ်လို့ သူမရဲ့ထောက်ခံသူတွေကို အတိုချုံး ပြောသွားခဲ့တာပါ။

သမ္မတဟောင်းထရမ့်ဟာ အမေရိကန်ရဲ့ မြို့ပြရောကျေးလက်ဒေသတွေမှာပါ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းကထက် ပိုပိုသာသာစည်းရုံးနိုင်ခဲ့ပြီး နိုင်ငံအနှံ့ သူ့ရဲ့အင်အားကို ပြခဲ့ပါတယ်။်

အနောက်ဗာဂျီးနီးယားနဲ့ အိုဟိုင်းယိုးပြည်နယ်တို့က ဒီမိုကရက်တစ်တွေရဲ့ အမေရိကန်အထက်လွှတ်တော်အမတ်နေရာတွေကိုလည်း ရီပတ်ဘလစ်ကန်တွေအများစု အစားထိုး အနိုင်ယူထားပါတယ်။

နိုင်ငံအနှံ့က အမေရိကန်အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်ကိုယ်စားလှယ်နေရာတွေမှာ ရီပတ်ဘလစ်ကန်တွေက မတိမ်းမယိမ်းနဲ့ ဦးဆောင်လျက်ရှိပါတယ်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်အရ ဂျိုးဘိုင်ဒန်ကို သမ္မတအဖြစ် အတည်ပြုလိုက်တဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့မှာ ထရမ့်ရဲ့ထောက်ခံသူတွေက အမေရိကန်လွှတ်တော်ကို စီးနင်းတိုက်ခိုက်ခဲ့ပြီးချိန်မှာ အများစုက ထရမ့်ရဲ့နိုင်ငံရေးလမ်းကြောင်း ပြီးဆုံးသွားပြီလို့ ခန့်မှန်းခဲ့ကြတာပါ။

အမေရိကန်ရွေးကောက်ပွဲစနစ်အရ အနိုင်ရသမ္မတသစ်ကို အတည်ပြုကြေညာဖို့ လချီကြာမြင့်ဦးမှာဖြစ်ပြီး လက်ရှိအမေရိကန်သတင်းဌာနတွေက ဖော်ပြချက်တွေဟာ ရလဒ်တွေကို အခြေခံပြီး ခန့်မှန်းဖော်ပြနေကြတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ အသက် ၇၈ နှစ် ရှိပြီ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

အာဂျင်တီးနား တရားရုံး ဖမ်းဝရမ်းထုတ်ထားသည့် မင်းအောင်လှိုင် ရုရှားသွားမည်

အာဂျင်တီးနား တရာရုံးကနေ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံကို သွားရောက်မယ်လို့  စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ ပုပ်ရဟန်းမင်းကြီး တောင်းဆို၊ ဗာတီကန်မှာ ခိုလှုံခွင့်ပေးမယ် လို့ပြော

ဖမ်းဆီးခံ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တောင်းဆိုလိုက်ပြီး၊ သူမကို ဗာတီကန်မှာ ခိုလှုံခွင့်ပေးမှာဖြစ်တယ်လို့ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အာရှက Jesuits များနဲ့ စကားဝိုင်းမှာ ပြောကြားခဲ့ပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့နဲ့ ရောမမှာ သူ့သားနဲ့ တွေ့ဆုံခွင့်ရဖို့ ကျွန်ုပ်အနေနဲ့ တောင်းဆိုပါတယ်။ ကျွန်ုပ်နယ်မြေ ဗာတီကန်မှာ သူမကိုလက်ခံဖို့ ကမ်းလှမ်းခဲ့ပါတယ်” လို့ သူက ပြောပါတယ်။
Read More

ထိုင်းနိုင်ငံရှိ ကားအပိုပစ္စည်းစက်ရုံမှ မြန်မာအလုပ်သမား ၁၈ ဉီး အကြောင်းမဲ့ အလုပ်ထုတ်ပယ်ခံရမှု ကူညီဆောင်ရွက်ပေးခဲ့ဟု NUG အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့နယ်ရှိ ကားအပိုပစ္စည်းစက်ရုံက မြန်မာ အလုပ်သမား ၁၈ ယောက်က အကြောင်းမဲ့ အလုပ်ကနေ ထုတ်ပယ်ခံရတာကို ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အလုပ်သမားဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ကရင် BGF အမည်ပြောင်း KNA ခေါင်းဆောင် စောချစ်သူနှင့် သားနှစ်ဦးကို အမေရိကန် ပိတ်ဆို့အရေးယူ

ကရင်နယ်ခြားစောင့်တပ် (BGF) ကနေ အမည်ပြောင်းထားတဲ့ ကရင်အမျိုးသားတပ်မတော် KNA ကို အမေရိကန်ပြည်ထောင်စုက နိုင်ငံတကာရာဇဝတ်အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ပြီး KNA ခေါင်းဆောင် စောချစ်သူနဲ့ သားနှစ်ယောက်ကို ပိတ်ဆို့အရေးယူလိုက်တယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။
Read More

နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံရုံးတွင် မြန်မာ့အရေး တရုတ်အစိုးရ ဝင်ရောက်စွက်ဖက်မှု ဆန့်ကျင်ကြောင်း ဆန္ဒပြ

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံရုံးရှေ့မှာ တရုတ်အစိုးရက စစ်ကောင်စီဘက်က ပေါ်ပေါ်ထင်ထင်ရပ်တည်ပြီး မြန်မာ့အရေးမှာ ဝင်ရောက်စွက်ဖက်နေတာတွေကို ရပ်တန့်ဖို့ ဇွန်လ ၆ ရက် မနေ့ကညနေပိုင်းမှာ ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။
Read More

တရုတ်ရာဇဝတ်ဂိုဏ်းသား အယောက် ၂၀ ကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး၊ ထိုင်းမှာ တရားမဝင်နေထိုင်တဲ့ မြန်မာ ၇ ယောက်လည်း စံခလဘူရီမှာ ဖမ်းဆီးခံရ

ဘုရားသုံးဆူမြို့အနီး ထိုင်းနယ်စပ်မြို့ စံခလဘူရီမှာ တရုတ်ရာဇဝတ်ဂိုဏ်းသား အယောက် ၂၀ ကို နိုဝင်ဘာ ၁၁ ရက်မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း ဘန်ကောက်ပို့စ်မှာ ဖော်ပြထားပါတယ်။