ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ သဖန်းကိုင်းအုပ်စု၊ ကံကလေးကျေးရွာမှာ စစ်ကောင်စီအတွက် စစ်မှုထမ်းဖို့ လူလိုက်စုပေးနေသူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ PPDF ၃၆၀၁ တပ်ရင်းထံက သိရပါတယ်။

ရှင်းလင်းခံရသူ ကျော်မင်းထွန်း (ခေါ်) ဖိုးနီဟာ ကံကလေးကျေးရွာမှာ နေထိုင်သူဖြစ်ကာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်၊ နေ့လည် ၁ နာရီအချိန်မှာ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDFတပ်ရင်း၊  တပ်ခွဲ () ကသွားရောက်ပစ်ခတ်ရှင်းလင်းမှုကြောင့်နေရာမှာတင်ပွဲချင်းပြီးသေဆုံးသွားတယ်လို့သိရပါတယ်။

သူက ပေါင်းတလည် ရဲစခန်းကို နေ့တိုင်းသွားသွားပြီး သတင်းပို့နေတာ။ အဲ့ဒါကို ကျနော်တို့က သူ ရဲစခန်းက ပြန်အလာကို စောင့်ပြီး ကံကလေးကျေးရွာနဲ့ ဘန့်ဘွေးပြင်ရွာနားမှာ ရှင်းလင်းလိုက်တာပါ။လို့ ၃၆၀၁ PPDFတပ်ရင်း၊စစ်ထောက်လှမ်းရေးနဲ့သတင်းပြန်ကြားတာဝန်ခံကမောင်းကိုပြောပါတယ်။

ဖိုးနီဆိုသူဟာအကြမ်းဖက်စစ်ကောင်စီအတွက်စစ်မှုထမ်းလူစုဆောင်းရာမှာပါဝင်နေသူဖြစ်ပြီးတော်လှန်ရေးထောက်ပို့တပ်သားတွေ၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့သတင်းပေးဆက်သွယ်သူတွေကိုလည်းပေါင်းတလည်ရဲစခန်းမှာသွားရောက်တိုင်တန်းနေသူဖြစ်ပါတယ်။

ကံကလေးကျေးရွာနေ ပြည်သူ ၂ယောက်ကိုလည်း PDF တွေနဲ့အဆက်အသွယ်ရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဓားနဲ့ထိုးခဲ့ပြီးတစ်ရွာလုံးကိုပြာချပစ်မယ်လို့ကြွေးကြော်ခြိမ်းခြောက်နေတာကြောင့်ပစ်ခတ်ရှင်းလင်းခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

0 Shares:
You May Also Like
Read More

မုံရွာမှာ ပေါ်တာဆွဲဖို့လုပ်နေတဲ့ စစ်​အုပ်စုလှည့်ကင်းကား ပစ်ခတ်တိုက်ခိုက်ခံရ၊ ရဲနဲ့ စစ်သား ၄ ယောက် သေပြီး ၁ ယောက် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ပေါ်တာဆွဲဖို့ကင်းလှည့်နေတဲ့ စစ်အုပ်စုကားတွေကို ပစ်ခတ်တိုက်ခိုက်ရာ ရဲနဲ့စစ်သား ၄ယောက် သေဆုံးသွားတယ်လို့ မုံရွာခရိုင် အမှတ် ၂၂ နတ်ဆိုးတပ်ရင်း တာဝန်ရှိသူ ကိုနတ်ဆိုးက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

KNDF တပ်ရင်းအမှတ် (၃) နှင့် တပ်ရင်းအမှတ် (၃၁) ရှိ တပ်သားများနှင့် မိသားစုဝင်များ တွေ့ဆုံခြင်းအခမ်းအနား

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၊ တပ်ရင်းအမှတ် (၃) နဲ့ တပ်ရင်းအမှတ် (၃၁) ရှိ တပ်သားတွေနဲ့ မိသားစုဝင်တွေ တွေ့ဆုံခြင်းအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေတဲ့ မြိတ်-ပုလော ပြည်ထောင်စုလမ်းပိုင်းကို ပြည်သူတွေ အသုံးမပြုဖို့ ပုလော PDF တိုက်တွန်း

တနင်္သာရီတိုင်း၊ မြိတ်-ပုလော ပြည်ထောင်စုလမ်းပိုင်းမှာ တော်လှန်ရေး တပ်ဖွဲ့တွေ အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေတာကြောင့် အဆိုပါပြည်ထောင်စုလမ်းပိုင်းကို ပြည်သူတွေ အသုံးမပြုဖို့ပြည်သူ့ကာကွယ်ရေး တပ်မတော် (ပုလော) - မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်တိုက်တွန်းထားပါတယ်။
Read More

မလေးဝန်ကြီးချုပ်နဲ့ သက်ဆင်တွေ့ဆုံ၊ မြန်မာ့အကျပ်အတည်းနဲ့ ဒေသတွင်းအရေး ဆွေးနွေး

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ဟာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးအပါအဝင် ဒေသတွင်းကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ Bernama သတင်းက ဒီဇင်ဘာ ၂၇ ရက်မှာ ဖော်ပြပါတယ်။
Read More

ရာမညမွန်တပ်တော်၏ အခြေခံစစ်သင်တန်း အပတ်စဥ် (၄) သင်တန်းဆင်းပွဲကျင်းပ 

မွန်ပြည်နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် (RMA) ရဲ့  အပတ်စဥ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေ တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

မယ်စဲ့မြို့သိမ်းတိုက်ပွဲအတွင်း ခါးကို ကျည်ထိမှန်ကာ အောက်ပိုင်းသေသွားသည့် ၁၉ နှစ်အရွယ် ရဲဘော် ၂ နှစ်အကြာတွင် ကွယ်လွန်

ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ကလလတ)၊ အမှတ် (၉၄၂၀) တပ်ရင်းက ရဲဘော်ပက်ထရစ်ဟာ တပ်ဖွဲ့က ပေးအပ်တဲ့တာဝန်တွေကို ထမ်းဆောင်ရင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။