စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီက တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် အရပ်သားပြည်သူ ၄ ယောက် သေဆုံးပြီး ၆ ယောက် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မနေ့က ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၅ ရက် မနေ့က နေ့လည်ပိုင်းမှာ ပုလဲမြို့နယ် အိုင်းမကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက တိုက်ပွဲမဖြစ်ပွားဘဲ ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၇၀ ခန့် အမျိုးသမီး ၂ ယောက်၊ ၂၅ နှစ်အရွယ် မိန်းကလေး ၁ ယောက်နဲ့ အသက် ၄၀ ခန့် အမျိုးသား ၁ ယောက် သေဆုံးပြီး အရပ်သား ၆ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ်အများအပြား ပျက်စီးပြီး မွေးမြူထားတဲ့ နွားတွေပါ ကျိုးကြေဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၄ ရက် မနက်ပိုင်းကလည်း ပုလဲမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ရာ အလယ်ဘုံကျေးရွာ ဘုန်းကြီးကျောင်းဝန်းအတွင်း ကျရောက်ပေါက်ကွဲပြီး ကျောင်းနေ အသက် ၄၀ ခန့်အရွယ် ကပ္ပိယ အမျိုးသား ၁ ယောက် သေဆုံးခဲ့သလို ဘုန်းကြီးကျောင်းလည်း အများအပြားပျက်စီးခဲ့ပါသေးတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ ရည်ရွယ်ချက်ရှိရှိ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုနဲ့ လက်နက်ကြီးအမြောက်တွေ ပစ်ခတ်မှုတို့ကို နေ့စဉ် ပြုလုပ်နေတာကြောင့် ပြည်သူတွေ အထူးသတိထားနေထိုင်ဖို့ ပုလဲမြို့နယ် ပအဖ က အသိပေးထုတ်ပြန်ထားပါတယ်။

(ဓာတ်ပုံ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)
0 Shares:
You May Also Like
Read More

မုံရွာမှာ ဓားပြတိုက်၊ လူသတ်၊ ကားလုယက်သွားသူတွေကို မုံရွာ ပလဖ တစ်ရက်အတွင်း ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် နေအိမ်တစ်အိမ်မှာ ဓားပြတိုက်လူသတ်ကာ ကားလုယူသွားသူတွေကို တစ်ရက်အတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ထားပါတယ်။
Read More

တအာင်းအမျိုးသား တော်လှန်ရေးနေ့မှာ PSLF/TNLA က အကျဉ်းသား (၅၅) ယောက် လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး (၅၄) ယောက်ကို ပြစ်ဒဏ်လျှော့ပေါ့

ဇန်နဝါရီလ ၁၂ ရက် ဒီနေ့မှာ ကျရောက်တဲ့ (၆၂)နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အကျဉ်းသား (၅၅) ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး (၅၄) ယောက်ကို ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့တယ်လို့ တအာင်းတပ်မတော် PSLF/TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ပုသိမ်ကြီးမှာ စစ်တပ်သတင်းပေးနဲ့ ပျူစောထီးတို့ ပစ်ခတ်ရှင်းလင်းခံရ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ စစ်တပ်သတင်းပေးလုပ်နေသူ ၁ယောက်နဲ့ ပျူစောထီး ၁ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ရခိုင်ပြည်နယ် မောင်တောမှာ စစ်ရှောင်တွေနေထိုင်ရာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲလို့ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပြားသားကျေးရွာက စစ်ဘေးရှောင်တွေခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့လို့ စစ်ဘေးရှောင် ၄ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

နိုင်ငံ့စီးပွားရေး တိုးတက်ရန် အားသွန်ခွန်စိုက် ကြိုးစားမှုကြောင့် ကုန်သွယ်မှုလိုငွေ အနှုတ်မှ အပေါင်းလက္ခဏာဖြစ်လာဟု မင်းအောင်လှိုင် ပြော

အကြမ်းဖက်စစ်တပ် အာဏာသိမ်းချိန်မှစတင်ကာ အချို့နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေက စီးပွားရေးပိတ်ဆို့ထားမှုအပါအဝင် အရင်အစိုးရလက်ထက် ကုန်သွယ်မှုလိုငွေပြလို့  နိုင်ငံ့စီးပွါးရေးတိုးတက်အောင် အားသွန်ခွန်စိုက်ကြိုးစားခဲ့တာကြောင့် အခုအခါ ကုန်သွယ်မှုလိုငွေ အနှုတ်လက္ခဏာကနေ အပေါင်းလက္ခဏာ ဖြစ်လာပြီလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။
Read More

ဝမ်းတွင်းတွင် စစ်မှုထမ်းအတွက် လူငယ်ရာနှင့်ချီ ဖမ်းဆီးခေါ်ဆောင်ခံရ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ လူငယ်တွေ စစ်မှုထမ်းအတွက် ဆက်တိုက်ဖမ်းဆီးခံနေရပြီး အမျိုးသမီးတွေလည်း ပါဝင်လာသလို လူပြန်ရွေးယူဖို့ ငွေကြေး သိန်းဆယ်နဲ့ချီ ပေးနေရကြောင်း Voice Of Wundwin တာဝန်ရှိသူက မောင်းကို ပြောပါတယ်။