တိုက်ပွဲဖြစ်ခဲ့တဲ့ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့အနီးမှာ တော်လှန်ရေးတပ်တွေက နယ်မြေရှင်းလင်းမှု လုပ်ဆောင်စဉ်အတွင်း စစ်ကောင်စီ ကပစ  ၂၀၂၄ ထုတ်ကျည်ဆံဖာတစ်ခုနဲ့ စစ်သုံးပစ္စည်းတချို့ တွေ့ ရှိခဲ့တယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ()က  အသိပေးထုတ်ပြန်ပါတယ်။

နိုဝင်ဘာ () ရက်နေ့က မွန်ပြည်နယ်၊ ကျိုက်ထိုမြို့အနီး စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ နယ်မြေရှင်းလင်းစဉ် အခုလို စစ်ကောင်စီထံက စစ်အသုံးပစ္စည်းတွေနဲ့ ခဲယမ်းတွေ ရရှိခဲ့တာပါ။

(ဓာတ်ပုံ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ၁)
(ဓာတ်ပုံ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ၁)
(ဓာတ်ပုံ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ၁)

စစ်ကောင်စီထံက ပစ်ခတ်ခဲ့တဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ ၂၀၂၃ ခုနှစ်၊ ၂၀၂၄ ခုနှစ်က ထုတ်ထားတဲ့ ကပစ ၅.၅၆ ကျည်ဖာတစ်ခု၊ ကျည်ခွံ၊ အာပီဂျီ အခွံတစ်ခု ၊ မပေါက်ကွဲသေးတဲ့ ၄၀ မမဗုံးသီး တစ်လုံး၊ ဖိနပ်တစ်ရံ၊ ၁၂၀ မမ အစ တစ်ခု၊ ဆေးကုထားတဲ့ ဆေးထိုးအပ်၊ ဂွမ်းတွေကို တွေ့ရှိခဲ့တယ်လို့  ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

နိုဝင်ဘာလ () ရက်က  KNU ထိန်းချုပ် နယ်မြေ၊ ကျိုက်ထိုမြို့နယ်အတွင်းကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အင်အား (၂၀၀) ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေဟာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

ထိတွေ့ တိုက်ပွဲဖြစ်ပွါးခဲ့ပြီးတဲ့နောက် စစ်ကောင်စီ တပ်မ (၇၇) ၊ တပ်မ (၄၄) ဦးဆောင်တဲ့ အင်အား ၂၀၀ လောက်ဟာ နိုဝင်ဘာ ၄ ရက်နေ့မှာ မုပ္ပလင်၊ သိမ်ဇရပ်လမ်းပိုင်းကို ပြန်လည် ဆုတ်ခွာသွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

(ဓာတ်ပုံ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ၁)
(ဓာတ်ပုံ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ၁)
(ဓာတ်ပုံ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ၁)
(ဓာတ်ပုံ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ၁)
(ဓာတ်ပုံ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ၁)
(ဓာတ်ပုံ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ၁)
(ဓာတ်ပုံ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ၁)
0 Shares:
You May Also Like
Read More

ပုလောမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရင်း အရပ်သား ၂ ယောက်ကို မီးရှို့ရှင်းလင်းကာ ၉၅ ယောက်ထက်မနည်း ဖမ်းဆီးခဲ့

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရင်း အရပ်သား ၂ ယောက်ကို မီးရှို့ရှင်းလင်းကာ ၉၅ ယောက်ထက်မနည်း ဖမ်းဆီးခဲ့ပြီး နေအိမ် ၄၀ ကျော် မီးရှို့ဖမ်းဆီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော) ၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းဖွဲ့စည်း၊ အထူးတိုင်းစစ်ဌာနသို့ စစ်ကြောင်းအပ်နှံ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးကွပ်ကဲမှုအောက်မှာ တာဝန်ထမ်းဆောင်မယ့် ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း ဖွဲ့စည်းခြင်းနဲ့ စစ်ကြောင်းအပ်နှံပွဲကို အောက်တိုဘာ ၅ ရက် မနေ့က KNU တပ်မဟာ (၁) နယ်မြေမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ပဲခူးခရိုင် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

BPLA မွေးနေ့အခမ်းအနားကို TRI ဗျူဟာမှူး တက်ရောက် ဂုဏ်ပြုစကားပြောကြား

ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI ဗျူဟာ) ရဲ့ ဗျူဟာမှူးက အမှတ် (၃၀၈) အညာစစ်ဒေသရှိ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲ့ (၄) နှစ်ပြည့် မွေးနေ့အခမ်းအနားကို တက်ရောက်ကာ ဂုဏ်ပြုစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်းအတွက် ရှေ့ပြေးလာသည့် ပျူခေါင်းဆောင် ဝန တို့အဖွဲ့ တိုက်ခိုက်ခံရပြီး ၁ ဦး သေ

ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်အတွက် ရှေ့ပြေးလာတဲ့ ပျူခေါင်းဆောင် ဝန တို့အဖွဲ့ကို စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖို ထံက သိရပါတယ်။
Read More

ဒေါက်တာဇော်မြင့်မောင်ရဲ့ ရက်လည်အလှူ ABSDF ဌာနချုပ်မှာ ပြုလုပ် (ဓာတ်ပုံသတင်း)

ကွယ်လွန်ခဲ့တဲ့ ဒေါက်တာ ဇော်မြင့်မောင်အတွက် ရည်စူးတဲ့ ရက်လည်အလှူကို ABSDF ဌာနချုပ် ဒေါင်းတမန်စခန်းမှာ ကျင်းပခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က ထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင် (သို့) အရှေ့တောင်အာရှရဲ့ ပထမဆုံး ICC ဝရမ်းပြေး အလောင်းအလျာ

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) က ဖမ်းဝရမ်းထုတ်ပေးဖို့ ICC ရဲ့ အစိုးရ ရှေ့နေချုပ် Karim A.A. Khan KC က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ လျှောက်ထားလိုက်ပါတယ်။