၂၀၂၄ နိုဝင်ဘာလ ၅ ရက်မှာ ပြုလုပ်တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အသာစီးရနေတဲ့ ဒေါ်နယ်ထရမ့်ကို အနိုင်ရကြောင်း အမေရိကန်သတင်းဌာနက Fox News က ကြေညာခဲ့ပါတယ်။

အိမ်ဖြူတော်ကထွက်ခွာပြီး လေးနှစ်အကြာမှာ သမ္မတအဖြစ် တကျော့ပြန် ရောက်လာမယ့်သူအဖြစ် ဒေါ်နယ်ထရမ့်ဟာ အောင်ပွဲခံလျက်ရှိပြီး အနိုင်ရမိန့်ခွန်းပြောခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။

အမေရိကန်က ငါတို့ကို မကြုံစဖူး အားကောင်းတဲ့ လုပ်ပိုင်ခွင့်ကို ပေးခဲ့တာပဲလို့ ထရမ့်က ဗုဒ္ဓဟူးနေ့မနက်အစောပိုင်းမှာ သူ့ရဲ့ ဒုသမ္မတလောင်း၊ အထက်လွှတ်တော်အမတ်၊ ရီပတ်ဘလစ်ကန် ခေါင်းဆောင်တွေနဲ့ သူ့မိသားစုတို့နဲ့အတူ Palm Beach County Convention Center မှာ သူ့အပေါ်ထောက်ခံသူတွေကို မိန့်ခွန်းပြောဆိုခဲ့ပါတယ်။

သူ့ရဲ့မဲဆွယ်စည်းရုံးရေးမှာ ဒေါ်လာသန်း ၁၂၀ နီးပါး ထည့်ဝင်ခဲ့တဲ့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အီလွန်မက်စ်ကိုလည်း ထရမ့်က သူ့ရဲ့မိန့်ခွန်းအတွင်း အချိန်အတော်ကြာ ချီးမွမ်းခဲ့ပါတယ်။

အီလွန်မက်စ်ကို အစိုးရရဲ့လုပ်ငန်းထိရောက်မှုကော်မရှင်မှာ ဦးဆောင်ဖို့ ခန့်အပ်မယ်လို့လည်း သူက ပြောပါတယ်။

(ဓာတ်ပုံ Reuters)

အခြားအမေရိကန်သတင်းဌာနတွေမှာတော့ ထရမ့်ကို ရွေးကောက်ပွဲအနိုင်ရသူတွေအဖြစ် မကြေညာရသေးပါဘူး။

ဒါပေမဲ့လည်း ပန်ဆယ်ဗေးနီးယား၊ ကယ်ရိုလိုင်းနားတောင်ပိုင်း၊ ဂျော်ဂျီယာတို့လို အပြိုင်အဆိုင်ပြင်းထန်တဲ့ပြည်နယ်တွေမှာ ဒီမိုကရက်တစ်ကိုယ်စားလှယ် ဒုသမ္မတ ကမလာဟဲရစ်ကို အနိုင်ပိုင်းခဲ့ပြီး နောက်ထပ်အပြိုင်အဆိုင်ပြင်းထန်တဲ့ ပြည်နယ်တွေမှာလည်း ထရမ့်က ဦးဆောင်နေတာကြောင့် အနိုင်ရလုနီးပါးဖြစ်နေပြီလို့ အယ်ဒီဆင်သုတေသနအဖွဲ့က ဆိုပါတယ်။

ဟဲရစ်ကတော့ သူမရဲ့ Alma Mater Howard University မှာ စုဝေးနေကြတဲ့ သူမရဲ့ထောက်ခံသူတွေကို မိန့်ခွန်းမပြောရသေးပါဘူး။

သန်းခေါင်ကျော်အချိန်မှာ သူမရဲ့ ဆွယ်စည်းရုံးရေးပူးတွဲဥက္ကဋ္ဌ Cedric Richmond က ဟဲရစ်အနေနဲ့ ဗုဒ္ဓဟူးနေ့မှာ လူထုမိန့်ခွန်းပြောသွားမယ်လို့ သူမရဲ့ထောက်ခံသူတွေကို အတိုချုံး ပြောသွားခဲ့တာပါ။

သမ္မတဟောင်းထရမ့်ဟာ အမေရိကန်ရဲ့ မြို့ပြရောကျေးလက်ဒေသတွေမှာပါ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းကထက် ပိုပိုသာသာစည်းရုံးနိုင်ခဲ့ပြီး နိုင်ငံအနှံ့ သူ့ရဲ့အင်အားကို ပြခဲ့ပါတယ်။်

အနောက်ဗာဂျီးနီးယားနဲ့ အိုဟိုင်းယိုးပြည်နယ်တို့က ဒီမိုကရက်တစ်တွေရဲ့ အမေရိကန်အထက်လွှတ်တော်အမတ်နေရာတွေကိုလည်း ရီပတ်ဘလစ်ကန်တွေအများစု အစားထိုး အနိုင်ယူထားပါတယ်။

နိုင်ငံအနှံ့က အမေရိကန်အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်ကိုယ်စားလှယ်နေရာတွေမှာ ရီပတ်ဘလစ်ကန်တွေက မတိမ်းမယိမ်းနဲ့ ဦးဆောင်လျက်ရှိပါတယ်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်အရ ဂျိုးဘိုင်ဒန်ကို သမ္မတအဖြစ် အတည်ပြုလိုက်တဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့မှာ ထရမ့်ရဲ့ထောက်ခံသူတွေက အမေရိကန်လွှတ်တော်ကို စီးနင်းတိုက်ခိုက်ခဲ့ပြီးချိန်မှာ အများစုက ထရမ့်ရဲ့နိုင်ငံရေးလမ်းကြောင်း ပြီးဆုံးသွားပြီလို့ ခန့်မှန်းခဲ့ကြတာပါ။

အမေရိကန်ရွေးကောက်ပွဲစနစ်အရ အနိုင်ရသမ္မတသစ်ကို အတည်ပြုကြေညာဖို့ လချီကြာမြင့်ဦးမှာဖြစ်ပြီး လက်ရှိအမေရိကန်သတင်းဌာနတွေက ဖော်ပြချက်တွေဟာ ရလဒ်တွေကို အခြေခံပြီး ခန့်မှန်းဖော်ပြနေကြတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ အသက် ၇၈ နှစ် ရှိပြီ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်အုပ်စု ရွေးကောက်ပွဲအလွန်မှာပင် မြန်မာနှင့် အာဆီယံ ပြန်လည်ထိတွေ့ဆက်ဆံရန် ခက်ခဲဦးမည်ဟု ထိုင်းဝန်ကြီး ပြောကြား

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအပြီးမှာတောင် အာဆီယံအနေနဲ့ မြန်မာနဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ ခက်ခဲနေဦးမှာဖြစ်ကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးချိန်တန်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့တယ်လို့ AFP နဲ့ Reuters သတင်းဌာနတွေကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းက နိုဝင်ဘာလ ၂၆ ရက်မှာ ဖော်ပြထားပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်ရှိ ထိုင်းအစိုးရပိုင်မြေများကို မြန်မာနိုင်ငံသားများအပေါ် ပစ်မှတ်ထားကာ အွန်လိုင်းမှ ရောင်းချမှုများ ပြုလုပ်နေ

မြန်မာနိုင်ငံရှိ ငွေကြေးတတ်နိုင်သူတွေကို ပစ်မှတ်ထားပြီး ထိုင်း- မြန်မာနယ်စပ်တလျှောက် ငြိမ်းချမ်းတဲ့ နေစရာနေရာအဖြစ် ထိုင်းအစိုးရပိုင်မြေတွေကို အွန်လိုင်းကနေ ရောင်းဝယ်နေမှုတွေ ရှိတယ်လို့ ထိုင်းသတင်းဌာန The Nation က သတင်းဖော်ပြထားပါတယ်။
Read More

နယ်စပ်တိုက်ပွဲများကြောင့် ပြည်သူထိခိုက်နစ်နာမှုမျိုး မရှိစေအောင် အထူးသတိထားရန် ထိုင်းနှင့် စစ်ကော်မရှင် သဘောတူ

ထိုင်း-မြန်မာနယ်စပ်အနီး တိုက်ပွဲတွေကြောင့် ပြည်သူတွေ ထိခိုက်နစ်နာတာမျိုး မဖြစ်အောင် အထူးသတိထား ဆောင်ရွက်ဖို့ အကြမ်းဖက်စစ်ကော်မမရှင်နဲ့ သဘောတူညီမှုရခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်ကော်မရှင်အဖွဲ့ဝင်တချို့နဲ့ ထိုင်းနိုင်ငံခြား‌ရေးဝန်ကြီး Mr.Sihasak Phuangketkeow တို့ မနေ့က ဒီဇင်ဘာ ၇ ရက် နေပြည်တော်မှာ တွေ့ဆုံချိန် အခုလို သဘောတူညီမှုရခဲ့တယ်လို့ ဆိုပါတယ်။
Read More

ထိုင်းတွင် မင်းအောင်လှိုင်ကို ဆန္ဒပြမည့် မြန်မာအဖွဲ့ကို ထိုင်းအမျိုးသားရေးအဖွဲ့ဝင်များက တိုက်ခိုက်ရန်ကြိုးပမ်း၊ ထိုင်းရဲများမှ မြန်မာအဖွဲ့ခေါင်းဆောင်ကို အခင်းဖြစ်ပွားရာမှ ကာကွယ်ထုတ်သွား

ထိုင်းနိုင်ငံရှိ မြန်မာဆန္ဒပြအဖွဲ့ဝင်များ ပါဝင်တဲ့ "Bright Future" အဖွဲ့က ဧပြီလ ၃-၄ ရက်က BIMSTEC အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်ကို ကုလသမဂ္ဂရုံးရှေ့မှာ အနက်ရောင်အင်္ကျီများဝတ်ဆင်ကာ ဆန္ဒပြမယ်လို့ ကြေညာခဲ့ပါတယ်။
Read More

ထိုင်းနိုင်ငံရှိ ကားအပိုပစ္စည်းစက်ရုံမှ မြန်မာအလုပ်သမား ၁၈ ဉီး အကြောင်းမဲ့ အလုပ်ထုတ်ပယ်ခံရမှု ကူညီဆောင်ရွက်ပေးခဲ့ဟု NUG အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့နယ်ရှိ ကားအပိုပစ္စည်းစက်ရုံက မြန်မာ အလုပ်သမား ၁၈ ယောက်က အကြောင်းမဲ့ အလုပ်ကနေ ထုတ်ပယ်ခံရတာကို ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အလုပ်သမားဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်မင်းအောင်လှိုင်ကို တကိုယ်‌တော်ဆန္ဒပြခဲ့သည့် ထိုင်းတက္ကသိုလ်ကျောင်းသား ပြန်လည်လွတ်မြောက်လာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က BIMSTEC ဘင်းမ်စတက် အစည်းအဝေးကျင်းပနေတဲ့ ရှန်ဂရီလာဟိုတယ်မှာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တစ်ကိုယ်တော်ဆန္ဒပြခဲ့တဲ့ ထိုင်းတက္ကသိုလ် ပထနှစ်ကျောင်းသား ပွန်(အမည်လွှဲ) ဟာ ဒီနေ့ည ၇ နာရီကျော်မှာ ပြန်လည်လွတ်မြောက်လာပြီလို့ ထိုင်းသတင်းတွေအရ သိရပါတယ်။