တိုင်းရင်းသား လက်နက်ကိုင်တွေ လက်ထဲရောက်နေတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေ တရုတ်နဲ့ကုန်သွယ်မှု အရှိန်တိုးမြှင့်သွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

လက်လွှတ်ထားရတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေ ကုန်သွယ်ရေးတိုးမြှင့်နိုင်ဖို့ တရုတ်ရဲ့အကူအညီတွေ လိုအပ်တဲ့အကြောင်းလည်း စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။

တရုတ်နိုင်ငံ ကူမင်းမြို့ကို ရောက်ရှိနေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲ့ဝင်ဖြစ်တဲ့ ယူနန်ပြည်နယ်ပါတီကော်မတီ အတွင်းရေးမှူး Mr. Wang Ning နဲ့ တွေ့ဆုံစဉ် အခုလို ပြောကြားလိုက်တာပါ။

နယ်စပ်ဒေသတည်ငြိမ်မှ ကုန်သွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်မှာဖြစ်ပြီး စီးပွားရေးအရ ကူးသန်းရောင်းဝယ်မှုတွေ ပိုပြီး အကောင်အထည်ဖော်နိုင်မယ်လို့ ယုံကြည်ကြောင်း မင်းအောင်လှိုင်က ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် နိုင်ငံတဝန်းက တရုတ်စီမံကိန်းတွေ ရပ်နားထားရချိန်မှာ အာဏာသိမ်း စစ်ခေါင်းဆောင်က စိုက်ပျိုးမွေးမြူရေး၊ ပြန်လည်ပြည့်ဖြိုးမြဲ သစ်တောထွက် သယံဇာတတွေကို အခြေခံတဲ့ စက်မှုလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ခဲ့ပါသေးတယ်။

ISP Myanmar ရဲ့ အစီရင်ခံစာအရ နိုင်ငံတ၀န်းက နယ်စပ်ကုန်သွယ်ရေးစခန်း ၁၆ ခုမှာ ၅ခုဟာ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာလူထု ဆန့်ကျင်နေတဲ့ စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကြောင့် ပဋိပက္ခနဲ့ တိုက်ခိုက်မှုတွေ ပိုတိုးလာမယ်လို့ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောဆို…

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ အောက်တိုဘာ ၂ ရက်က ကျင်းပတဲ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ တတိယကော်မတီအစည်းအဝေးက လူမှုဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲမှာ မြန်မာလူထု ဆန့်ကျင်နေတဲ့ စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကြောင့် ပဋိပက္ခနဲ့ တိုက်ခိုက်မှုတွေ ပိုတိုးလာမယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက သတိပေးပြောဆိုလိုက်ပါတယ်။
Read More

ရေးမြို့နှင့် မုဒုံမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်စခန်း ၅ ခုကို RMA တိုက်ခိုက်၍ အရာရှိ ၁ ဦးအပါ ထိခိုက်သေဆုံးသူ များရှိခဲ့

မွန်ပြည်နယ်၊ ရေးမြို့နယ်နဲ့ မုဒုံမြို့နယ်ထဲမှာ အကြမ်းဖက်စစ်တပ်ရဲ့ တပ်စခန်း ၅ ခုကို ရာမညမွန်တပ်တော် (RMA) က တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အရာရှိ ၁ ယောက် အပါအဝင် ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ သတင်းထုတ်ပြန် လာပါတယ်။ 
Read More

ဆေးရုံနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေတဲ့ လူ့ဘီလူးဝါဒသုံး စစ်ကောင်စီ

စစ်ကောင်စီက ဆေးရုံနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေမှုဟာ လူ့ဘီလူးဝါဒလုပ်ရပ်လို့ NUG ရဲ့ ကျန်းမာရေးဝန်းကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
Read More

မြန်မာ့သမိုင်းမှာ အာဏာသိမ်းမှု ဆိုးကျော့သံသရာကိုသာ ဖော်ဆောင်တဲ့ စစ်တပ်ကို ပြည်သူတွေ အယုံမလွယ်ဖို့ NUCC နဲ့ NUG တိုက်တွန်းသတိပေး

စစ်ကောင်စီက ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုဟာ PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေကြားမှာ သပ်လျှိုသွေးခွဲတဲ့ လုပ်ရပ်သာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ(NUCC) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က ပူးတွဲအသိပေးကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။
Read More

စလင်းမှာ စျေးသည်တွေဆီက ဆက်ကြေးကောက်ငွေညှစ်သည့် ဒုရဲအုပ်အမျိုးသမီး ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စျေးသည်တွေဆီက ဆက်ကြေးကောက်ငွေညှစ်နေတဲ့ ဒုရဲအုပ် လဲ့လဲ့စိုးပစ်ခတ်ရှင်းလင်းခံရပြီး နေရာမှာတင် သေဆုံးသွားကြောင်း သိရပါတယ်။
Read More

ထားဝယ်မှာ ကင်းလှည့်နေတဲ့ စစ်သားတွေကို တိုက်ခိုက်၊ စစ်သား ၅ ယောက် သေပြီး ၂ ယောက် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၅ ယောက် သေဆုံးခဲ့ပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။