ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ () ထိန်းချုပ်နယ်မြေမှာ အောက်တိုဘာလအတွင်း တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်သား ၂၉ ယောက် သေဆုံးခဲ့ကြောင်း KNU က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေတစ်လအတွင်းဖြစ်ပွါးခဲ့တဲ့တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး

KNU မူတြော်ခရိုင်က နိုဝင်ဘာ ၄ ရက်နေ့မှာ ထုတ်ပြန်လိုက်တာပါ။

ထိခိုက်ဒဏ်ရာရသူတွေထဲမှာ စစ်ကောင်စီတပ်ရဲ့ တပ်ရင်းမှူးတစ်ယောက်နဲ့ ဒုတပ်ရင်းမှူးတစ်ယောက်တို့ပါဝင်ပြီး KNLA ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီရဲ့ စစ်စခန်းတစ်ခုကိုလည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အောက်တိုဘာလအတွင်း KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပေါင်း ၁၃၆ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၂၉ ယောက်သေဆုံးကာ အယောက် ၃ဝ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်းဆိုပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ ၁၀ယောက်ထက်မနည်း ထိခိုက်သေဆုံးမှုတွေရှိခဲ့ပြီး နေအိမ်နဲ့ စာသင်ကျောင်းတချို့လည်းပျက်စီးခဲ့ကြောင်း ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

မြိုင်မှာ စစ်ကောင်စီတပ်ကို တစ်ရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်၊ ၄ ယောက်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်ကို တစ်ရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်ရာ ၄ ယောက်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင် ပကဖ) က သတင်းထုတ်ပြန်ပါတယ်။
Read More

အမှတ် (၁)စစ်ဒေသ၊ ပခုက္ကူခရိုင်အမှတ် (၁၉) တပ်ရင်းရဲ့ မွမ်းမံသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနား (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁) စစ်ဒေသ ၊ ပခုက္ကူခရိုင် P1-4019 တပ်ရင်းရဲ့ မွမ်းမံသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာလ (၉) ရက် မနေ့က တပ်ခွဲ(၁)၊ (၂) နဲ့ (၃)တို့ စုပေါင်းကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူလူထုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ ပူးပေါင်းပြီး စုပေါင်းမဟာဘုံကထိန်ပြုလုပ်ခဲ့တဲ့ ပုံရိပ်များ… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ ထိန်းချုပ်နယ်မြေတွေမှာ ပြည်သူလူထုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ ပူးပေါင်းပြီး စုပေါင်းမဟာဘုံကထိန်ပြုလုပ်ခဲ့တဲ့ ပုံရိပ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

သံဖြူဇရပ်-ရေးလမ်းမှာ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက် ၂ ဦး သေဆုံးဟု ဆို

မွန်ပြည်နယ်၊ သံဖြူဇရပ်-ရေး ပြည်ထောင်စုအမှတ်(၈)လမ်းမမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၂ယောက် သေဆုံးပြီး ၅ယောက် ဒဏ်ရာရခဲ့တယ်လို့ Ramonya Column က သတင်းထုတ်ပြန်ထားပါတယ်။
Read More

နောင်ချိုမြို့မစျေးအတွင်း စစ်ကောင်စီတပ်က ဒီနေ့မနက် လေယာဥ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ရာ တစ်ယောက် ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ဟယ Y-12 လေယာဥ်နဲ့ နောင်ချို့မြို့အတွင်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နောင်ချိုမြို့ ညစျေးတန်း၊ မြို့မစျေးနဲ့ စျေးရပ်ကွက် နယ်မြေ(၄) တို့မှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

တောင်ငူ၊ ပဒဲကျေးရွာမှာ တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို ဝေဟင်ကရော မြေပြင်ကပါ တိုက်ခိုက်၊ ၁၀ ဦးသေပြီး ၇ ဦးထက်မနည်း ဒဏ်ရာရ…

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ပဒဲကျေးရွာအတွင်း စစ်​ကြောင်းထိုးဝင်ရောက်တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာ၊ အနီးကပ်ပစ်ခတ်တာတွေအပြင် မိုင်းဆွဲတိုက်ခိုက်တာတွေ လုပ်​ဆောင်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ယောက်သေဆုံးပြီး ၇ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။