မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေနဲ့ လက်ရှိအခင်းအကျင်းကို ဖော်ပြနေတဲ့ Myanmar’s Divided Reality ဓာတ်ပုံ ကမ်ပိန်းကို Transgender ‌မော်ဒယ်ဖြစ်သူ D Moon Thakariz ကဖန်တီးခဲ့ပါတယ်။

ဒီဓာတ်ပုံတွေဟာ မြန်မာပြည်သူတွေသာမက နိုင်ငံတကာကပါ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေကို သိရှိနိုင်ဖို့ ရည်ရွယ်တယ်လို့ ဓာတ်ပုံဖန်တီးသူ D Moon Thakariz ကပြောပါတယ်။

(ဓာတ်ပုံ D Moon Thakariz’s Facebook)
(ဓာတ်ပုံ D Moon Thakariz’s Facebook)

တော်လှန်ရေး ရေချိန်ပြန်မြင့်တက်လာအောင်ရယ်.. တော်လှန်ရေးဘက်ကို ပြည်သူတွေ ပြန်ပြီး စိတ်ဝင်စားလာအောင် ကျနော်တို့ ရည်ရွယ်ပါတယ်။လို့ D Moon Thakariz ကမောင်းကိုပြောပါတယ်။

D Moon Thakariz ဟာ Bangkok Pride မှာလည်းလေယာဉ်ဆီကိစ္စတွေကိုနိုင်ငံတကာကလူတွေသိလာ‌၊မြင်လာအောင်ထုတ်ဖော်ပြောဆိုခဲ့သေးတယ်လို့ဆိုပါတယ်။

(ဓာတ်ပုံ D Moon Thakariz’s Facebook)
(ဓာတ်ပုံ D Moon Thakariz’s Facebook)

D Moon Thakariz က “Miss တစ်ယောက်ဖြစ်လာပြီဆိုပြီး လိုက်နာရမယ့် စဉ်းမျဉ်း၊ စည်းကမ်းတွေ ရှိပါတယ်။ နိုင်ငံကိုယ်စားပြု miss တွေက ကိုယ့်နိုင်ငံရဲ့ အခင်းအကျင်းကို ချပြဖို့အတွက် တာဝန်အများကြီးရှိပါတယ်။ မြန်မာနိုင်ငံဂုဏ်ဆောင်ထားတဲ့ miss တွေကို သိစေချင်ပါတယ်။ ဒီလိုအရာတွေက ချပြရမယ့်အရာတွေ ဆိုတာကို။လို့ ဆိုပါတယ်။

(ဓာတ်ပုံ D Moon Thakariz’s Facebook)

ဓာတ်ပုံတစ်ပုံချင်းစီမှာ ပြည်သူတွေကို သိစေချင်တဲ့ သတင်းစကားတွေ ထည့်ထားပြီး အဓိကကတော့ မြန်မာနိုင်ငံဟာ ခရီးလမ်းကြမ်းကြီးကို လျှောက်နေရဆဲဆိုတာ အမှတ်ရကြဖို့၊ နိုင်ငံကိုယ်စားပြု အလှမယ်တွေ ချပြနေတဲ့အတိုင်း မြန်မာနိုင်ငံက သာယာနေတာ မဟုတ်ဘဲ ပြည်သူတွေ ရက်ရက်စက်စက် သတ်ဖြတ်ခံရမှုတွေ ရှိနေတယ်ဆိုတာ သတိချပ်ကြဖို့ လှုံ့ဆော်ပေးနေတာပဲ ဖြစ်ပါတယ်။

(ဓာတ်ပုံ D Moon Thakariz’s Facebook)
0 Shares:
You May Also Like
Read More

မန္တလေးက မြို့နယ် ၇ ခုမှာ ၂ပတ်အတွင်း စစ်မှုထမ်းဥပဒေနဲ့ လူငယ် ၁၂၅ ယောက်ထက်မနည်း ဖမ်းဆီးခံရ

မန္တလေးတိုင်းက မြို့နယ် ၇ ခုမှာ ဒီဇင်ဘာ ၁ ရက်ကနေ ၁၅ ရက်အထိ ၂ ပတ်တာကာလအတွင်း မြေပြင်သတင်းရင်းမြစ်တွေကို အခြေပြုချက်အရ စစ်မှုထမ်းဥပဒေနဲ့ မတရားဖမ်းဆီးခံထားရသူ လူငယ် ၁၂၅ ယောက်အထိ ရှိတယ်လို့ မန္တလေးသပိတ် အင်အားစုက ထုတ်ပြန်ထားပါတယ်။
Read More

ပေါ်တာဆွဲကာ ကပစ ၁၄ ပို့ခံထားရသည့် စစ်ကော်မရှင်တပ်သား ၄ ဦး အလင်းဝင်

အကြမ်းဖက် စစ်ကော်မရှင်တပ် ပေါ်တာဆွဲ ဖမ်းဆီးထားသည့် စစ်မှုထမ်းတပ်သား ၄ယောက် မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းထံ အလင်းဝင်လာကြောင်း အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

စေတုတ္ထရာတွင် စစ်ကြောင်း ၂ ခု ညှပ်ထိုးသည့် စစ်ကောင်စီကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ခုခံတိုက်ခိုက်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စေတုတ္ထရာမြို့နယ်မှာ လက်နက်ကြီးတွေပစ်ခတ်ရင်း စစ်ကြောင်းညှပ်ထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ခုခံတိုက်ခိုက်ခဲ့တယ်လို့ စေတုတ္ထရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဗမာ့တပ်တော်၏ အခြေခံစစ်ပညာသင်တန်း ဖွင့်ပွဲအခမ်းအနား (ဓာတ်ပုံသတင်း)

ဗမာ့တပ်တော် (Bamar Army) ဟာ အမှတ်(၁) စစ်ဦးစီးကွပ်ကဲရေးဒေသမှာ အခြေခံစစ်ပညာ သင်တန်းအမှတ်စဉ် (၃/၂၀၂၅)၊ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခဲ့တယ်လို့ ဗမာ့တပ်တော်က ဒီနေ့မှာ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ သတင်းထုတ်ပြန်ထားပါတယ်။
Read More

PDF တွေကို ​ကြိမ်းဝါးဆဲဆိုခဲ့တဲ့ မြွေဟောက် ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ PDF တပ်ဖွဲ့ဝင်တွေကို စိန်ခေါ်ဆဲဆို​နေတဲ့ စစ်တပ်လော်ဘီ ဇော်ဝင်း (ခ) မြွေဟောက်ဆိုသူ ​မြို့နယ်လျှပ်စစ်ရုံးရှေ့မှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရပါတယ်။
Read More

စစ်ကြောင်းထိုးလို့ ဘေးလွတ်ရာ ထွက်ပြေးနေကြရတဲ့ ကျေးရွာတွေထဲက အိုမကျေးရွာကို စစ်တပ် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း ဆားလင်းကြီးမြို့နယ်ထဲက ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးလာတာကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးနေကြရတဲ့ ရွာတွေထဲက အိုမကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးသွားကြောင်း စစ်ရှောင်အရေး ကူညီနေသူတွေထံက သိရပါတယ်။