ရှမ်းပြည်နယ်၊ တအာင်းပြည် တပ်မဟာ () နယ်မြေ၊ နောင်ချိုမြို့ကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ် အများအပြား ပျက်စီးရှုံးဆုံးနေတယ်လို့ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က သတင်းထုတ်ပြန်လာပါတယ်။

မနေ့ကနိုဝင်ဘာလ၄ရက်၊မနက်အစောပိုင်းမှာ၁ကြိမ်၊ညနေပိုင်းမှာ၂ကြိမ်စစ်ကောင်စီကဂျက်ဖိုက်တာတွေနဲ့လာရောက်ဗုံးကြဲတိုက်ခိုက်တာကြောင့်နောင်ချိုမြို့အနောက်ခြမ်းကဒေသခံနေအိမ်အများအပြားပျက်စီးခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် နိုဝင်ဘာလ ၄ ရက်နေ့ တစ်ရက်တည်းမှာပဲ ဘန့်ဘွေးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက ဒရုန်းနဲ့ ဗုံးအလုံး (၂၀) ကျော် လာရောက်ကြဲချတာကြောင့် ဆမ္မဆယ်ရွာက နေအိမ် () ပျက်စီးခဲ့ရပြီး နိုဝင်ဘာလ ၃ရက်နေ့ကလည်း အဆိုပါ စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့်  ဆမ္မဆယ်ရွာက နေအိမ် () လုံးပျက်စီးခဲ့သေးတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ ရက်နေ့မှာလည်း ဘူတာရပ်ကွက် () ကုတ္တီပင် ဘုန်းကြီးကျောင်းအနီးမှာ စစ်ကောင်စီက ပေါင် (၅၀၀) ဗုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံနေအိမ် () လုံး ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

(ဓာတ်ပုံ The Ta’ang Post)

0 Shares:
You May Also Like
Read More

KNU မြိတ်-ထားဝယ်ခရိုင်တွင် အကြမ်းဖက် စစ်သား ၅ ဦး လက်နက်နှင့် အလင်းဝင်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၊ လယ်ဒိုစိုးမြို့နယ်အတွင်းမှာ အာဏာသိမ်းစစ်တပ် တပ်သား (၅) ဦးဟာ လက်နက်ခဲယမ်းအပြည့်အစုံနဲ့  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဆီဘက်ပြောင်း ခိုလှုံလာခဲ့တယ်လို့ KNU မြိတ်ခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

နမ့်ဆန်မြို့နယ်တွင် စစ်အုပ်စု ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၆ လုံး ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ကယားကြီးကျေးရွာမှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူငယ်အမျိုးသား (၁) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဟင်္သာတမြို့ စက်မှုအထက်တန်းကျောင်းက ဆရာဆရာမတချို့ PDF ထောက်ပံ့တယ်ဆိုပြီး စစ်တပ် ဖမ်းဆီး

ဧရာဝတီတိုင်း ဟင်္သာတမြို့ စက်မှုအထက်တန်းကျောင်းက ကျောင်းဆရာ ဦးကြည်ဝင်း အပါအဝင် ဆရာဆရာမတချို့ကို PDF တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အကြမ်းဖက်စစ်တပ်က ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More

မန္တလေးတိုင်းနှင့် ပဲခူးတိုင်း ငလျင်ဒဏ်သင့်ဒေသများကို လူ့အခွင့်အရေးရာတာဝန်ခံအပါအဝင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေ

မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းက ငလျင်ဒဏ်သင့်ဒေသတွေကို လူ့အခွင့်အရေးရာတာဝန်ခံအပါအဝင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်စုကို KIO က ဆွေးနွေးဖို့ ကမ်းလှမ်းတာ မရှိကြောင်း ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်ပြောကြား၊ စစ်တပ်မှ အွန်လိုင်းမှာ တွေ့ဖို့ ကမ်းလှမ်းမှုကို မြစ်ကြီးနားမှာ တွေ့ဆုံဖို့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ပေးနိုင်ကြောင်းသာ အကြောင်းပြန်

စစ်အုပ်စုကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA)က တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းတာမရှိသလို စစ်တပ်မှ အွန်လိုင်းက တွေ့ဆုံလိုကြောင်း ကမ်းလှမ်းလာခဲ့တာကိုလည်း မြစ်ကြီးနားမှာ တွေ့ဆုံဖို့ ကိုယ်စားလှယ်အဖွဲ့ လွှတ်ပေးနိုင်ကြောင်းသာ တုံ့ပြန်ခဲ့တာဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) မှ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် က သူရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
Read More

ဒီးမော့ဆိုမြို့ ရှေ့တန်းတစ်နေရာတွင် KNPDP တပ်ရင်းအမှတ်(၃) မှ ၂၃ နှစ်အရွယ် ရဲဘော်ဂျေရုန်း ကျဆုံး

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့ ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ Karenni National Peace and Development Party (KNPDP) တပ်ရင်းအမှတ် ၃ က ရဲဘော်ဂျေရုန်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။