စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ မုံရွာမန္တလေးလမ်းပိုင်းပေါ် လမ်းကင်းယူဖို့ထွက်လာတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး  အရာရှိ ၁ ယောက်အပါအဝင် ၄ ယောက် ထိခိုက်သွားကြောင်း Brave Heart Army (BHA) အဖွဲ့ထံက သိရပါတယ်။

နိုဝင်ဘာ ၃ရက် မနက်အစောပိုင်းက ချောင်းဦးမြို့နယ်၊ မြပုလဲဂိတ်စခန်းကနေ ဂျန်မာကားတွေနဲ့ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို မုံရွေးတိုးဂိတ်အရောက်မှာ M18 မိုင်း၃လုံး ပွိုင့် ၂ခုနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Brave Heart Army (BHA) အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ဗိုလ်အဆင့်ရှိသူ ၁ယောက် အပါအဝင် ၄ယောက်ထိခိုက်ဒဏ်ရာရပြီး အဲ့ဒီထိခိုက်သူတွေကို အရပ်သားကားတွေ ချောဆွဲပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ထဲ ပြန်လည်သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီး ၆၀ မမ ၂ လုံးအပါအဝင် လက်နက်ငယ်တွေနဲ့ တော်လှန်ရေးအဖွဲ့တွေရှိရာကို ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် အထိအခိုက်မရှိခဲ့ဘူးလို့ BHA အဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုကို BRAVE HEART ARMY (BHA) နဲ့အတူ MYAUNG REVOLUTION ARMY (MRA) နဲ့ CHINDWIN FIGHTER GROUP (CFG) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

မုံရွာ-မန္တလေးလမ်းပေါ် မုံရွေးတိုးဂိတ်ထဲ မိုင်းပေါက်ကွဲနေပုံနဲ့ စစ်ကောင်စီ ဆီဘောက်ဆာယာဥ်တန်းကို ပစ်ခတ်တိုက်ခိုက်နေစဥ် (ဓာတ်ပုံ Brave Heart Army (BHA) ၏ ရုပ်သံမှတ်တမ်းမှ)

ဒါ့အပြင် စစ်ကိုင်းမြို့ဘက်ကနေ  ထွက်လာတဲ့ စစ်ကောင်စီ ဆီဘောက်ဆာယာဥ်တန်းကိုလည်း မအူနဲ့ မြေနဲ လမ်းပိုင်းကြားတစ်နေရာမှာ  တော်လှန်ရေးအဖွဲ့ တွေက အသင့်စောင်ဆိုင်းပြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၄ရက်၊ မနေ့ကညနေပိုင်းမှာ မုံရွာမြို့ကိုမောင်းနှင်လာတဲ့ စစ်ကောင်စီရဲ့ ဆီဘောက်ကားတွေနဲ့ လုံခြုံရေးယူ သံပြားကာကားတွေကို ယင်းမာပင်ခရိုင် အမှတ် () တပ်ရင်းရဲ့ Idiots Column အဖွဲ့နဲ့အတူ North Western People Defence Force – N.W.P.D.F (အနောက်မြောက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်)၊ ဘာမထီတော်လှန်ရေးတပ်ဖွဲ့နဲ့ The Birghtness စတဲ့အဖွဲ့တွေက အသင့်စောင့်ဆိုင်းပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲ့နေ့ စစ်ကိုင်းကနေ မုံရွာကို လာတဲ့ ဆီဘောက်ဆာက အစီး ၄၀၊  တွဲကား ၄ စီးနဲ့ သံပြားကာ ကားက ၅စီးရှိပါတယ်။ အနီးကပ်ပစ်ရတာဆိုတော့ ကျနော်တို့အတွက် မလွယ်ခဲ့ပါဘူး။ အဲ့ကားတန်းထဲက ၃စီးလောက်ကိုပဲ အမိအရ ပစ်နေတုန်း ကင်းပုန်းတွေလာတာနဲ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ကြပါသေးတယ်။ အထိအခိုက်ကတော့ လက်တလော အတည်မပြုနိုင်သေးပါဘူး။  ဒီလမ်းပိုင်းက ဝမ်ပေါင်ကိုသွားတာရော မုံရွာမြို့ထဲကိုဝင်တာရောဆိုတော့ ကင်းပုန်းတအားများပါတယ်။လို့ Idiots Column အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

မုံရွာ-မန္တလေးလမ်းပေါ် မုံရွေးတိုးဂိတ်ထဲ မိုင်းပေါက်ကွဲနေပုံနဲ့ စစ်ကောင်စီ ဆီဘောက်ဆာယာဥ်တန်းကို ပစ်ခတ်တိုက်ခိုက်နေစဥ် (ဓာတ်ပုံ Brave Heart Army (BHA) ၏ ရုပ်သံမှတ်တမ်းမှ)

မုံရိုင်ခရိုင်ထဲမှာ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ စစ်ကောင်စီကို မနားတမ်း တော်လှန်တိုက်ခိုက်နေတာကြောင့် ပြည်သူတွေ ကူညီထောက်ပံ့ပေးကြဖို့လည်း Idiots Column တာဝန်ရှိသူက ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

လက်နက်ခဲယမ်း မလုံလောက်မှုကြောင့် လက်ဆယ်ရဲစခန်းကို လက်လွှတ်လိုက်ရ၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃ ဦး သေ၊ တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံး

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ လက်ဆည်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။
Read More

စစ်ကောင်စီအတွက် လောင်စာဆီတွေ ထောက်ပံ့နေတဲ့ Interra Resources ကုမ္ပဏီကို စင်ကာပူစတော့အိတ်ချိန်း (SGX) ရပ်ဆိုင်း

စစ်ကောင်စီကို လောင်စာဆီတွေ ထုတ်လုပ်ထောက်ပံ့ပေးခဲ့တဲ့ စင်ကာပူအခြေစိုက် ကုမ္ပဏီ Interra Resources ကို စင်ကာပူစတော့အိတ်ချိန်း (SGX) က ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။ 
Read More

DKBA ကျားဖြန့်ရုံကို KNLA ပူးပေါင်းတပ်များ ဝင်ရောက်စီးနင်း၊ လက်နက်များစွာ သိမ်းဆည်းရမိ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မင်းလက်ပံကျေးရွာက တရုတ်ကျားဖြန့်ရုံကို KNLA ပူးပေါင်းတပ်တွေ ဝင်ရောက်စီးနင်းရာ DKBA တပ်ဖွဲ့ဝင်တချို့နဲ့ လက်နက်များစွာကို သိမ်းဆည်းရမိခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးကို ပြန်တိုက်မည့် အလင်းဝင် တပ်သားများ သင်တန်းဆင်းပွဲ

အကြမ်းဖက် စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ဆင်ရေးကို ပြန်လည်တိုက်ခိုက်မယ့်၊ စစ်ကောင်စီထံကနေ အလင်းဝင်လာတဲ့ တပ်သားတွေကို ကျားသစ်နက်စစ်ကြောင်းက ဦးစီးပြီး အထူးတိုင်း ဗျူဟာအမှတ် ၃၂ အောင်ဇေယျ အပတ်စဥ် သင်တန်းဆင်းပွဲ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီ၏ စစ်သင်္ဘောများ ဗန်းမော်မြို့ကို ရောက်ရှိ

“မနေ့ညပိုင်းမှာ သင်္ဘောတချို့ ဗန်းမော်မြို့ကို ရောက်လာပြီ။ သင်္ဘောတွေ မြလည်နား ရောက်တော့ တိုက်ပွဲဖြစ်တယ်။ စကစဘက်က တစီးထိသွားတယ်” လို့ မြေပြင်သတင်းရင်းမြစ်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ယောဒေသမှာ တိုက်ပွဲဝင်နေသည့် ရှေ့တန်းရောက် ယောကာကွယ်ရေးတပ် (YDF) ရဲဘော်များ (ဓာတ်ပုံသတင်း)

ယောဒေသ ရှေ့တန်းတစ်နေရာမှာ လက်ရှိတိုက်ပွဲဝင်နေတဲ့ ယောကာကွယ်ရေးတပ် - YDF က ရှေ့တန်းရောက် ရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို YDF က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။