အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်ဟာ နိုင်ငံတော်အဆင့်မဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က ပြောပါတယ်။

ဒေါ်ဇင်မာအောင်က ဒီနေ့ အောက်တိုဘာလ ၅ ရက်နေ့မှာ ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့ရဲ့ပူးတွဲသတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မင်းအောင်လှိုင်ရဲ့ ခရီးစဉ်က တရုတ်နဲ့ မြန်မာပြည်ကြား ဆက်ဆံရေးကို အဖုတ်အထစ်ဖြစ်စေတာကြောင့် NUG အနေနဲ့တရုတ်နိုင်ငံခြားရေးဝန်ကြီးဆီကိုလိပ်မူပြီးပြန်လည်စဉ်းစားသုံးသပ်ဖို့မေတ္တာရပ်ခံစာပေးပို့ခဲ့ပြီးအခုလိုဖိတ်ကြားခြင်းဟာစစ်ကောင်စီကိုအသိမှတ်ပြုသကဲ့သို့မဖြစ်စေဖို့တရုတ်နိုင်ငံထံတရားဝင်အကြောင်းကြားခဲ့တယ်လို့သိရပါတယ်။

အဲဒီနောက်မင်းအောင်လှိုင်ရဲ့ခရီးစဉ်ဟာနိုင်ငံတော်အဆင့်ခရီးစဉ်မဟုတ်ဘူးလို့သတင်းစကားပြန်လည်ရရှိခဲ့တယ်လို့ဒေါ်ဇင်မာအောင်ကထည့်သွင်းပြောဆိုခဲ့ပါတယ်။

ကျမတို့ သဘောထားက အင်မတန်မှ ရှင်းလင်းပါတယ်။ ကျမတို့ နောက်ပိုင်းသိရသလောက် ဒါသည် State Visit မ ဟုတ်ဘူး။ ခုနပြောတဲ့ ပြည်နယ်တစ်ခုမှာပဲ လုပ်တဲ့ Regional Forum တစ်ခုကို တက်ရောက်တာသာ ဖြစ်တယ်ဆိုပြီးတော့လည်း ကျမတို့ သတင်းစကား ပြန်လည်ရရှိခဲ့တာ ရှိပါတယ်။လို့ NUG နိုင်ငံခြားဝန်ကြီးဒေါ်ဇင်မာအောင်ကသတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။

မင်းအောင်လှိုင်ဟာ သူ့ရဲ့ တရုတ်ခရီးစဉ်အတွက် ဒီနေ့ မနက်အစောပိုင်းမှာ နေပြည်တော်ကနေ ထွက်ခွါသွားခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ လက်ရှိ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ တရုတ်က စီးပွားရေးလုပ်ငန်းရှင်တွေကို မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြုပ်နှံဖို့ ဖိတ်ခေါ်နေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့ လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီးတွေကြောင့် ပေါက်မှာ နေအိမ် ၅လုံးပျက်စီးပြီး အရပ်သား၂ယောက်ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သရက်လေးပင်ရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကအပြင်၊ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကသောင်းကနင်းဖြစ်နေတဲ့ စစ်ကောင်စီ ကပစ ထုတ်နုတ်အင်အားတွေကို ရခိုင်ရိုးမ ပို့ပြီး အင်အားဖြည့်တင်းနေ

ရခိုင်ပြည်က တိုက်ပွဲတွေမှာ အရှုံးတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ ရခိုင်ရိုးမကို စစ်ကူတွေ ထပ်မံ စေလွှတ် ပို့ဆောင်နေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တချို့ထံက သိရပါတယ်။
Read More

လောင်းလုံမြို့နယ် မောင်းမကန်နယ်မြေရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်၊ စစ်ကော်မရှင်တပ်သား ၁၂ ဦး သေပြီး လက်နက်ခဲယမ်းများ ရရှိ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်လက်အောက်ခံ မောင်းမကန် နယ်မြေရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အထူးတိုင်းစစ်ဒေသက ထုတ်ပြန်လိုက်ပါတယ်။
Read More

ပွင့်ဖြူမှာ စစ်ရေး​အခြေအနေတင်းမာမှုတွေကြောင့် လမ်းပိုင်းများ အသုံးမပြုဖို့ ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်တွန်းအသိပေး…

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ စစ်ရေးအခြေအနေတင်းမာမှုတွေ ရှိနေတဲ့ လမ်းပိုင်းတစ်ချို့ကို အရပ်သားပြည်သူတွေ အသုံးမပြုကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက တိုက်တွန်းပါတယ်။
Read More

ကလေးမြို့နယ်မြောက်ပိုင်းရှိ ပြည်သူ့ ဆေးရုံကို အကြမ်းဖက်စစ်‌တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်…

ဩဂုတ်လ (၁၁)ရက်၊ ည (၈)နာရီ (၂၁)မိနစ်မှာ ကလေးမြို့နယ်မြောက်ပိုင်းရှိ "People's Healthcare Network (Kalay)" ရဲ့ "Station Hospital - Northern Kalaymyo (မြောက်ပိုင်းတိုက်နယ်ဆေးရုံ) - PHN (Kalay)"ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
Read More

ရေးမြို့နယ်တွင် စစ်တပ်အလိုကျ ပေါ်တာဆွဲမှုများ ထဲထဲဝင်ဝင် လုပ်နေသည့် ပြည်သူ့စစ် ၁ ဦးကို YGF ရှင်းလင်း 

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာမှာ ပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ ပြည်သူစစ် ၁ ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရေးပြောက်ကျားတပ်ရင်း (YGF) တာဝန်ရှိသူတွေထံက သိရပါတယ်။