ဆိုရှယ်မီဒီယာပေါ်မှာ စစ်တပ်ကို ဝေဖန်လို့ သုံးလအတွင်း အရပ်သားပြည်သူ ၁၄၀ကျော်ကို စစ်ကောင်စီက မတရား ဖမ်းဆီးထားတယ်လို့ Myanmar Internet Project ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဩဂုတ်လကနေ အောက်တိုဘာလအထိ သုံးလအတွင်း စစ်ကောင်စီကို ဝေဖန်မှုကြောင့် လူ ၁၄၀ ကျော်ဟာ မတရားတဲ့ပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။

ဩဂုတ်လမှာ ၅၇ ယောက်၊စက်တင်ဘာလမှာ ၅၈ ယောက်နဲ့ အောက်တိုဘာလမှာ ၂၈ ယောက် ဖမ်းဆီးခံရတာဖြစ်ကြောင်း  ဒီဂျစ်တယ်လွတ်လပ်ခွင့်ဆိုင်ရာလှုပ်ရှားမှုတွေ လုပ်နေတဲ့ Myanmar Internet Project ရဲ့ အစီရင်ခံစာက ဆိုပါတယ်။

အထူးသဖြင့် ဖမ်းဆီးခံရသူတွေဟာ စစ်တပ်ကို ဆန့်ကျင်တဲ့အကြောင်းတွေရေးသားခြင်း၊ စစ်တပ်ကို ဆန့်ကျင်တဲ့အကြောင်းအရာတွေ မျှဝေခြင်းနဲ့ သတင်းမီဒီယာတချို့ရဲ့ အောက်မှာ မှတ်ချက်ရေးသားသူတွေ ပါ၀င်တယ်လို့သိရပါတယ်။

သုံးလတာအတွင်း ဖမ်းဆီးခံရသူတွေထဲမှာ ထင်ရှားသူတွေအဖြစ် အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့သမက်ဖြစ်သူ ကို စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်ခဲ့ခြင်း ဖြစ်ပါတယ်။

ထူးခြားမှုအနေနဲ့ အခုလတွေအတွင်း စစ်ကောင်စီဟာ Facebook အပြင် လူသုံးများတဲ့ TikTok  လူမှုကွန်ရက်စာမျက်နာကို ပစ်မှတ်ထားလာပြီး ဖမ်းဆီးခံရသူတွေလည်း ရှိနေတယ်လို့သိရပါတယ်။

ဖမ်းဆီးခံရမှု ဖြစ်ရပ်တွေထဲမှာ မန္တလေးတိုင်းထဲက အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးက ပဲခူးတိုင်း ဖြစ်တယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ပေါက်ခေါင်းမှာ စစ်ကောင်စီအတွက် ပေါ်တာဆွဲပေးနေသူကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ကင်မွန်းခြုံအုပ်စု၊ နတ္တလင်းကျေးရွာမှာ နေထိုင်တဲ့ ခင်စိုး ဆိုသူဟာ စစ်ကောင်စီအတွက် ပေါ်တာဆွဲပေးနေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ၃၆၀၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

နိုင်ငံတစ်ဝန်း စစ်မျက်နှာ များပြားလွန်းတာကြောင့် အာဏာသိမ်းစစ်တပ် စစ်လက်နက်များကို အလျဉ်မီအောင် ထုတ်လုပ်နေရ

အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတစ်ဝန်း ဖြန့်ကျက်ပြီး တိုက်ပွဲတွေ ဆက်တိုက်ဆင်နွှဲနေရတာကြောင့် လက်နက်ခဲယမ်းတွေကို အလျဉ်မီအောင် ထုတ်လုပ်နေရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောဆိုကြပါတယ်။
Read More

ဒုံရင်းမြို့နယ်မှာ KNU ရဲ့ မြို့နယ်အမြဲတမ်းကော်မတီဝင် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့

ကရင်ပြည်နယ်၊ ဖားအံခရိုင် ၊ ဒုံရင်းမြို့နယ်၊ ဒူရိန်ကျေးရွာမှာ စက်တင်ဘာလ ၁၉ ရက်ကနေ ၂၃ ရက် အထိ KNU ရဲ့ ဒုံရင်းမြို့နယ်အမြဲတမ်းကော်မတီဝင် အလုပ်ရုံံဆွေးနွေးပွဲကို (၅)ရက်တာကျင်းပပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

တညောင်တိုက်နယ်ရဲစခန်းကို စလင်းပကဖ သိမ်းပိုက်မီးရှို့၊  ရဲ ၈ ဦး သေပြီး  ၂ ဦးကို လက်နက်များနှင့်အတူ အရှင်ဖမ်းမိ

မကွေးတိုင်း၊ စလင်းမြို့နယ်က တညောင်တိုက်နယ်ရဲစခန်းကို ဒီနေ့ (ဇူလိုင် ၃၀) မနက်အစောပိုင်းမှာ စလင်းပကဖတပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ကာ စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကန့်ဘလူမြို့နယ်မှာ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို မြို့နယ်ပအဖ မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ခရိုင်၊ မြို့နယ် ရေးရာ တာဝန်ခံတွေနဲ့ အသိသက်သေတွေရှေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်တပ်ပေါ်တာဆွဲစဉ် ထွက်ပြေးသည့် အမျိုးသား ၁ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ ရုပ်အလောင်းကို ချက်ချင်းမကောက်ရဲတာကြောင့် ၃ရက်ကြာမှ သင်္ဂြိုဟ်ရ

ပဲခူးတိုင်း ၊ အုတ်ဖိုမြို့နယ်မှာ ပေါ်တာဆွဲမှုကို ထွက်ပြေးတဲ့ အမျိုးသားတစ်ယောက်ကို စစ်ကော်မရှင်တပ်သားတွေက လိုက်လံပစ်ခတ်တဲ့အတွက် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အောက်တိုဘာ ၁၂ ရက် နေ့လယ် ၂ နာရီလောက်မှာ ရေဒါကျေးရွာက ကိုအောင်နိုင်စိုးဟာ စစ်ကော်မရှင်တပ်သားတွေ ပေါ်တာဆွဲဖမ်းဆီးတဲ့အတွက် ကြောက်လန့်ပြီးထွက်ပြေးစဉ် မအူတန်းရွာ နဲ့ ကြို့ကိုးပင်ရွာကြားရှိ ဆည်မြောင်းပေါ်မှာ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဆိုပါတယ်။