ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်အရုံး – KNU တပ်မဟာ ၅ နယ်မြေ ၊ ဖာပွန်မြို့နယ်၊ ခေါပုတ်စခန်းသိမ်းတိုက်ပွဲကနေ စစ်သုံ့ပန်း ၁၇ ယောက်ဖမ်းမိပြီး ဒဏ်ရာရသူတွေကို ဆေးကုသပေးနေတယ်လို့ KNU-Mutraw News က ထုတ်ပြန်ထားပါတယ်။

(ဓာတ်ပုံ KNU-Mutraw News)
(ဓာတ်ပုံ KNU-Mutraw News)

ဖာပွန်မြို့နယ်၊ ခေါပုတ်စခန်းကို KNLA တပ်မဟာ၅နဲ့ပူးပေါင်းတပ်တွေကအောက်တိုဘာလကုန်ပိုင်းမှာအပြီးသတ်တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ထွက်ပြေးလွတ်မြောက်သွားတဲ့စစ်ကောင်စီတပ်သားတွေကိုပိုက်စိပ်တိုက်လိုက်လံရှင်းလင်းချိန်စစ်သုံ့ပန်း၁၇ယောက်ကိုလက်နက်တွေနဲ့အတူအရှင်လက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။

(ဓာတ်ပုံ KNU-Mutraw News)
(ဓာတ်ပုံ KNU-Mutraw News)

အရှင်လက်ရဖမ်းဆီးနိုင်သူတွေထဲမှာ ခမရ ၃၄၀ က တပ်ခွဲမှူး တစ်ယောက်၊ ခမရ ၃၄၁ က တပ်ခွဲမှူး တစ်ယောက်၊ ခလရ ၁၉ က တပ်ခွဲမှူး တစ်ယောက်နဲ့ ခမရ ၃၄၀ က ဆေးတပ်မှူးတစ်ယောက် ပါဝင်ပြီး အဲ့ဒီထဲက ဒဏ်ရာရသူတွေကို POW(Prisoner of War) စစ်သုံ့ပန်းလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကောင်းမွန်စွာ ဆေးကုသပေးထားတယ်လို့ KNU Mutraw News က ထုတ်ပြန်ထားပါတယ်။

(ဓာတ်ပုံ KNU-Mutraw News)
0 Shares:
You May Also Like
Read More

တောင်ငူ-သံတောင်လမ်းပိုင်းမှာ စစ်သားတွေတိုက်ခိုက်ခံရပြီး ၃ ယောက် သေ၊ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ လောင်းရှည်တိုက်နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ၂ရက်တာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၃ ယောက် သေကာ ၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဂန့်ဂေါခရိုင် အမှတ် (၃) တပ်ရင်း People Defense Force - Saw ထံက သိရပါတယ်။
Read More

စစ်ကိုင်းတွင် စစ်အုပ်စု အင်အားအလုံးအရင်းနှင့် စစ်ကြောင်းထိုး​ ဝင်ရောက်နေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးဝင်ရောက်နေမှုကြောင့် ​အရပ်သားတွေစိုးရိမ်တကြီး တိမ်းရှောင်နေရကြောင်း စစ်ရေးသတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။
Read More

မိုင်းလုံမြို့နယ် မန်ဟုန်းကျေးရွာကို စစ်တပ် လေကြောင်းတိုက်ခိုက်လို့ ကလေး ၃ ဦးအပါ ၁၃ ဦး သေဆုံးခဲ့

တအာင်းတပ်မတော် TNLA ထိန်းချုပ်ရာ မိုင်းလုံမြို့နယ်ကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ၇ ရက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ပျက်စီးသွားတဲ့ မြင်ကွင်းတွေကို TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စလင်းမှာ အထိနာထားသည့် စစ်ကောင်စီစစ်ကြောင်းကြောင့် ကျေးရွာ​တွေက လူတစ်ထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ စလင်းမြို့နယ်​မြောက်ဘက်အခြမ်းမှာ အကြမ်းဖက်စစ်ကြောင်း ဝင်​ရောက်နေတဲ့အတွက် ရွာပေါင်း ၇ ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
Read More

ဖယ်ခုံမြို့ကို အရပ်သားတွေ ပြန်ဝင်လာဖို့ အကြမ်းဖက်စစ်တပ်က ခြိမ်းခြောက်ခေါ်ဆောင်တာတွေ ဆက်တိုက်လုပ်ဆောင်နေ…

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းနဲ့ ကရင်နီအစပ်က ဖယ်ခုံမြို့နယ်မှာ စစ်ဘေးရှောင် အရပ်သားတွေ မြို့ထဲ ပြန်ဝင်လာဖို့ စစ်ကောင်စီက ခြိမ်းခြောက်ခေါ်ဆိုနေတယ်လို့ သိရပါတယ်။
Read More

ရေးမြို့နယ်မြောက်ပိုင်းတွင် စစ်တပ်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်သား ၁ ဦး သေပြီး ၂ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) ထံက သိရပါတယ်။