မကွေးတိုင်း၊ ရေစကြိုမြို့မှာ နယ်မြေစိုးမိုးမှု ဘယ်လောက်မှမရှိတော့တဲ့ စစ်အုပ်စုရဲ့ လက်ပါးစေတွေဟာ အရပ်သားတွေဆီက နည်းလမ်းမျိုးစုံနဲ့ အခွန်ငွေတွေ မတရားကောက်ခံနေကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီက မောင်းကို ပြောပါတယ်။

ရေစကြိုမြို့ပေါ်က ဆန်ဆိုင်၊ ဆေးဆိုင်နဲ့ ဖုန်းဆိုင်တွေမချန် လုပ်ငန်းရှင်တွေကို စစ်ကောင်စီခန့် မြို့နယ်အုပ်ချုပ်ရေးမှူးဆိုသူတွေက လုပ်ပိုင်ခွင့်မရှိဘဲနဲ့ အတင်းအဓမ္မ ဖိအားပေးအခွန်ကောက်ခံနေတယ်လို့ ဆိုပါတယ်။

ဒေသခံတွေရဲ့အဆိုအရ မြို့နယ် အုပ်ချုပ်ရေးမှူး သိန်းဝင်းဆိုသူ​​​​ကရေစကြိုမြို့ပေါ်လုပ်ငန်းရှင်တွေဆီကနေသက်ဆိုင်ရာလုပ်ငန်းအလိုက်၃သိန်းကနေ၁၀သိန်းအထိတောင်းခံနေကြောင်းနဲ့သူ့နေရာကိုယာယီအစားထိုးလုပ်ကိုင်ခဲ့တဲ့ပျူစောထီးနိုင်မင်းထွန်းဆိုသူကလည်းအလားတူတောင်းယူသွားခဲ့ကြောင်းသိရပါတယ်။

မြို့ပေါ်ရပ်ကွက် ၈ ခုရှိတာမှာ ၄ခုတောင် သိန်းဝင်းတို့ ကောင်းကောင်းမအုပ်ချုပ်နိုင်ပါဘူး၊ နယ်ဆိုလည်း ကျေးရွာအုပ်စု ၈၁ ခု ရှိတာ၊ ၄ အုပ်စုလောက်ပဲ ပျူတွေ အုပ်ချုပ်နေတာပါ။ ဒါကို သိန်းဝင်းက ဆေးကုစရိတ်အနေနဲ့ အခုလို တောင်းတာပါ။ အခွန်ရုံးက မကောက်ရဲတော့ စစ်တပ်လက်ပါးစေ၊ ပျူတွေနဲ့ အုပ်ချုပ်ရေးမှူးတွေက လုပ်စားတာပေါ့။ တချို့လုပ်ငန်းရှင်တွေဆို သိန်းဝင်း ခွင့်ယူနေတုန်း ယာယီဝင်လုပ်တဲ့ ပျူနိုင်မင်းထွန်းကိုပေးထားတာ အခုသိန်းဝင်းကိုပါ ထပ်ပေးနေရတယ်။ အခုဆိုရေစကြိုမှာ ဖုန်းလိုင်းတွေ အင်တာနက်လိုင်းတွေ မကောင်းတာလည်းကြာပြီလို့ ရေစကြိုသတင်းအချက်အလက် ကော်မတီ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒါ့အပြင် ဆန်ကုန်သည်တွေအနေနဲ့ ဆန်သယ်ယူခွင့်လက်မှတ်ကို အိတ်အရေအတွက်အပေါ် မူတည်ပြီး ၅သောင်းကနေ ၁သိန်းကြား ပေးဆောင်ရကြောင်းနဲ့ တခြား ဆေးဆိုင်နဲ့ ဖုန်းဆိုင်တွေကိုလည်း ဂိတ်ဖြတ်ခအပါအဝင် သီးခြားအခွန်တောင်းခံတာတွေ ရှိတယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ရေစကြိုမြို့ပေါ်မှာ ကုန်စျေးနှုန်းတွေ ကြီးမြင့်ကာ အလုပ်အကိုင်တွေ ရှားပါးလာသလို စစ်အုပ်စုလက်အောက်ခံ ပျူစောထီးတွေရဲ့ ခိုးဆိုးလုယက် သတ်ဖြတ်မှုတွေနဲ့ မတရားငွေညှစ်တောင်းခံတာတွေ ပိုမိုများပြားလာတယ်လို့လည်း ရေစကြိုသတင်းအချက်အလက် ကော်မတီက ပြောပါတယ်။

0 Shares:
You May Also Like
Read More

မောင်မယ်ရှောင်ကျေးရွာမှာ ဆက်ကြေးကောက်နေသည့် စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာမှာ ယာယီတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

KK Park တွင် KNU ပါဝင်ပတ်သက်နေသည်ဟု စစ်တပ်၏ စွပ်စွဲချက် KNU ပြတ်ပြတ်သားသား ငြင်းဆို

အာဏာသိမ်းစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK Park စီမံကိန်းမှာ KNU ပါဝင်ပတ်နေတယ်လို့ စွပ်စွဲခဲ့တဲ့အပေါ် ပြတ်ပြတ်သားသား ငြင်းဆိုကြောင်း KNU က ထုတ်ပြန်လိုက်ပါတယ်။
Read More

လေ​ကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်စွန့်ခွါရတော့မယ်ဆိုရင် ဘာတွေလုပ်သင့်လဲ

လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ကြုံလာရရင် အရေးပေါ်လုပ်ဆောင်ရမယ့်အချက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

နဂါးဖြူစစ်ကြောင်းမှ တပ်သားတစ်ဦး ပေါက်ကိုယ်တော် ပျူအဖွဲ့ဆီကို ထွက်ပြေးပူးပေါင်းသွားလို့ ၄င်းနှင့် အဆက်အသွယ်ရှိသူများ သိစေလိုဟု ဆို

တောင်ပိုင်းတိုင်း အမှတ် ၃ စစ်ဒေသ၊ နဂါးဖြူစစ်ကြောင်းက ရဲဘော် အောင်ဇင်ဟိန်း (ခ) အောင်ပု ဆိုသူဟာ တော်လှန်ရေးကို သစ္စာဖောက်ကာ စစ်ကောင်စီလက်အောက်ခံ ပေါက်ကိုယ်တော် ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ထံ ရောက်ရှိသွားတယ်လို့ သိရပါတယ်။ 
Read More

မုံရွာ-မန္တလေးလမ်းပိုင်းတွင် မိုင်းရှာရန်ထွက်လာသည့် စစ်သားများ မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ မိုင်းရှာ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Chindwin Fighter Group – CFG တပ်ဖွဲ့ထံက သိရပါတယ်။
Read More

အင်အားကြီးနိုင်ငံတစ်ခုတည်းအပေါ် မမှီခိုဘဲ မိတ်ဖက်များများ ထားရမည်ဟု မင်းအောင်လှိုင် ဆိုပြန်

အင်အားကြီး စူပါပါဝါ နိုင်ငံတစ်ခုတည်းအပေါ် မှီခိုမှုကို လျှော့ချဖို့ လိုအပ်ပြီး မိတ်ဖက်နိုင်ငံများများ ထားရှိရမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။