ပဲခူးတိုင်းအခြေစိုက် ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အင်အားစုဖွဲ့ရေးနဲ့ လေ့ကျင့်ရေးတာဝန်ခံ၊ စခန်းမှူးဖြစ်သူ ရဲဘော် ထူးကိုလွင် () ဗထူးဟာ လက်နက်ကြီး ထိမှန်ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ရဲဘော် ထူးကိုလွင် () ဗထူးဟာ နိုဝင်ဘာ ၁ ရက်က KNU/KNLA တပ်မဟာ ၁ နယ်မြေကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ကျဆုံးရဲဘော်ဗထူးရဲ့ ခန္ဓာကိုယ်ကို ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီ အဆင့်ဆင့်နေရာရွှေ့ကာ ပြန်လည်သယ်ဆောင်ပြီးနောက် နိုဝင်ဘာ ၂ ရက်မှာ မီးသဂြိုဟ်ခဲ့တယ်လို့ ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

(ဓာတ်ပုံ Kawa Information)
(ဓာတ်ပုံ Kawa Information)
(ဓာတ်ပုံ Kawa Information)
(ဓာတ်ပုံ Kawa Information)
(ဓာတ်ပုံ Kawa Information)
0 Shares:
You May Also Like
Read More

သရက်ခရိုင် PDF တပ်ရင်း (၄)မှ ပြည်သူလူထုနှင့် တွေ့ဆုံပြီး ကျေးရွာချင်းဆက်လမ်းများ ပြုပြင်ပေးနေ…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် တပ်ရင်း အမှတ် (၄) က စိုးမိုးနယ်မြေအတွင်းရှိ ကျေးရွာတွေမှာ လူထုတွေ့ဆုံပွဲနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

လင်းဇင်းတိုက်နယ်ရဲစခန်းကို တိုက်ခိုက်မှု စစ်အုပ်စု အများအပြား ထိခိုက်သေဆုံးပြီး လေကြောင်းပစ်ကူကြောင့် တော်လှန်ရေးတပ်များ ပြန်ဆုတ်ခဲ့ရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်က လင်းဇင်းတိုက်နယ်ရဲစခန်းကို သွားရောက်တိုက်ခိုက်မှုမှာ ရဲစခန်းဘိုတဲကုန်းအထိ ရရှိထားပြီး ဘန်ကာ ၁လုံးပဲ သိမ်းပိုက်ဖို့ ကျန်ရှိချိန် စစ်အုပ်စုလေကြောင်းပစ်ကူကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ မင်းဘူးခရိုင် အမှတ်(၅) တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ဧရာဝတီတိုင်း မြို့နယ် သုံးခုတွင် စစ်အုပ်စု၏ လေကြောင်းနှင့် လက်နက်ကြီးကြောင့် တစ်နှစ်အတွင်း အရပ်သား ၆၉ ဦး သေဆုံး

အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှု တွေကြောင့်ဧရာဝတီတိုင်းထဲကမြို့နယ်သုံးခုမှာ ၂၀၂၅ ခုနှစ်အတွင်း အရပ်သား ၆၉ ယောက် သေဆုံးပြီး နေအိမ်ပေါင်း ၁၆၀ ကျော်ထိခိုက်ပျက်စီးခဲ့တယ်လို့ ဧရာဝတီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ကထုတ်ပြန်ပါတယ်။
Read More

လက်နက်ကိုင်တပ်ဖွဲ့အားလုံး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ စီမံအုပ်ချုပ်မှုအောက် အပြည့်အဝရှိစေရေး အပါ မဟာဗျူဟာဦးတည်ချက် (၆) ချက် ထားရှိကြောင်း NUG ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အနေနဲ့ မဟာဗျူဟာဦးတည်ချက် (၆) ချက် ထားရှိပြီး မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးကို အကောင်အထည်ဖော်သွားမယ်လို့ NUG အစိုးရ လေးနှစ်ပြည့် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Read More

ခန္တီးမြို့တွင် စစ်ကောင်စီတပ်သား ၁ ဦး လက်နက်မဲ့ အလင်းဝင်လာ…

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

မိတ္ထီလာမှာ သားအမိ ၂ ယောက် နေအိမ်အတွင်း အသတ်ခံရ၊ ကျူးလွန်သူ ၃ ဦးမှာ အသက် ၂၀ ဝန်းကျင်ဖြစ်ပြီး ရပ်ကွက်က ဝိုင်းဝန်းဖမ်းဆီး

မန္တလေးတိုင်းက အကြမ်းဖက်စစ်တပ်စိုးမိုးထားတဲ့ မိတ္ထီလာမြို့ပေါ်က နေအိမ်တစ်အိမ်မှာ သားအမိနှစ်ယောက် သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။