တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာမှာ ထပ်မံအင်အားဖြည့်တင်းကာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက် သေပြီး ၁ ယောက် ဒဏ်ရာရရှိသွားတယ်လို့  ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

မနေ့ကနိုဝင်ဘာလ၃ရက်မနက်အစောပိုင်းမှာမောင်မယ်ရှောင်ကျေးရွာကဟားလီးကွေ့မှာအင်အားထပ်မံဖြည့်တင်းပြီးတပ်စွဲနေတဲ့စစ်ကောင်စီတပ်သားတွေကိုတော်လှန်ရေးအင်အားစုတွေကစနိုက်ပါနဲ့သွားရောက်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

(ဓာတ်ပုံ YePhyu People Defence Force – YPPDF ၏ ရုပ်သံမှတ်တမ်းမှ)

ပြီးခဲ့တဲ့အောက်တိုဘာလ၂၉ရက်နေ့၊မနက်အစောပိုင်းမှာလည်းမောင်မယ်ရှောင်ကျေးရွာထဲလနဲ့ချီပြီးတပ်စွဲနေတဲ့စစ်သားအင်အား၃၀နဲ့အထက်ကိုတော်လှန်ရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။

အဲဒီတိုက်ခိုက်မှုမှာတော့ စစ်သား ၁၅ ယောက်သေပြီး အများအပြား ဒဏ်ရာရရှိသွားကာ တိုက်ပွဲအတွင်း MA3 သေနတ် ၂လက်၊ 5.56 ကျည် အတောင့် ၄၀၀၊ ကျည်ဘောက်  ()ခု၊ ဦးထုပ် () လုံး၊ လက်ပစ်ဗုံး ()လုံး၊ လက်ကိုင်ဖုန်း ()လုံး၊ အီကွေ့မန့်ခါးပတ် ()ခု၊ စစ်သုံးပုခတ် ()ခု၊ ကင်မရာ ()လုံး၊ ဟင်းကော () လုံးတို့ကို သိမ်းဆည်းရရှိခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ဖာပွန်ခရိုင်မှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် လသားအရွယ်ကလေး(၁) ဦးအပါ ကလေး (၂) ဦးသေဆုံး၊ ပြည်သူ(၃) ဦးနှင့် နေအိမ် (၃) လုံး ထိခိုက်ပျက်စီး

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လသားအရွယ်ကလေး(၁) ယောက်အပါအဝင် ကလေးငယ် (၂) ယောက် သေဆုံးပြီး ပြည်သူ(၃) ယောက် ဒဏ်ရာရကာ နေအိမ် (၃) လုံး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မုံရွာ-မန္တလေး လမ်းပိုင်းရှိ စစ်တပ်စခန်းမှ ဒုတပ်ကြပ် ၁ ဦး သေနတ် ၁ လက်နှင့်အတူ အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ မုံရွာ- မန္တလေး လမ်းပိုင်းမှာ တာဝန်ကျနေတဲ့ အကြမ်းဖက်စစ်ကောင်စီစခန်းမှ ဒုတပ်ကြပ် ၁ ယောက် သေနတ် ၁ လက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ Urban Hunter Force - UHF က ထုတ်ပြန်ထားပါတယ်။
Read More

မြန်မာ့အရေး ၀င်ရောက်စွက်ဖက်နေတဲ့ တရုတ်ကို မြောက်ကယ်ရိုလိုင်းနားမှာ မြန်မာတွေ ဆန္ဒပြ

အမေရိကန်ပြည်ထောင်စု၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ ချာပယ်ဟေးမြို့ရောက် မြန်မာတက်ကြွလှုပ်ရှားသူတွေက မြန်မာ့အရေးမှာ ဝင်ရောက်စွက်ဖက်နေတဲ့ တရုတ်အစိုးရကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။
Read More

စစ်ကောင်စီက ရေဘေးအကြောင်းပြပြီး စစ်လက်နက်ပစ္စည်းတွေ ပြည်ပကနေ ဝယ်ယူအားဖြည့်နေ

“ရေဘေးဖြစ်နေတဲ့အချိန်မှာ နေဲပြည်တော်ကို ရုရှားကနေ ကုန်တင်လေယာဉ်နှစ်စင်းရောက်လာတယ် ကုန်တင်လေယာဉ်တွေက အကြီးကြီးတွေဖြစ်တဲ့အတွက် Mi-17 လိုတိုက်ခိုက်ရေးလေယာဉ်တွေတောင်တင်လို့ရတယ်လို့ “CDM ပြုလုပ်ထားသူ တပ်ကြပ်ကြီး Breaking Brainwashed အစီအစဉ်မှာ ထည့်သွင်းပြောကြားသွားခဲ့တာပါ။
Read More

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ဘုရင့်နောင် တိုက်ခိုက်ရေးကျောင်းအား တစ်နေ့တည်း ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်

ပဲခူးတိုင်း၊ တောင်ငူအခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) နဲ့ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်က အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်ရေးသင်တန်းကျောင်း (ဘုရင့်နောင်) တို့ကို တစ်ရက်တည်းမှာပဲ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း Brave Warriors For Myanmar (BWM) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။