ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ပျဉ်ပုံ ပျုရွာက စစ်တပ်သတင်းပေးဖြစ်သူ ပျူစောထီး ချစ်ပိုဆိုသူကို တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးစစ်ဆေးစဉ်မှာ ထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ သာယာဝတီခရိုင် အမှတ် () တပ်ရင်းထံက သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ ရက်၊ ညနေပိုင်းမှာ အဲဒီပျူစောထီးဖြစ်သူကို သာယာဝတီခရိုင် အမှတ် () တပ်ရင်းကရဲဘော်တွေသွားရောက်ဖမ်းဆီးပြီးနောက်စစ်ဆေးမေးမြန်ဖို့ခေါ်ဆောင်လာချိန်မှာထွက်ပြေးတာကြောင့်ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့သိရပါတယ်။

ထုတ်ပြန်ကြေညာချက်

ပျူစောထီး ချစ်ပိုဆိုသူဟာ ၃၈၀၁ တပ်ရင်းရဲ့ ထိန်းချုပ်နယ်မြေထဲမှာ နေထိုင်နေတာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေရဲ့ လှုပ်ရှားမှုတွေကို စစ်တပ်ထံ သတင်းပေးပို့နေတာကြောင့် သွားရောက်ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးရဲဘော်တွေအနေနဲ့ စစ်သား၊ ရဲ၊ ပျူစောထီးနဲ့ စစ်ကောင်စီ ထောက်တိုင်မှန်သမျှကို အခွင့်အခါသင့်သလို တိုက်ခိုက်သွားမှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတက်ဖွဲ့တွေအနီး သွားလာခြင်းမပြုကြဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။

0 Shares:
You May Also Like
Read More

သထုံခရိုင် PDF တပ်မဟာ လက်အောက်ခံ YARMA BRIGADE တပ်ဖွဲ့က တပ်သားသစ်များခေါ်ယူနေ

သထုံခရိုင် PDF တပ်မဟာ (၁)၊ တပ်ရင်း ၇၈၀၅ မှ တော်လှန်ရေးအတွက် ရဲဘော်အသစ်များကို ခေါ်ယူလျက်ရှိကြောင်း မောင်းကို အသိပေး ပြောဆိုပါတယ်။
Read More

မြန်မာစစ်ရှောင် ၄ သောင်းကျော်ကို အလုပ်လုပ်ခွင့်ပြုသည့်အတွက် ထိုင်းဘုရင်နှင့် ထိုင်းအစိုးရထံ NUG ဝန်ကြီး ဒေါ်ဇင်မာအောင် ကျေးဇူးတင်လွှာပေးပို့

ထိုင်း-မြန်မာနယ်စပ်ရှိ ယာယီခိုလှုံရေးစခန်းတွေမှာ နေထိုင်တဲ့ မြန်မာစစ်ဘေးရှောင် ပြည်သူ ၄ သောင်းကျော်ကို တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပေးဖို့ ခွင့်ပြုခဲ့တဲ့ကိစ္စအတွက် ထိုင်းဘုရင်မင်းမြတ်နဲ့ ထိုင်းနိုင်ငံအစိုးရထံ ကျေးဇူးတင်လွှာပေးပို့ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ညောင်ဦးတွင် အကြမ်းဖက်စစ်ကြောင်း၂ခုက ကျေးရွာများကို လိုက်လံမီးရှို့ဖျက်ဆီးနေ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ကွန်မန်ဒို အကြမ်းဖက် စစ်ကြောင်းအပါအဝင် စစ်ကြောင်း ၂ခုက ကျေးရွာတွေကို အကြောင်းမဲ့ ဝင်ရောက်မီးရှို့ဖျက်ဆီးနေကြောင်း ရန်ကြီးအောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-(ပုဂံ-ညောင်ဦး) ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကြားက ကော့ကရိတ်မြို့နယ် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန၏ ကော်သူးလေ အစိုးရစစ် စာမေးပွဲ ဖြေဆိုပြီးစီး

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကြားက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာနရဲ့ ကော်သူးလေ အစိုးရ ပညာသင်ကျောင်းမှာ ကော်သူးလေ အစိုးရစစ် စာမေးပွဲ ဖြေဆိုပြီးစီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မန္တလေးမြို့ ရွှေဘုန်းရှိန်ဗလီမှာ ဝတ်ပြုနေချိန် ငလျင်လှုပ်လို့ ပြိုကျပြီး လူအသေအပျောက်များ

မန္တလေးတိုင်း၊ ရွှေဘုန်းရှိန်ဗလီမှာ အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြုနေချိန် ငလျင်လှုပ်ခတ်ကာ ပြိုကျပျက်စီးခဲ့မှုကြောင့် လူအသေအပျောက်များတယ်လို့ သိရပါတယ်။
Read More

အသံတိတ် မြဝတီ (ဓာတ်ပုံသတင်း)

ဒီနေ့မှာ မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်အာဏာရှင်ကို အလိုမရှိကြောင်း အသံတိတ်သပိတ် ဆင်နွှဲနေကြသလို မြဝတီမြို့မှာလည်း လူသူရှင်းလင်းနေပါတယ်။ ပုံမှန်ဆိုရင် လူစည်ကားနေတဲ့ နေရာတွေမှာပါ ရှင်းလင်းနေကြောင်း ဒေသခံတွေက ဓာတ်ပုံတွေနဲ့တကွ လူမှုကွန်ရက်မှာ တင်ထားပါတယ်။